Subscribe to our RSS Feed

အသုံးလုံးလုံးမကျတဲ့ NLD ဗဟိုကော်မတီကို အာဏာသိမ်းဖို့ ကြံလေသလား ???

From : လွဏ်းဆွေ


 ယခုလ ၈၊၉၊၁၀ နေ့များတွင်ပြုလုပ်မည့် NLD ဗဟိုညီလာခံမတိုင်မီ NLD ပါတီဝင်အချို့လျှို့ဝှက်အစည်းအဝေး ၃ ကြိမ်ကို ၃ နေရာခွဲပြီးပြုလုပ်ခဲ့ကြသည်ဟုသိရပါသည်။

သူတို့၏ရည်ရွယ်ချက်မှာ ယခုဗဟိုညီလာခံ၌ အနိုင်ရရှိရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင်သူတို့အသာစီးရရေးတို့ဖြစ်ပြီး ၂၀၁၅ တွင်ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ်ရွေးချယ်
တင်မြှောက်ခြင်းခံရပါက ပါတီဥက္ကဌ အဖြစ်မှ ဖယ်ရှားရေး တို့ဖြစ်သည်ဟုသိရပါသည်။

ယခုပါတီတွင်း မသမာမှု၏နောက်ကွယ်တွင် NLD ပြည်သူ့လွှတ်တော်ကိုယ်စာူးလှယ် ဦးဖြိုးမင်းသိန်း တိုက်ရိုက်ပတ်သက်နေသည်ဟုလည်း သိရပါသည်။
ထိုလျှို့ဝှက်အစည်းအဝေးများကိုတက်ရောက်ခဲ့ကြသောသူများစာရင်းတွင်
စမ်းချောင်းမြို့နယ်မှ ဦးဘိုဘိုဦး၊သာကေတမြို့နယ်မှ ဦးကျော်ကျော်ထွေး၊
ကျောက်တံတားမြို့နယ်မှ ဒါရိုက်တာကြည်ဖြူသျှင်၊အင်းစိန်မြို့နယ်မှ ဦးခင်မောင်ရှိန်၊စစ်ကိုင်းတိုင်းမှ ဒေါ်မိမိကြီး၊ရွှေပြည်သာမြို့နယ်မှ ဦးသန့်ဇင်၊လမ်းမတော်မြို့နယ်မှဦးခင်မောင်ဝင်း တို့ပါဝင်သည်ဟုသိရပါသည်။

ယနေ့ ဒေါ်အောင်ဆန်းဆုကြည် မှ တိုက်ရိုက်ဖွဲ့စည်းစေလွှတ်လိုက်သော
စုံစမ်းစစ်ဆေးရေးကော်မီတီ ၏စစ်ဆေးတွေ့ရှိချက်များအရ ဦးခင်မောင်ရှိန်၊
ဒေါ်မိမိကြီး၊ဦးသန့်ဇင်၊ဦးခင်မောင်ဝင်း တို့ ၄ ဦး ကို ညီလာခံကိုယ်စားလှယ်
အဖြစ်မှရပ်စဲ လိုက်ကြောင်းသိရပါသည်။ ပါတီဝင်အဖြစ်မှ ရပ်စဲခြင်းပြု၊မပြုကို
မဆုံးဖြတ်ရသေးကြောင်းသိရပါသည်။

 

3 comments:

ဆက်ကြည့်လိုက်အုံးမယ် ပွဲကို..အခုမှစတာ..အဟိ

NLD ဘာလဲ... NLD ဘယ်လဲ

ဒီ nld က ပုဂ္ဂိုလ်တွေက တော်တော်မျက်နှာပြောင်တယ်နော်၊ 2015 မှာ အပိုင်တွက်ထားလိုက်ကြတာများ ဆိုးပါ့။ ကိုယ့်ပါတီတွင်း ဒီမိုကရေစီ တောင် ခြေဖျားကနေ ခေါင်းအထိ လုပ်ကြည့်ကြပါဦး။ ကိုယ့်နေရာလေးမြဲဖို့ ဖြုတ်၊ ထုတ်၊ သတ် လုပ်နေရတာ တစ်နိုင်ငံလုံး သိနေတာကို၊ နောက်ပီး nld ဟာ တဖြေးဖြေးနဲ့ ကွန်မြူနစ်ဆန်လာလို့ ပါတီဝင်တွေ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေပြီလေ။ သူတို့သာ 2015 မှာ အကြောင်းကြောင်းကြောင့် နိုင်သွားခဲ့သည်ရှိသော် မြန်မာနိုင်ငံအရေး မတွေးရဲပါဗျာ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်