Subscribe to our RSS Feed

ဂျော်ဒန်မြန်မာအလုပ်သမားများ အရိုက်ခံရချိန် ပျောက်နေသော အလုပ်သမားအဖွဲ့အစည်းနှစ်ခုဖြစ်သည့် FTUB နှင့် MITU တို့ သဘောထားကွဲ

From : myanma age

.မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (Fadration
of Trade Union Burma) နှင့် မြန်မာနိုင်ငံ စက်မှုဇုန် အ
လုပ်သမားများ သမဂ္ဂ (Myanmar Industrial Trade
Union) အဖွဲ့နှစ်ဖွဲ့မှာ သက်ဆိုင်မှုတစ်စုံတစ်ရာ လုံးဝမရှိပါ
ဟု MITU မှ အထွေထွေအတွင်းရေးမှူး ကိုအောင်သူက
ပြောကြားသည်။

၂၀၁၃ခုနှစ် မတ်လ ၆ရက်မှ စကာ FTUB အဖွဲ့ချုပ်က FTUB ရံပုံငွေ
အတွက်ဟု ဆိုကာ MITU၏ အဖွဲ့ဝင် အခြေခံသမဂ္ဂများ
အမည် ရိုက်နှိပ်ပြီး လှိုင်သာယာတွင် အင်္ကျီများ ဖြန့်ဖြူးရောင်း
ချခဲ့ခြင်းအပေါ် MITU က ယင်းကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။
“လှိုင်သာယာမှာဆို ဒီအင်္ကျီတွေက တော်တော်ရောင်းရတယ်။
ဒါက ဝါဒဖြန့်တာဖြစ်တယ်။ ကျွန်တော်တို့ကို သူတို့လက်အောက်
ကို ဆွဲသွင်းလိုက်တာပဲ။ ခုလိုမျိုး အသိမပေးဘဲ အင်္ကျီတွေ ရိုက်နှိပ်
ရောင်းချခဲ့တဲ့အတွက် ဂျာနယ်တွေကနေ တဆင့် ဒါတွေ ဆက်မ
လုပ်ဖို့ ကြေညာသွားမယ်။ ဒီလိုမှ မဟုတ်ဘဲ ဆက်လုပ်နေမယ်
ဆိုရင်တော့ တရားဥပဒေအရ ဆက်လက် လုပ်ဆောင်သွားမှာပါ”
ဟု ယင်းက ဆက်လက် ပြောကြားသည်။

“ယူနီကာလာဟာ FTUB နဲ့ ဘာမှ မပတ်သတ်ပါဘူး။ ကျွန်တော်
တို့က MITU ရဲ့ လက်အောက်က အခြေခံ သမဂ္ဂတစ်ခု ဖြစ်ပါတယ်။
နောင်လည်း MITU နဲ့ပဲ အလုပ် ဆက်လုပ်သွားမှာ ဖြစ်ပါတယ်” ဟု
ယူနီကာလာ အခြေခံသမဂ္ဂအဖွဲ့က ပြောကြားသည်။ယင်းကဲ့သို့
ရိုက်နှိပ် ရောင်းချခဲ့သည့် အင်္ကျီများပေါ်တွင် ယူနီကာလာ ဗလာ
စာအုပ်၊ မြန်မာမဏ္ဍိုင် ပလပ်စတစ် စသည့် အခြေခံသမဂ္ဂ အမည်
နှစ်ခုကို ရိုက်နှိပ်ဖော်ပြခဲ့ကြောင်း၊ ၄င်းအဖွဲ့အစည်းများမှာ FTUB ၏
လက်အောက်ခံ အဖွဲ့အစည်းများ မဟုတ်ကြောင်း၊ အမည်များကို အသိမပေးဘဲ ဖော်ပြခဲ့ခြင်းကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း
သိရှိရသည်။

“ကျွန်မတို့က အခြေခံ အလုပ်သမား စစ်စစ်တွေ ဖြစ်တယ်။ ဒီအဖွဲ့ကို
လည်း လက်ရှိလုပ်ငန်းခွင်ထဲမှာ ခေါင်းဆောင်နေတဲ့သူတွေကို စု
စည်းပြီး ဖွဲ့စည်းထားတာ ဖြစ်တယ်။ MITU ဆိုတာလည်း အခြေခံ သမဂ္ဂတွေထဲက ခေါင်းဆောင်တစ်ဦးစီကို ပြန်ပြီးစုစည်းထားတဲ့
အဖွဲ့ဖြစ်တယ်” ဟု ယင်းသမဂ္ဂမှ ဒုဥက္ကဌ ဦးမျိုးသိန်းက ပြောကြား
သည်။

ယင်းသမဂ္ဂကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၉ တွင် စတင်ဖွဲ့စည်းခဲ့ခြင်း
ဖြစ်ပြီး ယင်းလက်အောက်တွင် အခြေခံသမဂ္ဂပေါင်း ၂၀ကျော် ဖွဲ့စည်းပြီး
ဖြစ်ကြောင်း၊ အခြေခံသမဂ္ဂများတွင် စားသောက်ကုန်၊
လူသုံးကုန်၊ ကုန်တင်ကုန်ချ၊ ရေလုပ်သား၊ စင်္ကာပူနှင့် ထိုင်းလေ
ကြောင်းလိုင်း စသည်တို့မှ အလုပ်သမားများ ပါဝင်ပြီး လှိုင်သာယာ၊
ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း၊ ထောက်ကြန့်၊ ဒဂုံတောင်ပိုင်း စသည်
တို့တွင် ဖွဲ့စည်းပြီးဖြစ်ကြောင်း သိရသည်။



FTUB နှင့် MITU အဖွဲ့အစည်းနှစ်ခုမှာ သက်ဆိုင်မှုမရှိဟု 
MITU အတိအလင်းကြေညာ

ရန်ကုန်၊ 
ရည်မွန်
.
.
 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်