Subscribe to our RSS Feed

၂၄ နာရီ မီးအပြည့်ရစေဖို့ မြစ်ဆုံရေအားလျှပ်စစ် အား အကောင်ထည်ဖော်စို့




မြစ်ဆုံဆည်ကြီးတည်ဆောက်ခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်မည့် ကောင်းကျိုးများ...



ဘာတွေ အကျိုးအမြတ်ရမလဲ… မင်းတို့ဟာက တရုတ်အတွက်ပါ… တရုတ်ကြီးကို ပေးနေတာပါ.. တရုတ်စီးပွားရေးပါကွာတဲ့… ဟုတ်ပီဗျာ… လက်ရှိအနေအထားဟာ.. နိုင်ငံတော် အတွက် တိုးတက်ရာ တိုးတက်ကြောင်းတွေကို ပြုပြင်ပြောင်းလဲ မွန်းမံနေတဲ့ အခါသမယဖြစ်တဲ့ အဲဒီအတွက်ကြောင့် နိုင်ငံ့ဝင်ငွေ တိုးပွားလာအောင် စီးပွားရေးရင်းနှီးမြုပ်နှံမှု စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေ၊ စီးပွားရေး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရမယ့် အခါသမယဖြစ်ပါတယ်… အဲဒီအချိန်မှာ… ကျွန်တော်တို့ဟာ.. ဒီပရောဂျက်ကို စထားပြီး မလုပ်ဘူး လုပ်ဖြစ်တော့ဘူးဆိုပြီး ဘုမသိဘမသိတဲ့ သူတွေ အော်သလို အေးကွာဖျက်လိုက် ကောင်းတယ် မလုပ်နဲ့ဆိုပြီး ဖျက်ပေးလိုက်ပါဘီဗျာ.. ကဲ.. နောက်ထပ် ရင်နှီးမြုပ်နှံမယ့် သူတွေ ရဲ့ ယုံကြည်မှုတွေကို ဘယ်လိုရယူတော့မလဲ… ??? ဒီမြန်မာနိုင်ငံကြီးက အလကားဟာတွေပါကွာ.. လွယ်လွယ်ကတိပေး ဟေးလာဝါးလားနဲ့ လွယ်လွယ်ဖျက်… စီးပွားရေးကို မညီမညွှတ်နဲ့ အဲလိုလုပ်တယ်ဆိုပြီး ဘယ်နိုင်ငံက လာရောက်ရင်းနှီး မြုပ်နှံတွေ လုပ်ကြတော့မှာလဲဗျာ…

ကဲ…ကွာ.. ဒီအစိုးရက ဆောက်ခွင့်ပေးလိုက်ပီ ကဲဘာအကျိုးအမြတ် ရမှာလဲ… ဟုတ်ကဲ့ဗျ.. စာဖတ်သူတို့ပဲ စဉ်းစားကြည့်ပေါ့ဗျာ.. အခုလက်ရှိ အစိုးရသက်တမ်းက ငါးနှစ်ဗျ လုပ်မယ့် ပရောဂျက်က ၈ နှစ်ကျော်ဆယ်နှစ်နီးပါးကြားမှာ.. နောက်အစိုးရ လက်ထပ်ကြမှ ကောင်းကျိုးတွေကို ခံစားရမှာ… အဲဒါကြောင့် လက်ရှိ အစိုးရက နာမည် အပျက်ခံပြီး ကောင်းရာ ကောင်းကျိုးကို လုပ်ပေးနေတယ်ဆိုတာ ထင်ရှားပါတယ်.. ကောင်းကျိုးတွေက ဘာတွေလဲ… ဘာတွေရမှာလဲ…??

