Subscribe to our RSS Feed

ကရင်နီပြည်နယ်တွင် နှုတ်ထွက်သည့် NLD ပါတီဝင် တစ်သောင်းကျော် ပါတီသစ်တည်ထောင်ဖွယ်ရှိ

From : ..စောညွန့်သောင်း (ကေအိုင်စီ)
ကေအိုင်စီ




ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

-NLD ပါတီအဖွဲ့ဝင် တစ်သောင်းကျော် သည် ပါတီမှ မတ်လ ၈ရက်နေ့

တွင် နုတ်ထွက်ကြပြီးနောက် တိုင်းရင်းသားပါတီသစ်တစ်ခု တည်ထောင်
သွားဖွယ်ရှိမည်ဟု စုံစမ်းသိရှိရသည်။

NLD ဗဟိုကော်မတီမှ ဗဟိုဦးစီးချုပ်ကိုင်မှုများ ပြုလုပ်ခြင်း၊ ပြည်နယ်
အတွင်းရှိ ပါတီဝင် တိုင်းရင်းသားများအပေါ် ခွဲခြားခြင်းဝါဒ ကျင့်သုံးခြင်း
များကြောင့် နုတ်ထွက်ရခြင်းဖြစ်ကြောင်းနှင့် ပါတီတစ်ခု တည်ထောင်သွားရန် ရှိကြောင်း နုတ်ထွက်မှုတွင် ပါဝင်ခဲ့သူ ဦးစောဒယ်နီရယ်က ကေအိုင်စီသို့
ပြောသည်။

ဦးစောဒယ်နီရယ်က “ကျနော်တို့(ကရင်နီ)ပြည်နယ်က NLD ဆိုင်းဘုတ်ကို ဦးဉာဏ်ဝင်းက ဖြုတ်ခိုင်းတာ ရှိတယ်။ ဘာကြောင့် ဖြုတ်ခိုင်းလဲ မေးတော့ ဘာမှ ပြန်မဖြေဘူး။ ဒါဗဟိုချုပ်ကိုင် မှုဝါဒပဲ၊ လူမျိုးကြီးဝါဒပဲလို့ ယူဆတယ်။ ကျနော်တို့ တိုင်းရင်းသားများ လိုလားတဲ့ ၀ါဒမဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့ကလည်း လုပ်စရာရှိတာ ဆက်လုပ်သွားမယ်။ ပါတီထောင်ဖို့ ကတော့ စဉ်းစားနေတုန်းပဲ”ဟု ပြောသည်။

ထို့အပြင် တိုင်းရင်းသားများအား ထိုသို့ ခွဲခြားမှုများ ရှိသည့်အပေါ် NLD ပါတီသည် တိုင်းရင်းသားများ၏ အကျိုး ကို ဖော်ဆောင်ပေးနိုင်သည့်ပါတီ မဖြစ်နိုင်ကြောင်းနှင့် ယခုကဲ့သို့ ၀ါဒများ ဆက်လက်ကျင့်သုံးပါက မြန်မာနိုင်ငံ တွင် ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာရန် မလွယ်ကူကြောင်း သူက ဆက်ပြောသည်။

ယခင်လ ဖေဖော်ဝါရီ တတိယအပတ်ကလည်း ကရင်နီပြည်နယ်မှ
NLD ပါတီဝင်များဖြစ်သည့် ဦးစောဒယ်နီရယ် အပါအ၀င် ဦးညွန့်ဆွေနှင့် ဦးထွန်းကြိုင်တို့သည် ကရင်ပြည်နယ်၊ ဘားအံမြို့အခြေစိုက် ကရင်ပါတီကြီး တစ်ခု ဖြစ်သည့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ-PSDP ကို လာရောက်
တွေ့ဆုံပြီး NLD ဗဟို၏ ၎င်းတို့အပေါ် ထားရှိ သည့်သဘောထားများကို
ပြောသွား ခဲ့သည်ဟု PSDP အထွေထွေအတွင်းရေးမှူး စဘီကျင်ဦးက
ပြောသည်။

