Subscribe to our RSS Feed

MAI လေကြောင်းလိုင်းမှ ပြည်ပနိုင်ငံများသို့ တိုက်ရိုက် တိုးချဲ့ထပ်မံ ပျံသန်း သွားမည်

From : mrtv4


အပြည်ပြည် ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်း MAI ဟာ နိုင်ငံတကာသို့ လေကြောင်းလိုင်း တိုက်ရိုက် တိုးချဲ့ ထပ်မံ ပျံသန်း သွားမှုတွေကို စီစဉ်လျက် ရှိပြီး
အဲ့ဒီလို ပျံသန်းရာ မှာတော့ ဟောင်ကောင်၊ ဂျပန်နဲ့ ကိုရီးယား နိုင်ငံများကို ထပ်မံတိုးချဲ့ ပျံသန်း သွားမှာ ဖြစ်တယ်လို့ MAI လေကြောင်းလိုင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ပျံသန်းမှုများ ကိုတော့ ၂၀၁၃ ခုနှစ် အတွင်းမှာ စတင် အကောင်အထည် ဖော်နိုင်ဖို့ အတွက် စီစဉ် ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။

အဆိုပါ ပျံသန်းရန် စီစဉ်ထား မှုမှာ ရန်ကုန်မှ ဟောင်ကောင်သို့ တိုက်ရိုက် ပျံသန်းရန် စီစဉ်ထားပြီး ဟောင်ကောင်မှ တဆင့် ဂျပန်နိုင်ငံ တိုကျိုမြို့၊ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့များသို့ ထပ်မံပျံသန်း သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။  အဲ့ဒီ ဆောင်ရွက်မှုဟာ ကမ္ဘာတစ်ဝန်း လေကြောင်း Network ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ဖို့ ဖြစ်ပြီး လိုအပ်တဲ့ အရာတွေ ကိုလည်း တာဝန်ရှိ သူများနဲ့ ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခုလာမယ့် မတ်လ ၃၁ ရက်နေ့မှ စတင်ပြီး မန္တလေးမြို့မှ တဆင့် စင်္ကာပူနဲ့ မလေးရှား နိုင်ငံ ကွာလာလမ်ပူ စတဲ့နေရာများ သို့လည်း ထပ်မံ တိုးချဲ့ ပျံသန်း သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို ပျံသန်းရာ မှာတော့ MAI လေကြောင်း လိုင်းမှာ ယခုလက်ရှိ အသုံးပြုနေတဲ့ Air Bus A330 လေယာဉ် များကို အသုံးပြုကာ ပျံသန်း သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုလက်ရှိ မှာတော့ MAI လေကြောင်း လိုင်းဟာ ပျံသန်းပြေးဆွဲမှု တွေကို ရန်ကုန်မှ ဘန်ကောက်၊ စင်္ကာပူ၊ ကွာလာလမ်ပူ၊ ကွမ်ကျိုး၊ ဂယာ၊ စီရံရိ၊ ဖနွမ်းပင် စတဲ့မြို့များ အပြင် မန္တလေးမှ ဘန်ကောက်နဲ့ ဂယာမြို့၊ ဘန်ကောက်မှ စင်္ကာပူမြို့ များသို့ တိုက်ရိုက် ပျံသန်း ပေးလျက် ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို ဟောင်ကောင်သို့ MAI မှ တိုက်ရိုက် ပျံသန်းနိုင်တဲ့ အတွက် ခရီးသွားများ အတွက် Trianit Visa  ခလည်း သက်သာပြီး ခရီးသည်တွေ အနေနဲ့ ပိုမို အဆင်ပြေစွာ သွားလာ နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 
 
 
 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်