ကျွန်တော်တို့က free power ၁၀% အလကားရတယ်။ ဒီကောင်က ၁၈၀၀၀ ထွက်ရင် ကျွန်တော်တို့က ၁၈၀၀ အလကားရမယ် ကျွန်တော်တို့ လက်ရှိတစ်နိုင်ငံလုံး သုံးနေတာထက် ၂၀၀ တောင်ပိုများတယ်နော်… စဉ်းစားကြည့်… ။ နောက်တစ်ခါ သူ့ဆီက သူက လာရောက်ရင်းနှီး မြှုပ်နှံတယ်။ ကျွန်တော်တို့ရဲ့ resource ကိုသုံးတာ ဖြစ်တဲ့အတွက် ၁၅% အရင်းထည့်ပေးရတယ်။ ကျွန်တော်တို့အရင်း၊ ကျွန်တော်တို့ free share ၁၅% ရတယ်။ ဒီလျှပ်စစ်က Both Country သုံးခွင့်ရှိတဲ့အတွက် နှစ်နိုင်ငံလုံး သုံးခွင့်ရှိတဲ့အတွက် ကျန်တဲ့ဟာကို ကျွန်တော်တို့ ကြိုက်သလောက် ၀ယ်သုံးလို့ရတယ်။ နောက်တစ်ခုက ရောင်းတိုင်း ရောင်းတိုင်းမှာ ၈% Commercial Tax ရတယ်။ နောက်တစ်ခါ မြတ်တဲ့ဟာရဲ့ ၃၀%။ ကျွန်တော် အမြတ်ဝေစုအဖြစ် ခွဲဝေရရှိတယ်။ တစ်ခါ အခြား မြတ်တဲ့အမြတ်ရဲ့ ၃၀% ခွဲဝေ ရရှိတယ်။ withholding tax ရတယ်။ သူ့ကို perception period ပြီးတဲ့အချိန်မှာ ဒီဆည်ကြီးဟာ… ကိုယ့် နိုင်ငံအပိုင်ဖြစ်လာမယ်။ အနှစ်သုံးဆယ် ရှိမှရမှာ ငါတို့က အမှိုက်ကောက်ဖို့ပဲ ကျန်တော့မှာပေါ့ဟဲ့… အဲလိုလဲ မဟုတ်သေးပါဘူး… ဒီရေအားလျှပ်စစ်က ပြန်လည် ပြည့်ဖြိုးမြဲစွမ်း အင်တစ်ခုဖြစ်ပါတယ်.. အဲဒါကြောင့် ထိန်းထိန်းသိမ်းသိမ်း အသုံးချမယ်ဆိုရင် နှစ်ပေါင်း ကြာရှည်ခံပါတယ်… အခု ကျွန်တော်တို့ နိုင်ငံမှာ လက်ရှိ လျှပ်စစ်ထုတ်နေတဲ့ ဘီလူးချောင်း က ၅၂ နှစ် ရှိပါပြီ။ ကြာရှည်ခံပါတယ်.. အဲဒါကြောင့် ဒီရေအားလျှပ်စစ်ကြီးဟာ နောင်တစ်ချိန် ကျွန်တော်တို့ ပိုင်လာတဲ့ အခါ လျှပ်စစ်တွေကို ပြည်တွင်းမှာ ဖူလုံစွာ ပေးသုံးနိုင်ရုံ မကပါဘူး ပိုရှံပါက တရုတ်ကို သူဆီနဲ့ သူ့ပြန်ကျော်စားလို့တောင် ရပါသေးတယ်… နောက်ပြီး တစ်ချို့ကလဲ ဒီမြစ်ဆုံ စီမံကိန်းကြီးကြောင့် နှစ်ငါးဆယ် လောက်ရှိရင် ဧရာဝတီမြစ်ကြီး ပျက်မှာတို့ဘာတို့ ပြောကြတယ်...အဲလိုလဲ မဖြစ်ပါဘူး…. ဘီလူးချောင်းစီမံကိန်းကြောင့် ဘီလူးချောင်းကြီး ပျက်စီးသွားပြီလို့ ဒီလိုမျိုးတွေ ကြားဖူးသလား မကြားဖူးပါဘူး ထိန်းသိမ်း စောင့်ရှောက်မှုတွေ လုပ်ရင်းနဲ့… စီးပွားရေး တွေလဲ အဆင်ပြေနိုင်ပါတယ်…

