From : Myit Makha Mediagroup
www.MyanmarExpress.net
နိုင်ငံလုံးဆိုင်ရာ
အန်အယ်ဒီ ညီလာခံကျင်းပဖို့ ၃ ရက်အလိုမှာပဲ ဗဟိုညီလာခံ ကိုယ်စားလှယ် ၎
ဦးကို ရပ်ဆိုင်းလိုက်တဲ့ သတင်းကို ကြားရပါတယ်။
ဗဟိုညီလာခံကိုယ်စားလှယ်(၄)ဦးအား ညီလာခံကိုယ်စားလှယ်အဖြစ်ကနေ ရပ်စဲလိုက်ကြောင်း ဒီချုပ်ပါတီ ဗဟို ညီလာခံကျင်းပရေးကော်မရှင်က သတင်းထုတ်ပြန်ခဲ့တာပါ။
ရပ်စဲခံလိုက်ရတဲ့
့ ဗဟိုညီလာခံကိုယ်စားလှယ်တွေက လသာမှ ဦးခင်မောင်ဝင်း၊ အင်းစိန်မြို့နယ်က
ဦးခင်မောင်ရှိန် ၊ ရွှေပြည်သာမြို့နယ်က ဦးသန့်စင်နဲ့ စစ်ကိုင်တိုင်း
ကောလင်းမြို့က ဒေါ်မိမိကြီးတို့ဖြစ်ပြီး မတ်လ(၅)ရက်နေ့
ရပ်စဲခံလိုက်ရခြင်းဖြစ်ပါတယ်။
မတ်လ ၄ ရက်နေ့က နိုင်ငံလုံးဆိုင်ရာ ညီလာခံအတွက် ဗဟိုအလုပ်အမှု ဆောင်(၇)ဦးကို ဗဟိုညီလာခံ ကိုယ်စားလှယ် အဖြစ် သတ်မှတ်လိုက်တယ်ဆိုပြီး ညီလာခံကျင်းပရေး ဗဟိုကော်မရှင်က အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ထုတ်ပြန်ခဲ့ပါသေးတယ်။
ညီလာခံကျင်းပရေးဗဟိုကော်မရှင်၏
အစည်းအဝေးဆုံးဖြတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီး ဗဟိုညီလာခံ
ကိုယ်စားလှယ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်မေ၀င်းမြင့် ၊ မွန်ပြည်နယ် ဗဟို
ညီလာခံကိုယ်စားလှယ်အဖြစ် ဦးဥာဏ်ဝင်း ၊ စစ်ကိုင်းတိုင်းဒေသကြီး
ဗဟိုညီလာခံကိုယ်စားလှယ် အဖြစ် ဦးဟံသာမြင့် ၊ မန္တလေးတိုင်းဒေသကြီး
ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် ဦးအုန်းကြိုင် ၊ ဧရာဝတီတိုင်း ဒေသကြီး
ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် ဦးဝင်းမြင့် နှင့် ရှမ်းပြည်နယ်
ဗဟိုညီလာခံကိုယ်စားလှယ်အဖြစ် ဦးထွန်းထွန်းဟိန်တို့ကို
ရွေးချယ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
ညီလာခံမှာ
တိုင်းနှင့်ပြည်နယ်(၁၄)ခုမှ တက်ရောက်မဲ့ ဗဟိုညီလာခံကိုယ်စားလှယ်များတွေက
(၉၀၀)ဦးရေခန့်ရှိပါတယ်။ ဒီကိုယ်စားလှယ်တွေကနေ မတ်လ (၉)ရက်နေ့မှာ ကျင်းပမဲ့
နိုင်ငံလုံးဆိုင်ရာ ညီလာခံကို တက်ရောက်ကာ ဗဟိုကော်မတီ (CC) နဲ့
ဗဟိုအလုပ်မှုဆောင် ကော်မတီ (CEC) ဦးကို ရွေးချယ် ပေးမှာ ဖြစ်ပါတယ်။
ဒီညီလာခံကြီးဟာ
၁၉၈၈ ခုနှစ် ပါတီစတည်ထောင်တဲ့အချိန်ကနေ ဒီမိုကရေစီလမ်းကြောင်းတစ်လျှောက်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကျင်းပတဲ့
ပထမဦးဆုံးမြန်မာနိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာပဲ
ဗဟိုကော်မတီ ၄ဦးကို ဖွဲ့စည်းညီညွှတ်မှုကို ပျက်စီးစေရန် ပြုမှုပြောဆို
လှုပ်ရှားဆောင်ရွက်နေကြောင်း ခိုင်လုံသော သတင်းရရှိမှုကြောင့်
ရပ်စဲလိုက်တယ်လို့လည်း ကြားသိရပါတယ်။
ဒီမတိုင်ခင်ရက်တွေတုန်းကတော့
အန်အယ်ဒီပါတီရဲ့ ဗဟိုညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဗဟိုစီးအီးစီ ၇
ဦးကို ဖြုတ်ချမယ်၊ အန်အယ်ဒီ မူဝါဒပိုင်းကို ပြောင်းလဲပစ်မယ်ဆိုတဲ့
