Subscribe to our RSS Feed

ကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ကွက်များအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်

From : 7day


ကမ်းလွန်၊ သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ကွက်အသစ်များနှင့်ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်သော မြန်မာအပ်စထရင်း (Myanmar Up Streams)အစည်းအဝေးသို့ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်ပေါင်း ၂၀၀ ကျော် တက်ရောက်သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံသည့် ပြည်တွင်း ပြည်ပကုမ္ပဏီပေါင်း ၈၀ မှ တာဝန်ရှိသူများ
လာရောက်ခဲ့ကြခြင်း ဖြစ်သည်။ လာရောက်သော နိုင်ငံများမှာ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ အမေရိကန်၊
ရုရှား၊ ဗြိတိန်၊ ဥရောပနိုင်ငံများနှင့် သြစတြေးလျစသော နိုင်ငံများမှ ကုမ္ပဏီများ ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်သည့် အဆိုပါ အစည်းအဝေးကို မတ် ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည် ဖြစ်သည်။
အစည်းအဝေးပွဲတွင် ရင်းနှီးမြှုပ်နှံရာ၌ ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများနှင့် မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့
ထွက်ရှိနိုင်ရန် မည်မျှအလာအလားရှိသည့် အခြေအနေများကိုပြည်ပမှ အကြံပေး ကုမ္ပဏီများနှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ အသေးစိတ် ဟောပြောမည် ဖြစ်သည်။

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်