စဘီကျင်ဦးက “လွိုင်ကော် NLD အဖွဲ့ ကျနော်တို့ကို လာတွေ့တာ ရှိတယ်။ ကိစ္စကတော့ သူတို့ NLD ဗဟိုတွေ က သူတို့ပြည်နယ် NLD ကို ဆက်ဆံပုံနဲ့ နုတ်ထွက်မယ့်အကြောင်း ပြောသွားတယ်။ နောက်
PSDP ပါတီရဲ့ မူဝါဒလမ်းစဉ် အကြောင်းကို မေးမြန်းတိုင်ပင်ခဲ့သလို တိုင်းရင်းသားညီနောင် (၁၀)ပါတီအကြောင်းကိုလည်း စိတ်ဝင်စားတယ် လို့ ပြောသွားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်နီပြည်နယ်မှ NLD ပါတီဝင် တစ်သောင်းကျော် နှုတ်ထွက်ခဲ့ခြင်းနှင့် ပတ်သက်၍ မတ်လ ၁၀ရက်နေ့က ရန်ကုန်၌ ပြုလုပ်သော NLD ညီလာခံအပြီး ဥက္ကဌအဖြစ် ပြန်လည်အရွေးခံရသည့် ဒေါ်အောင်ဆန်း
စုကြည်အား သတင်ထောက်များက မေးမြန်းသည့်အခါ ကယားပြည်နယ်
တွင် ၎င်းတို့ပါတီဝင်အင်အား ထိုမျှလောက် ရှိမလား ဟူ၍ မေးခွန်းထုတ်ကာ တုံ့ပြန်ပြောဆိုခဲ့သည်။

မြန်မာတနိုင်ငံလုံးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ၏ ပါတီဝင် အင်အားမှာ ၁၃ သိန်း ကျော်ရှိကြောင်း သိရသည်။

ကရင်နီပြည်နယ်တွင် နှုတ်ထွက်သည့် NLD ပါတီဝင် တစ်သောင်းကျော် ပါတီသစ်တည်ထောင်ဖွယ်ရှိ
Wednesday, March 13, 2013

ကေအိုင်စီ
.
. www.MyanmarExpress.net
 

3 comments:

OPPOSITE EYE (ခ) ဗိုလ်နေလင်းမောင် (ခ) စွေစောင်းသို့

ငါ့ညီ … မင်းက စစ်ဗိုလ်ဆိုတာ ဘာဖြစ်တယ်၊ တိုင်းပြည်တာဝန်ကို ဘယ်လို ထမ်းဆောင်တယ်ဆိုပြီး ကြီးကြီးကျယ်ကျယ်တွေ ပြောနေရအောင် မင်းတိုက်ပွဲ ဘယ်နှစ်ခါ တိုက်ဖူးသလဲ။ သေနတ် ဘယ်နှစ်ချက် ဖောက်ဖူးသလဲ။ မင်း ရုရှားကို သွားဖို့အတွက် အခန်းထဲမှာ စာကုန်းကျက်ပြီး စက်ပစ်ကွင်းကို ရှောင်ခဲ့တယ်။ မင်းနဲ့ ရွယ်တူ သူငယ်ချင်းတွေ (အပတ်စဉ်တူ) ရှေ့တန်းမှာ အပြစ်မဲ့တဲ့ ပြည်သူတွေကို သတ်ဖြတ်နေရချိန်မှာ (ဒါပေမယ့် မင်းလိုတော့ ဇိမ်နဲ့ မဟုတ်ဘူးပေါ့ကွာ) မင်းက ရုရှားတိုင်းပြည်က (မင်းတို့ရဲ့ အနှိပ်စက် ခံနေရသူတွေရဲ့) ပိုက်ဆံနဲ့ စာသွားသင်တယ်ဆိုပြီး လေလွင့်ခွင့်ရခဲ့တယ်။ Chatting ခေတ်တုန်းကလည်း တနေကုန် Chatting ၀င်ပြီး Chatting ခဲ့ကြသလို၊ Blog တခေတ်ကျပြန်တော့လည်း လိုက်ပြီး Blog ပြန်တယ်။ ဘယ်မှာလဲ မင်းပြောတဲ့ တိုင်းပြည်အတွက်ဆိုတာ။ မင်းပြောနေတာကရော ဘယ်လောက်အထိ ခိုင်လုံနေလို့လဲ။