သတင်းတွေလည်း ဟိုတစ်စ ဒီတစ်စ ထွက်ပေါ်ခဲ့တာတွေ ကြားရပါသေးတယ်။
အဲဒီသတင်းတွေကြားရတော့
ထုံးစံအတိုင်း စိတ်မကောင်းဖြစ်မိပါတယ်။ အန်အယ်ဒီပါတီမှာ
ဒီမိုကရေစီနည်းလည်းကျကျ သွားချင်တဲ့ အဖွဲ့ဝင်တွေနဲ့
ကွန်မြူနစ်ဆန်ဆန်သွားချင်တဲ့ အဖွဲ့ဝင်တွေကြားမှာ ပြဿာနာတွေ ရှိနေခဲ့တာ
ကြာပါပြီ။
ပါတီထောင်ကာစ
အဦးပိုင်းမှာလည်း ကွယ်လွန်သူဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးက
ပါတီတွင်းမှာ ကွန်မြူနစ်တွေ လွှမ်းမိုးမှု ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့
နှုတ်ထွက်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က
ရှေ့ကနေ ဒီမိုကရေစီလမ်းကြောင်းကို သွားနေပေမဲ့ နောက်ကနေ ဒေါ်စုနောက်ကျောကို
ဓါးထိုးနေတာမျိုးလည်း ကြားရ တွေ့ရတာပါပဲ။
ဒေါ်အောင်ဆန်းစုကြည်ကို
ရောင်းစားကြတဲ့ သူတွေ မနည်းသလို၊ ဒေါ်စုပါတီဝင်ပြီး ဒေါ်စု နောက်ကျောကို
ဓါးထိုးကြတဲ့ သူတွေ မနည်းဘူးဆိုတာကိုလည်း စိတ်မကောင်းဖွယ်ရာ
တွေ့ရကြားရတာပါပဲ။
တကယ်တော့
ဒေါ်စုနဲ့လက်ရှိပါတီရဲ့ စီအီးစီတွေကို မကြိုက်ဘူးဆိုရင် သူတို့ကို
ဖြုတ်ချမယ်လို့တောင် စဉ်းစားစရာ မလိုဘူးလို့ မြင်ပါတယ်။ သူတို့နဲ့
မကြိုက်ရင် ပါတီက ထွက်ပြီး ၊ ကိုယ့်ဟာကိုလည်း ပါတီထောင်လို့ရရဲ့ သားနဲ့။
ကိုယ်ပိုင်အရည်အသွေးရှိတယ်၊ လူထုအားပေးထောက်ခံမှုလည်းရှိတယ်ဆိုရင်
ကိုယ်ပိုင်ပါတီထောင်ခြင်းက ပိုပြီး သိက္ခာရှိတယ်လို့ မြင်ပါတယ်။
ဟိုလူ့ကိုဖြုတ်ချဖို့ ဒီလူကိုဖြုတ်ချဖို့ လိုက်ပြီး စည်းရုံးနေခြင်းက ပါတီကိုပိုပြီး ထိခိုက်စေပါတယ်။
တကယ်တော့
ဒီချုပ်ပါတီပါ ၁၉၉၀ ခုနှစ်ေ၇ွးကောက်ပွဲမှာ တစ်နိုင်ငံလုံးအားဖြင့်
အနိုင်ရခဲ့ပေမဲ့ အဲဒီအချိန်က ရွေးကောက်ပွဲ ဥပဒေမှာ
တိတိကျကျပြဋ္ဌာန်းခြင်းမရှိခဲ့တဲ့အတွက် နိုင်ငံတော် အာဏာလွဲပြောင်းခြင်း
လက်မခံခဲ့ရတဲ့အပြင် ဥပဒေပြုစုရေး အာဏာကိုပဲ လက်လွှတ်ခဲ့ရပါသေးတယ်။
နှစ်
၂၀ အကြာမှာ ထပ်မံကျင်းပတဲ့ ၂၀၁၀ရွေးကောက်ပွဲမှာတော့ပါတီအနေနဲ့
ကန့်ကွက်ဆန္ဒပြခြင်း အားဖြင့် ရွေးကောက် ပွဲကို
ဝင်ရောက်မယှဉ်ပြိုင်ခဲ့ပါဘူး။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်း
ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွှတ်မြောက်လာပြီးနောက်
အစိုးရပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ၀င်နိုင်ရေးအတွက်
ရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြုပြင်ပြောင်းလဲပေးခဲ့တဲ့အတွက်
၂၀၁၂ မှာ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၄၃ နေရာ အနိုင်ရရှိခဲ့ပါတယ်။
ဒီလိုညီလာခံကြီးဖြစ်လာအောင်
နှစ်ပေါင်း၂၀ လောက် စောင့်ခဲ့ရတာလို့လည်း ပြောလို့ရပါတယ်။ အန်အယ်ဒီ
ပါတီဝင်တွေကို ဖမ်းဆီးထောင်ကျခြင်း နည်းလမ်းနဲ့ ခြေမှုန်းခံခဲ့ရတယ်၊
ပါတီဝင်တွေရဲ့ မိသားစုတွေ ထိခိုက်နစ်နာခဲ့၊ ပါတီဝင်တွေနဲ့
