အတွဲ ၂၈ ၊ အမှတ် ၅၅၁ ( ၆ - ၁၂ ၊ ၁ ၊ ၂၀၁၂)
မြန်မာ့လယ်ယာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ခြေလှမ်းတစ်ရပ်အနေဖြင့် နေပြည်တော်၌ အမေရိကန်ဒေါ်လာ သန်း ၂၀ ကို ပြည်တွင်း စီးပွားရေးလုပ်ငန်း ရှင်တစ်ဦးဖြစ်သူ ဦးကြည်စိန်က ရင်းနှီး မြှုပ်နှံသွားမည်ဟု လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပြီးခဲ့သည့်လက ပြောကြားခဲ့သည်။
ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းကျေးရွာ အနီးတွင် စပါးစိုက်ပျိုးမြေဧက ရာနှင့်ချီ၍ လုပ်ကိုင်လျက်ရှိပြီး နေပြည်တော် လယ်ယာကဏ္ဍကို စက်မှုလယ်ယာအဖြစ် ပြောင်းလဲနိုင်ရေးအတွက် အမေရိ ကန်ဒေါ်လာ သန်း ၂၀ ရင်းနှီးမြှုပ်နှံသွားမည်ဟု သမ္မတကြီးဦးသိန်းစိန်အား ကတိ က၀တ်ပြုထားသူဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
"ဆည်ရေသောက်တွေကို ဟက်တာ ကွက်လုပ်မယ်။ စက်မှုလယ်ယာအဖြစ် မကြာခင် ပုံပေါ်လာပါမယ်"ဟုပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
တစ်ဧကမှ ငါးဧကပိုင်သူအများစု၊ ၁၀ ဧကနှင့်အထက် ပိုင်ဆိုင်သူအနည်းငယ် နှင့် ၁၀ ဧကအထက် တစ်ဆက် တစ်စပ် တည်း ပိုင်ဆိုင်သူ နည်းပါးသည့် နေပြည် တော် မြေယာပိုင်ဆိုင်မှုအတွက် ဟက်တာအကွက်ကြီး လုပ်ဆောင်ရန် အခက်အခဲရှိမည်ဖြစ် ကြောင်းနှင့် လယ်/ဆည်ဝန်ကြီးဌာနအနေဖြင့် မည် ကဲ့သို့ လုပ်ဆောင်မည်ဆိုသည်မှာ စိတ် ၀င်စားဖွယ်ဖြစ်ကြောင်း ဒေသခံစိုက်ပျိုး ရေးပညာရှင်တစ်ဦးက ပြောကြားသည်။
"ဒေသခံတောင်သူတွေကို အောင်မြင် အောင်၊ နားလည်သဘောပေါက်အောင် စည်းရုံးနိုင်ရင် စက်ကြီးတွေနဲ့ ထွန်ယက်တာ၊ စိုက်ပျိုးတာ၊ ရိတ်သိမ်းတာ၊ ကုန်ထုတ်လမ်းတွေနဲ့ ဈေးကွက်အရောက် သယ်ယူတာတွေဟာ စက်မှုလယ်ယာ ဖွံ့ဖြိုးရေးအတွက် အများကြီး အထောက်အကူဖြစ်မှာပါ"ဟု ၎င်းက သုံးသပ်ပြောကြားသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်