Subscribe to our RSS Feed

အမေရိကန်ကို နျူကလီးယားလက်နက်ဖြင့် တိုက်ခိုက်နိုင်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

From : .planet

မြောက်ကိုရီးယား အစိုးရက မိမိတို့ အနေဖြင့် အမေရိကန်ပြည်ထောင်စုကို ပိုမို ပေါ့ပါး သေးငယ်သည့် နျူကလီးယား လက်နက်များနှင့် တိုက်ခိုက်နိုင်ခြေ ရှိနေကြောင်း ခြိမ်းခြောက် ပြောကြားလိုက်သည်။ 
 
အမေရိကန်ကို နျူကလီးယားလက်နက်ဖြင့် တိုက်ခိုက်နိုင်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်
မြောက်ကိုရီးယား အစိုးရက မိမိတို့ အနေဖြင့် အမေရိကန်ပြည်ထောင်စုကို ပိုမို ပေါ့ပါး သေးငယ်သည့် နျူကလီးယား လက်နက်များနှင့် တိုက်ခိုက်နိုင်ခြေ ရှိနေကြောင်း ခြိမ်းခြောက် ပြောကြားလိုက်သည်။ အမေရိကန် ပြည်ထောင်စုက နျူကလီးယားလက်နက် စမ်းသပ်မှု ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယားကို ပိတ်ပင်မှုများ ပြုလုပ်ရန် တရုတ်နိုင်ငံနှင့် သဘောတူညီမှု ရရှိခဲ့သည့်နောက် ကိုရီးယားကျွန်းစွယ် မြောက်ပိုင်းဒေသ၏ ကွန်မြူနစ် အစိုးရက ရန်လိုသော ခြိမ်းခြောက်မှု တစ်ရပ်ဖြင့် တုံ့ပြန်လာခြင်း ဖြစ်သည်။

ထို့အပြင် တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံကြား ထားရှိသည့် စစ်ရပ်စဲရေး သဘောတူညီမှု အပေါ်တွင်လည်း မြောက်ကိုရီးယားက ခြိမ်းခြောက်မှုဆန်ဆန် ရာဇသံ ပေးမှုများ ပြုလုပ်သွားသည်။ (၁၉၅၃)ခုနှစ် ကတည်းက တည်ရှိခဲ့သော အဆိုပါ သဘောတူညီမှုသည် တရားဝင် သတ်မှတ်ထားခြင်း မဟုတ်ခဲ့ချေ။ မြောက်ကိုရီးယားတွင် ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှု အခမ်းအနား တစ်ရပ်သို့ နိုင်ငံ့ခေါင်းဆောင် ကင်မ်ဂျုံအန်းက တက်ရောက်ခဲ့ရာ ၎င်းက အမေရိကန်၏ ရန်လိုမှုကို သည်းခံနေမည် မဟုတ်ဟု ပြောကြားခဲ့သည်။

မြောက်ကိုရီးယား သတင်းဌာန kCNAက မြောက်ကိုရီးယား ပြည်သူ့တပ်မတော် အကြီးအကဲ၏ ကြေညာချက် အချို့ကို ကောက်နုတ် ဖော်ပြခဲ့ရာ "အမေရိကန် အင်ပါယာ ဝါဒီတွေဟာ ခုချိန်မှာ မြောက်ကိုရီးယားကို နျူကလီးယား လက်နက်နဲ့ တိုက်မယ်လို့ ကြံဆောင်နေပြီ ဆိုရင် သူတို့လည်း တန်ပြန် ခံရစေမယ်"ဟု ပါရှိသည်။ မြောက်ကိုရီးယား နိုင်ငံ၏ ကြေညာချက်တွင် "မြောက်ကိုရီးယား စစ်တပ်နဲ့ ပြည်သူတွေဟာ ပိုပြီးပေါ့ပါး သေးငယ်တဲ့ နျူကလီးယား ဒုံးလက်နက်တွေကို ပိုင်ဆိုင်ထားပါပြီ။ ဒါမျိုးကို အတိတ်မှာ အမေရိကန်တွေ မမြင်ဖူးခဲ့ဘူး"ဟုလည်း ဖော်ပြထားသည်။

မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယား လက်နက်များ တီထွင်မှုကို ဒီဇိုင်းအမျိုးမျိုး စမ်းသပ်ထားရာ နည်းပညာပိုင်းအရ ခန့်မှန်းရန် ခက်ခဲလွန်းကြောင်း လက်နက် သုတေသီများက ဆိုသည်။ အမေရိကန်သည် မြောက်ကိုရီးယား၏ အိမ်နီးချင်း ရန်ဘက်ဖြစ်သော တောင်ကိုရီးယား နိုင်ငံ၌ စစ်သည် အရေအတွက် (၂၈၅၀၀)ကို ဖြန့်ကျက်ထားဆဲ ဖြစ်သည်။
 www.MyanmarExpress.net
 

3 comments:

အမေရိကန်ပြည်ထောင်စုသည် ငွေအင်အား လက်နက်အင်အား သာလွန်သည့်အတွက် နိုင်ငံများအားလုံးကို Aအနိုင်ကျင့်ချင်စိတ် အပြည့်ရှိနေသည်။

ဟုတ်ပါ့..


.........

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်