From : Myit Makha Mediagroup on 28 Feb, 2013
www.MyanmarExpress.net
မြန်မာနိုင်ငံတွင်
နှစ်ပေါင်း(၂၀)ကျော်ကြာမှ ပြန်လည်ရွေးချယ်လာသည့် လူရည်ချွန်ရွေးချယ်မှုအား
ယခုနှစ်မှစ၍ နှစ်စဉ်နှစ်တိုင်း ရွေးချယ်သွားမည်ဖြစ်ကြောင်း
စမ်းချောင်းမြို့နယ် ပညာရေးမှူးက ဆိုသည်။
လူရည်ချွန်ရွေးချယ်မှုကို ၁၉၈၀ခုနှစ်မှစ၍ မရွေးချယ်တော့ပဲ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ သာ ပြန်လည်ရွေးချယ်ခြင်းဖြစ်သည်။
မြန်မာလူငယ်များအကြား
ထူးချွန်ထက်မြက်သည့် စံပြကျောင်းသားများဖြစ်စေရန် ရည်ရွယ်၍
လူရည်ချွန်ရွေးချယ် ရခြင်းဖြစ်ကြောင်း ကျောင်းသားဟောင်းများထံက သိရသည်။
လူရည်ချွန်ရွေးချယ်ခြင်းကို
တစ်နှစ်လျှင်တစ်ကြိမ် ရွေးချယ်မည်ဖြစ်ပြီး ထိုသို့ရွေးချယ်ရာ၌
အထက်တန်းအဆင့် တွင် သင်ယူနေသည့်သူများမှ စာပေ ၊ အားကစားနှင့် အထွေထွေ
ထူးချွန်သူများကို ရွေးချယ်မည်ဖြစ်ကြောင်း စမ်းချောင်းမြို့နယ် ပညာရေးမှူးက
ဆက်လက်ပြောသည်။
“
ဘယ်လိုစည်းမျဉ်းစည်းကမ်းနဲ့ ရွေးချယ်တယ်ဆိုတဲ့ သတ်မှတ်ချက်တော့ မသိဘူး ၊
ဒါပေမယ့် ရွေးချယ်လိုက် တဲ့ သူတွေကတော့ စာပေ ၊ အားကစားနဲ့
အထွေထွေထူးချွန်သူတွေဖြစ်ရမှာပေါ့” ဟု စမ်းချောင်းမြို့နယ် ပညာရေးမှူးက ပြောသည်။
လူရည်ချွန်ရွေးချယ်ခြင်း
မခံရမီ အင်္ဂလိပ်စာ နှင့် အားကစား(၆)မျိုးခန့်ကို ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း
၊ ရွေးချယ်ရာ တွင် ခရိုင်တစ်ခုလျှင် အတန်းတစ်တန်းမှ (၆)ဦးရွေးချယ်ကြောင်း
သိရှိရသည်။
“ကျောင်းက
ဘက်စုံထူးချွန်တဲ့ ကျောင်းသားကို ရွေးချယ်ဖြေခိုင်းတာပါ။အင်္ဂလိပ်စာ
အထွေထွေနဲ့ အားကစား ပြိုင်ရတယ်။ အားကစား ၆ မျိုး ပါပါတယ် ခရိုင်တစ်ခုမှာ
တစ်တန်းကို ၆ ယောက် ယောက်ျားလေး ၃ ဦး၊မိန်းကလေး ၃ ဦး လေ့လာရေး ခရီးသွားရ
တယ်” ဟု စမ်းချောင်းမြို့နယ် ပညာရေးမှူးက ပြောသည်။
၁၉၈၀ခုနှစ်
ဝန်းကျင်တွင် ပညာရည်ချွန်ရွေးချယ်ခြင်းခံရစေရန်အတွက် မြန်မာစာ ၊
အထွေထွေဗဟုသုတနှင့် အားကစားနည်းများကို ပြိုင်ရကြောင်း အဆိုပါခုနှစ်တွင်
ရွေးချယ်ခြင်းခံခဲ့ရသူတစ်ဦးထံမှ သိရှိရသည်။
“ကျွန်တော်တို့လို
အရွေးချယ်ခံရတဲ့ သူတွေကို ရန်ကုန်မှာ အရင်စုပြီး လမ်းစဉ်လူငယ်
ကြက်ခြေနီလူငယ် ရပ်ဝေး အခြေစိုက်လူငယ် အဖွဲ့တွေနဲ့ပေါင်းပြီး
နှီးနှောဖလှယ်ပွဲ လုပ်ပေးတယ် ဝတ်စုံတွေ ထုတ်ပေးပြီး ရန်ကုန်မြို့တွင်း
စက်ရုံတွေမှာ လေ့လာရတယ် ပြီးမှ
သက်ဆိုင်ရာအခြေဆိုက် စခန်းဖြစ်တဲ့ အင်းလေးတို့ ငပလီ တို့ကို သွားရတယ်"ဟု
၁၉၈၀ခုနှစ်ဝန်းကျင်တွင် လူရည်ချွန်ရွေးချယ်ခြင်းခံခဲ့ရသူတစ်ဦးက ပြောသည်။
၂၀၁၂-၂၀၁၃ခုနှစ်အတွက် လူရည်ချွန်ရွေးချယ်မှုနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၂၇ရက်နေ့ ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
1 comments:
Some researchers said that students who were chosen as LUYECHON during U Nay Win's time became useless n dull,not fit for surrounding as they grew old.They faced so much troubles in society.They can't think why.Now authorities revitalize Luyechon again.We haven't heard such kind of choice in international schools.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်