ကောင်းပြီ … မင်းနဲ့ တပတ်စဉ်ထဲ ဆင်းတဲ့ ညီလေးတယောက်ဆီက သိရသလောက် ပြောရရင် (သူ့ကို ထိခိုက်နိုင်တာကြောင့် သိပ်တိတိကျကျ မပြောသေးဘူး) မင်းဟာ ခုနက ပြောသလို စာကို ကြက်တူရွေး ကျက်သလို ကျက်ပြီး ရုရှားရောက်အောင် ကြိုးစားခဲ့တယ်။ DSA ရဲ့ ခပ်ပျော့ပျော့ Training လုပ်တာကိုတောင် မလုပ်နိုင်ခဲ့ဘူး။ အဲဒါ မင်းဘာပြောဦးမလဲ။ ရှားရှားပါးပါး သင်ခွင့်ရတဲ့ လက်ဝှေ့သင်တန်းကို ရှောင်ခဲ့တာ မင်းဘာပြောဦးမလဲ (ကြောက်လို့လေ)။ မင်းသူငယ်ချင်းတွေက ဒိုက်အကြိမ် (၁၀၀)လောက် ထိုးနိုင်ချိန်မှာ မင်းဟာ ၁၀ကြိမ်လောက်နဲ့ ဟောဟဲလိုက်နေတာ မင်းငြင်းဦးမလား။ တာဝန်ခွဲတဲ့ အချိန်ကျတော့ အကြိမ် (၁၀၀)ထိုးနိုင်တဲ့ မင်းသူငယ်ချင်းတွေက ရှေ့တန်းသွား၊ (၁၀)ကြိမ်နဲ့ ဟောဟဲလိုက်နေတဲ့ မင်းကို အမောပြေသွားအောင် ရုရှားကို သွားခိုင်းခဲ့တယ်။ ဒါပေမယ့် ဒီစကားကို ငါပြောလို့ မင်းနဲ့ နီးစပ်တဲ့ အပတ်စဉ်တူ သူငယ်ချင်းတွေကို ရန်လုပ်ဖို့ မစဉ်းစားနဲ့နော်။ အဲဒါ ယောင်္ကျားကောင်းတွေရဲ့ အကျင့် မဟုတ်ဘူး။

မင်းနဲ့ အပတ်စဉ်တူ သူငယ်ချင်းတွေက ရှေ့တန်းမှာ “မတရားသော စစ်”ကို တိုက်နေရတာဟာ စစ်အာဏာရှင်က သူတို့ရဲ့ မျက်လုံးတွေကို ပိတ်ပြီး တိုက်ခိုင်းနေလို့ပါ။ မင်းလိုသာ Blog တွေ၊ Internet တွေ သုံးခွင့် ရခဲ့မယ်ဆိုရင်တော့ မင်းသူငယ်ချင်းတွေရဲ့ သေနတ်ပြောင်းဟာ စစ်အာဏာရှင် အကြီးစားတွေဆီ မရောက်သေးခင်မှာ နီးစပ်တဲ့ မင်းဆီ အရင်လှည့်လာလိမ့်မယ်။ မင်း ကြားဖူးပါလိမ့်မယ်။ လက်အောက်ငယ်သား တပ်မတော်သားတွေကို နှိပ်စက်တဲ့၊ ဗိုလ်ကျ အနိုင်ကျင့်တဲ့၊ သူတို့ရဲ့ မိန်းမတွေကို ကြာခိုတဲ့ စစ်ဗိုလ်တွေကို ရှေ့တန်းမှာ နောက်စေ့ကို Gun Shot နဲ့ ဖွင့်လိုက်တဲ့ သတင်းတွေကိုလေ …။ အခုတော့ အဲဒီလို အဆင့်တင် မဟုတ်တော့ဘူး။ မင်းတို့ အရာရှိ အချင်းချင်းကို အဆင့်အတန်း ခွဲထားတဲ့အတွက် Gun Shot လုပ်ချင်နေပြီဆိုတာ မင်းသိလား။ အထူးသဖြင့် မင်းလိုကောင်မျိုးပေါ့။ မင်းတို့ အပတ်စဉ်တူ သူငယ်ချင်းထဲမှာ မင်းအညံ့ဆုံး။ ဒါပေမယ့် မင်း အခွင့်အရေး အရဆုံး။ စာအံနိုင်တာနဲ့ စာတတ်တာ မတူဘူး။ Urban Squad ဆိုတာ မင်းသိလား၊ Assault ဆိုတာ မင်းသိလား၊ Platoon ဆိုတာ မင်းသိလား။ အေးပေါ့ကွာ … သိတဲ့ မင်းသူငယ်ချင်းတွေက ပင်ပန်းတာတွေလုပ်၊ မသိတဲ့ မင်းကတော့ ကြော့ကြော့လေးနေပေါ့ … မဟုတ်ဖူးလား။

