အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားပိတ်ဆို့မှု ယာယီရုတ်သိမ်းလိုက်ပါတယ်။ ယာယီရုတ်သိမ်းတယ်ဆို ပြီး ဖွင့်ပေးတယ်ဆိုတာကလည်း ရာသက်ပန် ရုတ်သိမ်း တဲ့ သဘောဖြစ်ပါတယ်။ မြန်မာ ဆိုသည်မှာ မြန်လည်းမြန် မာလည်း မာလို့ မြန်မာလို့ နာမည်ပေးထားတာဖြစ်ပြီး ရှေ့မှာ ပိတ်ဆို့ထားတာတွေ ရှိလို့ နှေးကွေးနေရတာ ဖြစ်ပါတယ်။ ပိတ်ဆို့မှု တွေ ရုတ်သိမ်းတဲ့ သတင်းကြောင့် မြန်မာအစိုးရ အပါအဝင် မြန်မာနိုင်ငံသားများအားလုံး ဝမ်းသာ ကြည်နူး ပျော်ရွှင်လျှက်ရှိပါတယ်။
တရုတ် နဲ့ အာဆီယံနိုင်ငံများကလည်း မြန်မာ အပေါ် စီးပွားပိတ်ဆို့မှု အပြီးရုတ်သိမ်းရေးအတွက် အမြဲလိုလိုတောင်းဆိုပေးလျှက် ရှိပါတယ်။ လူထု ခေါင်းဆောင်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပိတ်ဆို့မှုတွေကို သတိ နဲ့ ရုတ်သိမ်းဖို့ ပြီးခဲ့တဲ့ အပတ်က မရုတ်သိမ်းစေလိုကြောင်း ဖွင့်ပြောခဲ့ပါတယ်။ US Campaign for Burma အဖွဲ့က ပြည်တွင်းဖြစ် အမေရိကန်နိုင်ငံသား မြန်မာလူမျိုး များ ကတော့ မြန်မာနိုင်ငံအပေါ် စီးပွားပိတ်ဆို့မှု ရုတ်သိမ်းရေး ကြေညာခဲ့တဲ့ ဟီလာရီကလင်တန်ရဲ့ ကြေညာချက်ကို စိတ်ပျက်မိတယ်လို့ ပြောဆိုခဲ့ပါတယ်။
Myanmar Express

2 comments:
Bravo!Very welcome for lifting sanction over Myanamr. Happy..Happy...Happy
Great news!. If you remove sanctions on the ministers, you must remove sanctions on the business. Get real.
SV.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်