ကဲဗျာအဲဒါပြီးရင်.. ဒေသအတွင်း ရုပ်ပိုင်းဆိုင်ရာအရ တိုးတက်ပြောင်းလဲ မှုတွေကို ကြည့်ရအောင်ဗျာ… ဘယ်လိုလဲ ကျွန်တော်တို့ အရင်က မြစ်ဆုံလမ်းက ကြမ်းပါတယ်.. အခုလို စီမံကိန်း လုပ်လိုက်တာနဲ့ လမ်းတွေ ကောင်းသွားမယ်.. မြစ်ဆုံဒေသမှာ ဒီလိုဆည်ကြီး ဆောက်ပြီးသွားတဲ့အတွက် လာလေ့လာရင်း မြစ်ဆုံအလှကို ခံစားမယ့်သူတွေ ဧည့်သည်ခရီးသွားတွေ များလာမယ်… မြစ်ဆုံဒေသ မီး၂၄ နာရီအပြည့်နီးပါးရမှာ ဖြစ်တဲ့အတွက်… အစစ အရာရာ ဖွံ့ဖြိုးတိုးတက်လာမယ်… တရုတ်နိုင်ငံနဲ့လည်း အချိန်မရွေး၊ နေရာမရွေး စီးပွားရေး လုပ်ချင်သလို လုပ်လို့ရနိုင်တဲ့ ယုံကြည်မှုတွေ တည်တံ့နေစေမှာပါ… နောက်ပြီး လျှပ်စစ်မီးလဲ ကောင်းကောင်း ရလာလို့ ကျွန်တော်တို့ နိုင်ငံမှာ.. စီးပွားရေးအရ ရင်းနှီးမြုပ်နှံလို့ ရပါပြီ ယုံကြည်လို့ ရပါပီဆိုတဲ့ အချက်မှာ… လာရောက် ရင်းနှီးမြုပ်နှံချင်တဲ့ သူတွေ စိတ်ကို ခိုင်မာလာစေမယ်… အဲဒီအတွက် စက်ရုံ အလုပ်ရုံ စသဖြင့်ပေါ့ဗျာ… လာရောက် ရင်နှီးမြုပ်နှံမှုတွေ များလာစေနိုင်ပါတယ်.. (ဒီအချက်ကို ပြည်ပအတိုက်အခံ တော်တော်များများ မဖြစ်စေချင်ကြပါဘူး…)

ဒါတွေက ကျွန်တော် လက်လှမ်းမှီသလောက် စဉ်းစားမိတဲ့ အကျိုးရလဒ်တွေပါ…. ဒီထက် အကျိုးရှိတာတွေ အများကြီး ရှိနိုင်ပါတယ်…. (နည်းပညာတွေ၊ မြစ်ကြောင်းထိန်းသိမ်းမှု ပညာတွေ စသဖြင့်...) ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ.. သူများပြောတိုင်း မယုံကြပါနဲ့ ကိုယ်နိုင်ငံရေး ဖြစ်တဲ့အတွက် ကိုယ်ပိုင်ပဲ စဉ်းစားဆုံးဖြတ်ကြပါ… နိုင်ငံရေး အရှုပ်အထွေးမာယာ ပရိယာယ်တွေ ကြားထဲမှာ ပြည်ပက သေမထူးနေမထူး.. မြေခွေးတွေ အများကြီး ပဲလှော်ထဲကို ထည့်လှော်မယ့် ဆားတွေကို လိုက်ရှာရင်း အချောင် အခွင့်အရေးတွေကို စောင့်နေပါတယ်…

သတိထားနိုင်ကြပါစေ….

((သွေးသစ္စာ))

12 comments:

okey... မင်းရဲ့ အိုင်ဒီနဲ့နံမည်အရင်းကိုတင်လိုက်...။
နောင်လာမဲ့ ၈နှစ်လောက်မှာ ကောင်းကျိုးတွေခံစားရမယ်
ဆိုတော့..သဘာဝပညာရှင်တွေထောက်ပြ၊ ပြောပြတဲ့အတိုင်းမလိုက်နာလို့ ဆိုးကျိုးတွေဖြစ်လာရင်
မင်းတစ်ဆွေလုံး တစ်မျိုးလုံး အဲဒီအချိန်ကျရင် တစ်ယောက်မကျန် ကားစင်တင်ပြီး ရှင်းမယ်လေ... ဘယ်လိုလဲ သွေးသစ္စာ??? အဲဒီအချိန်ကျမှ ရူးသလိုကြောင်သလို လုပ်လုပ်မရအောင်လေ.. တာဝန်ယူမှု့ဆိုတာနားလည်လား??? မင်းတို့အဘတွေတွေလုပ်သလို ပြီးမှရူးချင်ယောင်ဆောင်လို့မရဘူးကွ.. အခုကိစ္စက တစ်ပြည်လုံးရဲ့ဘ၀ အသက်သွေးကြောကွ...။