ဒါပေမယ့် … မသိသေးရင် သိအောင် ကြိုးစား။ မင်းသူငယ်ချင်းတွေနဲ့ မင်းလုပ်ဖော်ကိုင်ဖက်တွေ အပေါ်မှာလည်း မသင်္ကာမဖြစ်နဲ့၊ မငြိုငြင်နဲ့၊ စိတ်ကို ဖြူဖြူစင်စင်ထား။ ငါတို့ ဒီမိုကရေစီ ဘက်တော်သားတွေ ဘက်မှာလည်း စစ်အာဏာရှင်တွေကို လျှို့ဝှက်ပြီး ဆန့်ကျင်နေတဲ့ မျိုးချစ်တပ်မတော်သားတွေ ရှိနေပြီဆိုတာ မင်းသိအောင် ပြောထားလိုက်မယ်။ သိပ်တိကျအောင် မပြောသေးတာကတော့ သူတို့ရဲ့ အသက်အန္တရာယ်နဲ့ ငါတို့အတွက် အဖိုးတန်တဲ့ သတင်းတွေ မရမှာ စိုးလို့ပါ။ အဲဒါတော့ “မတိကျရကောင်းလား”လို့ အပြစ်တင် မစောဖို့ ကြိုပြီး တောင်းပန်ပါရစေကွာ။ မင်းကိုမင်း သိပ်တော်တဲ့ သိတတ်တယ်ဆိုတဲ့ မာနစိတ်ကို ပြင်။ စစ်သားကောင်း တယောက်ဆိုတာ အမှန်တရားဘက်က ရပ်တည်ရဲရမယ်။ ကိုယ်သင်ထားတဲ့ စစ်ပညာဟာ နိုင်ငံတော်ကို ကာကွယ်ဖို့၊ ကိုယ့်ထက် သိပ်တော်တဲ့ စစ်တပ်တွေနဲ့ လက်ရည်သွေးဖို့ဆိုတဲ့ အခြေခံစိတ်လောက် ထားရင်ကိုပဲ မဆိုးဘူးလို့ ဆိုရမှာပါ။ လက်နက်မဲ့ အပြစ်မဲ့တဲ့ သံဃာတွေ၊ ကျောင်းသားတွေ၊ ပြည်သူတွေကို သတ်ဖို့အတွက် ဒီစစ်ပညာ သင်ထားတာ မဟုတ်ဘူးဆိုတာ မင်းသဘောပေါက်ဖို့ လိုတယ်။ မင်းအသက် ငယ်သေးတယ်။ မင်းသိမယ်ဆိုရင် မင်းအတွက် နေ၀င်ချိန် မရောက်သေးပါဘူး။ အချိန်မီပါသေးတယ် ငါ့ညီ …။

-စစ်ကိုင်းတိုင်း ဒုရဲမှုးကြီး သွင်ကိုကို၏စာဖြစ်ရပ်အမှန်မှာ အောက်ပါအတိုင်း ဖြစ်၏။
အဓိက စီစဉ်ညွှန်ကြားခိုင်းစေသူမှာ ယခင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်သည်။

အကြောင်းရင်းစင်စစ်များစွာကြောင့်

အခင်းဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့ မတိုင်မီ ကိုးရက်အလိုတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ( အနားယူသွားပြီဟု တရားဝင် ကမ္ဘာသိ လူသိရှင်ကြား ကြေငြာခဲ့သော၊ အာဏာဆုပ်ကိုင် ထားလိုသော၊ ဘုရင်စနစ်ပြန်လည်ကျင့်သုံးရန် အကောင်အထည်ဖေါ်ဆောင်ရန်ကြိုးစားခဲ့သော၊ နိုင်ငံတော်ဘဏ္ဍာအရပ်ရပ်အား ထင်သလို မိမိပိုင်ပြောင်းရွှေ့ခဲ့သော၊ ပြည်သူတစ်ရပ်လုံးအပေါ် စေတနာပျက်ကွက်ခဲ့သော၊ ဆက်ရေးလျှင် တစ်ထောင့်တစ်ညပုံပြင် အညံ့ခံအရှုံးပေးရမည့်သူက ) သည် လက်ရှိပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုအား ခေါ်ယူတွေ့ဆုံပြီး လက်ပံတောင်းတောင် သပိတ်စခန်းကို ပြတ်ပြတ်သားသား ကိုင်တွယ်နှိမ်နင်းပစ်ရန် အမိန့်ပေး ခဲ့ပါသည်။

