Subscribe to our RSS Feed

အစိုးရရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု အောင်မြင်လာ


နိုင်ငံတော်သမ္မတနှင့် ကာလုံ ၏ ဦးဆောင်မှုဖြင့် မြန်မာပြည်တဝှမ်းငြိမ်းချမ်းရေးအတွက် တပ်မတော်နှင့် တာဝန်ရှိသူများ ကြိုးစားလာခဲ့ရာ အခုဆိုရင် KNU ကိုယ်စားလှယ်အဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ပြီဖြစ်ပါတယ်။ KNU ဖက်မှ ဗိုလ်ချုပ်ကြီး မူတူးစောဆေးဖို့ ဦးဆောင်တဲ့၊ ၁၉ ဦးပါတဲ့၊ ကေအင်ယူ ကိုယ်စားလှယ်အဖွဲ့ ထဲမှာ ကေအင်ယူ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့က ၅ ဦးအပြင်၊ တပ်မဟာ ၇ တပ်မှူး ဗိုလ်မှူးချုပ်ဂျော်နီ နဲ့ ကေအင်ယူ ရဲ့ ခရိုင် ၇ ခုရှိတဲ့အထဲက၊ ၅ ခရိုင် က ဥက္ကဌတွေ ဟာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ လက်ခံလာကြပြီ ဖြစ်ပါတယ်။

ဒီလို ကေအင်ယူရဲ့နယ်မြေလိုက် အဓိက၊ကျတဲ့ခေါင်းဆောင်တွေလိုက်ပါသွားလို့လဲ၊ အခု ခရီးစဉ်မှာ ကေအင်ယူ နဲ့ အစိုးရကိုယ်စားလှယ်တွေ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးကြမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် ရင့်လတ်တက်လာပြီးနောက်ပိုင်း မြန်မာသောင်းကျန်းသူတွေနဲ့ ဒုက္ခသည်တွေအပေါ်မှာ တင်းကျပ်မှုတွေ လုပ်လာတာကတကြောင်း၊ လက်ရှိသမ္မတရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတာက တကြောင်း KNU တို့ အမြင်မှန်ရပြီး ငြိမ်းချမ်းရေးလက်မှတ်ထိုးဖို့ ရောက်လာကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် အမြင်မှန်ရပြီး ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၀ တုန်းက ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ခဲ့ရာမှ အခုဆိုရင် ရွေးကောက်ပွဲကို တန်ဖိုးထားဖို့ နဲ့ မဲပေးကြဖို့ကို ပါးစပ်ဖျားက မချတမ်းပြောနေတာကို ကြားနေရပါတယ်။ ၂၀၁၀ တုန်းက ပါတီမှတ်ပုံတင်ဖို့ အကြိမ်ကြိမ်ပြောစဉ်က လုံးဝ မှတ်ပုံမတင်ခဲ့ပဲ အခြေခံဥပဒေကို ဆန့်ကျင်ခဲ့ပေမယ့် အခုကျတော့လည်း ပါတီမှတ်ပုံတင်ရေး၊ ပါတီဆိုင်းဘုတ်တင်ရေး၊ ပါတီဝင်စုဆောင်းရေး အလုပ်တွေနဲ့ အလုပ်တွေ ရှုပ်ရှက်ခက်နေပါတော့တယ်။


Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်