ပေါင်းသင်းဆက်ဆံဖို့တောင် ကြောက်ရွံ့ခဲ့တဲ့ သူတွေလည်း အများကြီး
ရှိခဲ့ပါတယ်၊ ပါတီကိုတောင်မှ ပိတ်သိမ်းခံခဲ့ကြရတာပါပဲ။ အဲဒီအနေအထားကနေ
ပါတီအဖွဲ့ဝင်တွေ ကြံ့ကြံ့ခံခဲ့ရာကနေ ပါတီသက်တမ်း ရှည်လာခဲ့တယ်လို့လည်း
ပြောလို့ရပါတယ်။
အစိုးရဖြိုခွဲလေလေ
လူထုထောက်ခံမှု အမြောက်အမြားရရှိထားလေလေ ဖြစ်ခဲ့တဲ့ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်က လာမည့်နှစ်နှစ်အတွင်းမှာ ကျင်းပမဲ့
အထွေထွေရွေးကောက်ပွဲကြီးမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အသင့်ပြင်ဆင်နေတဲ့ အနေအထားကို တွေ့မြင်လာရပါပြီ။
လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ
ပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတလောင်းအဖြစ်
ဝင်ရောက်ရွေးချယ် ခံပိုင်ခွင့် မရှိတာကို တွေ့ရပါတယ်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်
ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံသားကို လက်ထပ်ခဲ့ပြီး သားနှစ်ယောက်
စလုံးမှာလည်း နိုင်ငံခြားသားများဖြစ်နေတဲ့ အချက်ကလည်း ဒေါ်စု သမ္မတ
ရာထူးကိုလက်ခံဖို့အတွက် အဟန့်အတားဖြစ်စေခဲ့တာပါပဲ။
အဲဒီအခြေအနေကြောင့်
ဒေါ်စုအနေနဲ့ ပါတီအကြီးအကဲအနေနဲ့ဝင်ပြိုင်ဖို့ မသင့်ဘူးလို့
ပါတီတွင်းပြောဆိုသံတွေလည်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။
ဒီလိုအကြောင်းတရားတွေက အနာဂတ်ကာလ
တီထွင်ဆန်းသစ်မှုစိန်ခေါ်ချက်များနှင့် ရင်ဆိုင်နေရချိန်မှာ
ပါတီအနေနဲ့ပိုပြီး အင်အားကောင်းလာဖို့နဲ့ ပိုပြီး ကျစ်လစ်ခိုင်ဖို့က
အရေးကြီးလှတယ်လို့မြင်မိပါတယ်။
သာမန်ပြည်အနေနဲ့
ပြောရရင်တော့ ဒေါ်စုနဲ့ အန်အယ်ဒီပါတီ ပြိုကွဲသွားမှာကို လုံးဝ
မလိုလားပါဘူး။ တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်တဲ့
နိုင်ငံရေးပါတီဖြစ်ပါတယ်။
အန်အယ်ဒီပါတီအဖွဲ့ပိုပြီး
အားကောင်းအောင်ဆောင်ရွက်ဖို့အရေးကြီးနေချိန်မှာ ခုလိုမျိုး
ဖြိုခွဲရေးဆိုတဲ့ အသံတွေနဲ့ အပြုတ် ဖြုတ် ချမယ်ဆိုတာတွေက အဖွဲ့အင်အားကို
ပိုပြီး ချိနဲ့စေပါတယ်။ ယခင်အဆက်ဆက်က မညီညွှတ်လို့ ပြိုကွဲခဲ့တဲ့
အဖွဲ့တွေကို သင်ခန်းစာယူသင့်ပါပြီ။
ပြိုကွဲခဲ့တဲ့ အဖွဲ့တွေရဲ့ အမှားသင်ခန်းစာတွေ ယူမယ်ဆိုရင်တောင် ယူလို့ရနေပါပြီ။
6 comments:
ထိုင်နေအ ကောင်းသား ထသွားမှ အကျိုးမှန်း သိ
Bar pel phyit nay nay chin thay htet ther par dal.
ဒေါ်စုကတော့ ဒီတခါလူလည်ကျသွားပီ ဇေယျာသော်ကို
ဖြုတ်ချမှာစိုးလို့ ခွင့် ၃ လ ယူခိုင်းလိုက်တယ်။ဘာရောဂါမှ မရှိတာ အသိသာကြီး ။ ပြည်ပ ခရီးစဉ်တွေ ထွက်တုန်းက ဘာမှ မဖြစ်ဘူး ခုကျမှဘဲဖြစ်တယ်။
မြောက် ပြ ဆန် တောင်း နေ တာ ပေါ့။ မျောက် မ ကြီး အူ လည်၊ အူ လည် နဲ့။
ရူပ်နေတာပဲ NLD ပါတီကို အပြီးဖျက်သိမ်းလိုက် မင်းတို့ပါတီက ဆန်ကုန်မြေလေးပါတီ နိုင်ငံအတွက် အရူပ်ထုတ် အလကားပါတီ။
Good
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်