Subscribe to our RSS Feed

သင်္ကြန်ကဲမည့်သူများ စည်းကမ်းချက် ၂၇ ချက် လိုက်နာရမည်

From : ..dvb

.ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ လာမယ့် သင်္ကြန်ကာလ မဏ္ဍပ် တည်ဆောက်မယ့်သူတွေအနေနဲ့ ရေကစားမယ့် အမျိုးသမီးတွေရဲ့ ၀တ်စားဆင်ယင်မှုဆိုင်ရာ ကိစ္စအပါအ၀င် စည်းကမ်းချက် ၂၇ ချက် သတ်မှတ်ထားတယ်လို့ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ကြေငြာထားပါတယ်။

အဲဒီ အချက်တွေအထဲမှာ ဖွင့်ပွဲနေ့ ငွေဖလားမှာ အမွှေးနံ့သာထည့်ပြီး ရေကစားဖို့၊ မြန်မာ့ယဉ်ကျေးမှုနဲ့ မအပ်စပ်တဲ့ အပြုအမူ၊ အပြောအဆို၊ ၀တ်စားဆင်ယင်မှု၊ ခုန်ပေါက် အော်ဟစ်သီဆိုမှု မလုပ်ဖို့ ဒါကို မဏ္ဍပ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကွပ်ကဲဖို့၊ ရေပက်ခံလာသူတွေကိုလည်း ဟီရိသြတ္တပ္ပ ကင်းမဲ့တဲ့အ၀တ်တွေနဲ့ ကပြ၊ သီဆိုတာနဲ့ ရေပက်ခံတာ မလုပ်အောင် မဏ္ဍပ်တာဝန်ခံတွေက ကြပ်မတ်ဖို့၊ မဏ္ဍပ်မှာ စီစီတီဗွီ ကင်မရာတွေ တပ်ဆင်ထားပြီး နေ့စဉ် ည ၇ နာရီ ရောက်တာနဲ့ လုံခြုံရေးဆပ်ကော်မတီကို တင်ပြဖို့ အချက်တွေ ပါဝင်ကြောင်း သိရပါတယ်။

စည်းကမ်းမလိုက်နာတဲ့သူတွေကို သက်ဆိုင်ရာက ခေါ်ယူသတိပေးမှာဖြစ်ပြီး မလိုက်နာရင် မဏ္ဍပ်ကို ပိတ်သိမ်းမယ်လို့လည်း ထုတ်ပြန် ကြေညာထားပါတယ်။

.
 www.MyanmarExpress.net
 

2 comments:

ကောင်းမွန်တဲ့ စည်းကမ်းချက်များပါ..... ရှေးတုန်းကသင်္ကြန်တွေကိုသတိ ရပါရဲ့

သာဓု ။ သာဓု ။ ကိုပတ်တလား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်