အပေါ်က ပုဂ္ဂိုလ်ခင်ဗျား - လူဖြစ်ပြီး လူစိတ်မရှိတဲ့ ဖြုတ်ဦးနှောက်လေးနဲ့ လုပ်နေတဲ့ အာဏာရှင်အစိုးရနဲ့ သူ့ ဒေါက်တိုင်တွေကို သွေးသစ္စာတွေဘာတွေ မတန်ရာလျှောက်မပြောနေပါနဲ့ဗျာ၊ ဘလော့တင်ထားပြီး ဘလောဂါရဲ့ နာမည်နဲ့ ပရိုဖိုင်းတောင်မဖေါ်ပြရဲတဲ့ ထမီခြုံကြားက လက်ဝါးထောင်နေတဲ့ ကြံ့ဖွတ်ပေါက်ပန်းစေးကောင်တွေကို ထည့်ကိုပြောနေစရာမလိုပါဘူးဗျာ

ဧရာဝတီမြစ်ဆုံ ဒေသ စီမံကိန်း ဆောက်သင့်တယ် မဆောက်သင့်ဘူး ဆိုတာ ပညာရှင်တွေနဲ့
ဆွေးနွေးတာအကောင်းဆုံး ဖြစ်မယ်လို့ယူဆတယ်..တာဝန်ယူလုပ်ဆောင်နေတဲ့သူတွေဆိုတာ..တာဝန်ကတော့ယူရတာပဲ...စေတနာထားလုပ်တယ်ဆိုရင်မှားရင်တောင်လက်ခံရမှာပဲ..အခု မှ ဧရာဝတီ ဆိုပြီးတရေးနိုးထအော်သူတွေဆိုတာပညာမဲ့တွေပဲ..ဧရာဝတီ ကိုခုတုန်းမလုပ်ကြပါနဲ့ဗျာ..နောက်တခုက အခု ကန့်ကွက်နေကြတဲ့သူတွေရော ကန့်ကွက်မှုတွေကို တာဝန်ယူကြလား..
တကယ်လို့ကန်ကွက်တဲ့ကြားက ဆောက်လိုက်ပါပီတဲ့ကန့်ကွက်တဲ့သူတွေပြောသလို ဖြစ်မလာရင် ကန့်ကွက်တဲ့သူတွေ ရူးချင်ယောင်ဆောင်ပီး လျှပ်စစ်ကို ကောင်းကောင်းသုံးနေကြမလား..၊ဆောက်သင့်တယ်ဆိုရင်နိုင်ငံအတွက် အကျိုးရှိမယ်..၊ မဆောက်သင့်ဘူးဆိုရင် နိုင်ငံအတွက် အကျိုးရှိမယ် စသဖြင့် ပညာရှင်တွေ လေ့လာဆွေးနွေးသုံးသပ် အဖြေရရမယ်..နိုင်ငံအတွက် စေတနာထားလုပ်ကိုင်ဖို့ရန် ငြင်းခုံနေလို့ အဖြေမှ မရတာ..

> နတ်ဆိုး <


ခွေးလောက်မှ စဉ်းစားဉာဏ်မရှိရင်တော့ တိုက်ခိုက်တဲ့ 
စကားလုံးများပဲပြောကြပါ....ကိုယ့်နိုင်ငံတိုးတက်ဖို့ မစဉ်းစားဘူး...အမြဲလိုက်လိုက်ကိုက်တတ်နေတဲ့အကျင့်ပါနေသောမကောင်းမြင်သမားများ ..

okey မင်းအိုင်ဒီနံပါတ်ကို အမှန်အတိုင်းတင်လိုက်ဆိုတဲ့  ကောင်လေး ဒီစီမံကိန်းကြီးပြီးလို့ နောင်(၈)နှစ်မှာ အကျိုးခံစားခွင့် ရှိလာခဲ့ရင်ရော မင်းတဆွေတမျိုးလုံးကို ကားစက်တင်မယ်ဘယ်လိုလဲ စကားကိုပေါက်လွတ်ပန်းစား မပြောရဘူးညီလေးရ မင်းက ရေကာတာဆောက်တဲ့  အင်ဂျီနီယာ လား ဆောက်လုပ်ရေးပိုင်းပြောလို့ ရတယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလား ok သစ်တောပြုန်းမှာပြောလို့ ရတယ် နေရင်းထိုင်ရင်း မိုးပြုမှာကြောက်လို့ ခြေထောက်ထောင်နေတဲ့  ဘ၀တော့  မနေရဘူးလေကွာ