ယခုကဲ့သို့ လုပ်ဆောင်ရန် အမိန့်ပေးညွှန်ကြားရခြင်းမှာ ကြေးနီထုတ်လုပ်မှုစီမံကိန်းအား အိုင်ဗင်ဟိုကုမ္ပဏီ မှ ဝမ်ပေါင်ကုမ္ပဏီ သို့ လုပ်ငန်းလွှဲပြောင်းစဉ်ကာလက ည ၁၂ နာရီအချိန် လုပ်ငန်းအားလုံးရပ်တန့်ထားရမည်ဟု သတ်မှတ်ထားချိန်တွင် ကြေးနီတန်ချိန် ၃၀၀၄င်း ကြေးနီတန် ၃၀၀ မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစု အကျိုးစီးပွားအတွက် ခိုးထုတ်ပေးခဲ့ရခြင်း ဖြစ်သည်။ (ကြေးနီး တူဖော်ရေးလုပ်ငန်းအမြတ်မှ ဗိုလ်ချုပ်မှူးကြီးအတွက်လည်း အချိုးကျရှယ်ယာ ခွဲပေးရသည် ဟု သိရပါသည်။)

တကယ်လို့ စီမံကိန်းရပ်တန့်ရေး တောင်းဆိုမှုပြင်းထန်လာပြီး ဝမ်ပေါင်ကုမ္ပဏီ အကျပ်အတည်း ဆိုက်လျှင် ကြေးနီခိုးထုတ်မှုကိစ္စ၊ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေမိသားစုမှ လက်ဆောင်ပဏဏ္ဍာ ရယူထားသည့်ကိစ္စရပ်များသည် ဇယ်ဆက်သလို ပေါ်လာမှာကို စိုးရိမ်ကြောင့်ကြသဖြင့် ယခုလို စောစောစီးစီး နှိမ်နင်းဖြိုခွဲ ပစ်ရန် စီစဉ်ညွှန်ကြားခြင်းဖြစ်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုလည်း ငြင်းဆန်လို့ မရသော အမိန့်ဖြစ်သည်ကို သိသဖြင့် သူ့တာဝန် မဖြစ်စေရေးအတွက် သမ္မတဦးသိန်းစိန်ထံ ညွှန်ကြားချက်အကြောင်း ခပ်ကြောကြော အသိပေး သလိုလို၊ တရားခံတာဝန်အား သမ္မတ ဦးသိန်းစိန်မှ ယူရမည့်သဘော ပွဲစားဆန်ဆန် ညွှန်ကြားရာ သမ္မတမှ သဘောမတူ၊ မလုပ်ရန်တားမြစ်ခဲ့၏။ ပြည်ထဲရေးဝန်ကြီးက မည်သို့မှ ငြင်းဆန်ရန်မဖြစ်နိုင် ဟု ဆက်လက်တင်ပြသလိုလို အကြပ်ကိုင်ရာ သမ္မတက

“အဲဒါဆိုလည်း မင်းကိုခိုင်းတာ မင်းလုပ်ပေါ့၊ ငါ့ကိုခိုင်းတာမှ မဟုတ်ဘဲ”

ဟုပြောလိုက်သောကြောင့် ပြည်ထဲရေးဝန်ကြီးက သူတစ်ယောက်တည်း ဆက်လုပ်ရန် စီစဉ်ရတော့၏။ ရဲမှူးကြီး သွင်ကိုကို (DSA -27) အား ခေါ်ယူပြီးလျှင် လက်ပံတောင်းတောင် သပိတ်စခန်းကို ဖြိုခွင်း ဖယ်ရှားပစ်ဖို့ ထပ်ဆင့်အမိန့်ပေး၏။

“ဒီ ကိစ္စ မင်းတာဝန်ယူရမှာ ကောင်းကောင်း မွန်မွန် ပြီးသွားရင် မင်းတစ်သက်စာ ကောင်းစားမယ်၊ ဆိုးဆိုးရွားရွား ဖြစ်လာရင်လည်း မင်းပဲခံစားပေတော့”

