Subscribe to our RSS Feed

မြန်မာနယ်စပ်မှ လက်နက်ကိုင်သောင်းကျန်းသူများကို မြန်မာစစ်တပ် ရပ်ကြည့်နေချိန်တွင် နယ်စပ်မှ ခွဲထွက်လိုသည့် လက်နက်ကိုင်များအား ယူကရိန်းစစ်တပ် တိုက်ခိုက်



 မြန်မာနယ်စပ်မှ လက်နက်ကိုင်သောင်းကျန်းသူများကို မြန်မာစစ်တပ် ရပ်ကြည့်နေချိန်တွင် ယူကရိန်း အစိုးရက အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို ရုပ်သိမ်းခဲ့ပြီးနောက် နိုင်ငံအရှေ့ပိုင်းရှိ သူပုန်များကို လေတပ်နှင့် ကြည်းတပ် စစ်ကြောင်းများဖြင့် ချေမှုန်းတိုက်ခိုက်မှု ပြန်လည် စတင်နေပြီ ဖြစ်သည်။

ယူကရိန်း တင့်ကားများသည် ရုရှားလိုလားသည့် သူပုန်တပ်များ ရှိနေရာ ကိယက်ဗ်မြို့သို့ ချီတက်သွားခဲ့ပြီး လေတပ်ကလည်း သူပုန်စခန်းများကို ဗုံးကြဲတိုက်ခိုက်လျက် ရှိသည်။

ယူကရိန်းသမ္မတ ပက်ထရို ပိုရိုရှန်ကိုက (၁၀)ရက်ကြာ အစမ်းသတ်မှတ်ခဲ့သည့် အပစ်အခတ် ရပ်စဲရေး အစီအစဉ်ကို ဆက်လက် ကျင့်သုံးမည် မဟုတ်ဟု ဇွန်လ(၃၀)ရက်နေ့က ကြေညာခဲ့ပြီးနောက် ဇူလိုင်လ (၁)ရက်နေ့မှ စတင်ကာ သူပုန်တို့ကို ထိုးစစ်ဆင်မှု ပြန်လည် အစပြုခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော့် စိတ်ထဲမှာ အဓိက ဦးတည်ချက်အဖြစ် ငြိမ်းချမ်းရေး တည်ဆောက်မှုကို လျာထားတုန်းပါပဲ။ ဒါပေမဲ့ တစ်ဖက်ကလည်း အပြောင်းအလဲတွေ ရှိလာဖို့ လိုတယ်”ဟု အနောက်အုပ်စု နိုင်ငံများ၏ ထောက်ခံမှုကို ရရှိထားသည့် ပိုရိုရှန်ကိုက ဆိုသည်။

ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အိုလက်စကီ ဒီမိုင်ထရက်ရှ်ကစ်ဗ်စကီးက “သူပုန်တပ်တွေကို ဝေဟင်ထိုးစစ်နဲ့ တိုက်ခိုက်နေသလို လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေပါတယ်”ဟု သတင်းထောက်များထံ အတည်ပြုခဲ့သည်။

သူပုန်တပ်များ အဓိက ခြေကုပ်ယူထားသည့် ကိယက်ဗ်ကို ပြန်လည် ထိန်းချုပ်နိုင်ခြင်း မရှိသေးသည့်တိုင် ယူကရိန်း စစ်ကြောင်းများသည် ရုရှားနှင့် နယ်ခြားဒေသမှ ကင်းစခန်း (၂၄)ခုထိကို သိမ်းပိုက်ထားနိုင်ပြီဟုလည်း သမ္မတ ပိုရိုရှန်ကိုက ပြောကြားထားသည်။


.. www.MyanmarExpress.net
 

3 comments:

အနောက်နိုင်ငံကထောက်ခံအားပေးတဲ့သူလုပ်ရင်ဘာလုပ်လုပ်တရားတယ်။ သူတို့နဲ့မပြေလည်တဲ့သူနှမ်းစေ့လောက်လုပ်မိရင် ဧဝရတ်တောင်လောက်ဝိုင်းအာလိမ့်မယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်တို့စစ်အာဏာရှင်တိုလူနည်းစုကို့လက်နက်အားကိုးအနိုင်ကျင့်တယ်တို့မိုးမွှန် အောင်ဝိုင်းဟောင်လိမ့်မယ်။ :D

ဒါကို ဒီမိုကရေစီလို့ ခေါ်တာပေါ့။ မဲများရင် အနိုင်ယူကျေးလေ။ ဒို့စောက်အဘွားကြီလည်း ဒီအတိုင်းဘဲ ခြေဥ ပြင်မလို့ လက်မှတ်တွေ ခိုးထိုးနေတာ။

တရုတ်ကို မယှဉ်နှိုင်သရွေ့ သောင်းကျန်းသူ ရှိနေမှာ။ သူတို့က တရုပ်ရဲ့ နယ်ရုပ်တွေ။

အမှန်တွေအရန်းမပြောပါနဲ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်