စောက်တင်းပြောရတာလွယ်တယ်ဟေ့ လုပ်ရတာသာမလွယ်တာ ဒါနဲ့များ မလုပ်ပဲနဲ့ အေးအေးဆေးဆေးပဲ စောက်တင်းထိုင်ပြောနေတာမကောင်းဘူးလား အစိုးရမင်းများရယ်

မြစ် ဆုံ အ တွက် သမတကြီး ကို ရှဲ ရှဲ။

((သွေးသစ္စာ)) ရေ မင်းအသက်နဲ့ မင်းဆွေစဉ်မျိုဆက် အသက်ကို စတေးခံပြီး အာမခံပေးရဲလား.....
ဧရာဝတီဘာမှ မဖြစ်နိုင်ဘူးဆိုတာကို
အဲဒီလိုပဲ
ဒီပရောဂျက်ကို တည်ဆောက်သူတွေရော ဆွေစဉ်မျိုးဆက်အသက် အာမခံပေးရင် ငါတို့ ပြည်သူတွေထောက်ခံပေးမယ်....

စာဖတ်သူ အတိုက်အခံတော်တော်များများ သိနေတာ ထင်နေတာတွေက.. ဧရာဝတီမြစ်ကြီးကို ပိတ်ပြီး ရေကာတာဆောက် ပြီးရင် ရေအားလျပ်စစ် ထုတ်မယ်လို့ထင်နေတာကို.. ဒါ့ကြောင့် လိုက်ကန့်ကွက်နေတာ.. ဘယ်သူမှအမိုက်ခံပြီး မြစ်ကို ပိတ်ပြီး အဆောက်ပါဘူး အဓီက က ရေအားကို သွယ်ပြီးသူတာပါပဲ.. ထားလိုက်ပါတော့... ကိုယ်မှန်ရင် ချီးတောင်စားတတ်တဲ့ မြန်မာ့အတိုက်အခံတွေကြောင့်.. ဖြစ်ချင်ရာသာဖြစ်စေတော့... မီးမရှိလို့ သေရင်လဲသေဟေ့.. (ကျော်ကြီး)

ရှင်းပြလည်း နွားကိုပလာတာ ကျွေးသလိုပဲ ဖြစ်မှာပါ မအေလိုးတွေက အကောင်းမမြင်ဘူး မြစ်ဆုံကို သူ့ပထွေး အမေရီကန်က လုပ်မယ်ဆိုရင် ဘာပြောမလဲမသိဘူး ။လျှပ်စစ်ကို ကျောက်မီးသွေးနဲ့ ထုတ်မယ်ဆိုလဲ ကန့်ကွက် ၊ရေအားလျှပ်စစ်နဲ့ ထုတ်မယ်ဆိုလဲ ကန့်ကွက် သူတို့ အမေ စောက်ပတ်ထဲက ထုတ်မယ် လို့ ပြောလိုက်ကွာ သဘောတူလောက်ပါတယ်။

ကဲ လက်သံတွေ အမြဲ ပြောင်လာတဲ့ EMG ရေ .. ခွေးတွေ တော့ ကြောက်လန့် တကြားနဲ့ စဟောင်လာကြ ပြီ .. ဒေါ်စုကို မဗေဒါ တစ်ပင်တည်းတဲ့ ..အမှန်က EMG နဲ့ ဒေါက်တာဆိတ်ဖွားကမှ မဗေဒါတွေ .. ဒီမိုစောက်အစုတ်ပလုတ် ဘလော့တွေကြားမှာ ထီးထီး ရှင်သန်တိုက်ခိုက်နေတာကို ကြောက်ချေးတွေပန်းပြီး ထအော်ကုန်ကြပြီ ဘာပဲပြောပြော လုံခြံရေးလေး ဂရုစိုက်ပါ .. ဒီမိုခွေးတွေ ဟောင်သရွေ့ EMG အဓွန့် ရှည်ပါစေ !!

I Vote all! Because this Website is collecting by Stupid Dogs and Crazy pussy.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်