Subscribe to our RSS Feed

ခရီးသည်တင် မော်တော်ယာဉ်များ၌ မီးသတ်ဆေးဘူး တပ်ဆင်ထားရှိမှု ကွင်းဆင်း စစ်ဆေး

From : ..mwd


စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ မုံရွာတောင် ရပ်ကွက်ရှိ ကားလေးဝင်း အဝေးပြေး ခရီးသည် တင် ယာဉ်ရပ်နား စခန်းတွင် မြန်မာပြည် အရပ်ရပ်သို့ ခရီးဝေး ပြေးဆွဲလျက်ရှိသော

မော်တော်ယာဉ် များတွင် မီးဘေး လုံခြုံရေး ဆောင်ရွက်ထားရှိမှု၊ ယာဉ်ကြံ့ခိုင်ရေး အခြေအနေ များကို တိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ပို့ဆောင်ရေးနှင့် စီမံကိန်း ဦးစီးဌာန၊ မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာန၊ အမှတ် (၁၄) ယာဉ်ထိန်း ရဲတပ်ဖွဲ့ရုံးမှ ဒုတိယ တပ်ဖွဲ့ခွဲမှူးနှင့် မြို့နယ်ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကော်မတီ တို့မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်း အဖွဲ့ဖြင့် ယမန်နေ့မှစ၍ ကွင်းဆင်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကွင်းဆင်း စစ်ဆေးမှုနှင့် ပတ်သက်ပြီး ''ကျွန်တော်တို့ ဒီလို ကွင်းဆင်းစစ်ဆေးတာက ခရီးသွား ပြည်သူတွေ လမ်းခရီးမှာ အန္တရာယ် ကင်းရှင်းစေဖို့ အတွက်ပါ။ မီးသတ် ဆေးဘူး တွေ ထားရှိရေး၊ ယာဉ်ကြံ့ခိုင်ရေးကို စစ်ဆေးတာပါ။ ဒီလိုစစ်ဆေးတဲ့ အခါမှာ အများအားဖြင့် မော်တော်ယာဉ်တွေမှာ တပ်ဆင်ထားတဲ့ မီးသတ်ဆေးဘူးတွေမှာ သက်တမ်းလွန် မီးသတ် ဆေးဘူးတွေကို တွေ့ရတယ်။ အဲဒါကြောင့် လက်တွေ့သုံးစွဲလို့ အဆင်ပြေမယ့် မီးသတ် ဆေးဘူးတွေ ပြောင်းလဲ တပ်ဆင်ဖို့ မှာကြားထားပါတယ်'' ဟု ခရိုင် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။


 .. www.MyanmarExpress.net
 

2 comments:

1-ALL PASSENGER MOTOR CARS AND ALL MOTOR CARS NEED DRY CHEMICAL FIRE EXTINGUISHER.
2-ALL CARS INCLUDING BODY,ENGINE AND PASSENGER SAFETY STANDARD MUST MAINTAIN IN GOOD WORKING CONDITION.
3-DRIVERS/OPERATORS NEED RE QUALIFICATION/RE CERTIFICATION
WHEN EVER RENEW HIS/HER LICENSE.
4-ALL INSPECTION MUST DO FULLY WITHOUT BRIBERY AND CORRECTION.
5-ALL ROADS,STREETS AND HIGHWAYS MUST
MAINTAIN SAFETY STANDARD.

more people are dying on the hiway than battle field, because Burmese people are not used to follow rules, any rules.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်