ဟု အပြတ် အမိန့်ပေးလိုက်ပြီး ၄င်းဒေသသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်မလာမီ အပြီးဆောင်ရွက်ရန် မှာကြားလိုက်၏
ယင်းကိစ္စ အလွယ်တကူ မအောင်မြင်နိုင်မှန်း ရဲမှူးကြီး သွင်ကိုကို သိသည်။ တဖက်မှလည်း အထက်မှ ပေးအပ်သောတာဝန်ကို မဖြစ်မနေ ကျေပွန်အောင် ထမ်းဆောင်ရမည်။ ထို့ကြောင့် အချိန်ရသည့် တစ်ပါတ်တာကာလလုံး သက်သတ်လွတ်စားသည်။ ဥပုသ်စောင့်သည်။
ဖြစ်ရပ်ဆိုးကြီးမဖြစ်ဘဲ အလိုလို ပြီးပြတ်စေကြောင်း တောင်းဆုအခါခါပြုလျှက် ဘုရားရှင်အား အချိန်ရသလို နားပူနားဆာလုပ်ခဲ့သည်။ အမိန့်အတိုင်း လုပ်ဖို့ ချီတုံချတုံ မဝံ့မရဲဖြစ်နေခဲ့သည်။ ဒါတောင် ထိုအချိန်အထိ ယခုအသုံးပြုခဲ့သည့်ဗုံးလက်နက် အသုံးပြုရမည်ကို မသိသေး၊ သာမာန်ကြမ်းကြမ်းတမ်းတမ်းနှိမ်နှင်းရမည်ဟုသာ သိထားသည်။ လိုအပ်လျှင် ပိုမို အကြမ်းဖက် ကိုင်တွယ်ဖြေရှင်းဖို့ အမိန့်သာ ရထား၏။
သပိတ်စခန်းဖြိုခွဲခါနီး အနီးကပ်ဆုံးညအချိန်ကျမှ အမျိုးအမည်မသိ ဗုံးတွေ ရောက်လာခြင်းဖြစ်သည်။ သပိတ်စခန်းဝင်ရောက်စီးနင်းသော ရဲဝန်ထမ်းတွေ ကိုယ်တိုင်ပင် ဗုံးပေါက်ကွဲမှု စွမ်းအားကို မြင်တွေ့ ရသောအခါ ထိတ်လန့်တကြား ခြေမကိုင်မိလက်မကိုင်မိ ဘာလုပ်ရမှန်းမသိဖြစ်ကုန်ကြရသည်ဆို၏။

ယခုအခါ ရဲမှူးကြီး သွင်ကိုကို မှာ အစကတည်းက သာမာန်ဖြိုခွင်းရမည့်အပေါ် စိတ်မကောင်းဖြစ်မှု၊ အေးချမ်းစွာပြီးဆုံးစေလိုမှု၊ တာဝန်နှင့်ဝတ္တရားကြား မိမိသမိုင်းအားနာမည်ပျက်စေနိုင်မှု၊ မိမိ မိသားစု အသက်ထက်ဆုံးနာမည်ဆိုးဖြင့် ဆက်လက်ရှင်သန်ရမည့်ဘ၀၊ စသည့်စသည့် သွေးပျက်လုမတတ် ကြောက်ရွံ့တုန်လှုပ်မှုပေါင်းများစွာဖြင့် စကားပြောသည့်အခါ အသံတွေ တုန်တုန်ယင်ယင် ဖြစ်နေ၏။

စုံစမ်းစစ်ဆေးမှုအပြီး အမှုမှန် ပေါ်ပေါက်လာပါက သူသည် ပြေးမလွတ်သော အဓိက တရားခံစာရင်းမှာ ပါနေတာကို သိထား၏။ အမိန့်အတိုင်းလုပ်ဆောင်မိသဖြင့် ဓားစာခံ ဘဝရောက် သွားရသည့်အဖြစ်ကို နာကျည်းကြေကွဲနေကြောင်း သိရသည်။

အပေါ်က ပုဂ္ဂိုလ်က ဘာလည်းကွ။
ချေးခြောက်ရေနှုးတာလား၊
မင်းဟာက အတည်ရောဟုတ်ရဲ့လား။
ငါ စဉ်းစားမိတာတော့ မင်းက ဘာကောင်မှတော့ မဟုတ်လောက်ဘူး၊
အဖွကောင်၊ အမှိုက်ကောင်ပဲ ဆိုတာပဲ။
အင်း
တို့တိုင်းပြည်ကတော့ကွာ ဒီလိုကောင်စားမျိုးတွေနဲ့
ရှေ့ဆက်ဖို့ကို မလွယ်ပါလား။
အစိုးရကို အပုတ်ချဖို့လောက်
ပြည်သူတွေ မငြိမ်မသက်ဖြစ်ဖို့လောက်
လုပ်တတ် ကိုင်တတ်တဲ့
တစ်ဆင့်ချိုင့်တွေရှိနေတာကိုး။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်