Subscribe to our RSS Feed

ဝန်ထမ်းမဟုတ်သော သက်ကြီးရွယ်အိုများအတွက် ပင်စင်အစီအစဉ် မကြာမီပေါ်ထွက်မည်

From : ခေတ်လူငယ်


အစိုးရပင်စင်လစာ မဟုတ်ဘဲ အဖွဲ့အစည်းများတွင် ဝန်ထမ်းမဟုတ်သော သက်ကြီးရွယ်အိုများအတွက် ခံစားခွင့်ရှိသည့် သက်ကြီးပင်စင် အစီအစဉ်အသစ် မကြာမီပေါ်ထွက်လာမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာမှ
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က ပြောသည်။ ယင်းသက်ကြီးပင်စင် အစီအစဉ် အသစ် သည် ပြည်ထောင်စု လွှတ်တော်တွင်မကြာမီ အတည်ပြုတော့မည့် လူမှုဖူလုံရေး ဥပဒေအသစ်တွင် ထည့်သွင်းဖော်ပြထားသောကြောင့် ထွက်ရှိလာတော့မည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။ အသစ်ပြဋ္ဌာန်း မည်ဖြစ်သော သက်ကြီးပင်စင်တွင် မည်သူမဆို သက်ကြီးခံစားခွင့်အဖြစ် အာမခံကြေးပေးသွင်းပါက သက်ကြီးပင်စင် ခံစားခွင့်ရမည်ဖြစ်ကြောင်း၊ သို့သော်လည်း သက်ကြီးပင်စင်အတွက် ပေးသွင်းရမည့် အာမခံကြေးပမာဏနှင့် ခံစားခွင့်ကို ရေးဆွဲနေဆဲဖြစ်သောကြောင့် အတိအကျ မထွက်ရှိသေးကြောင်း ဦးအောင်ထွန်းခိုင်က ပြောသည်။ အစိုးရဝန်ထမ်းများအနေဖြင့် အစိုးရက ပေးသောပင်စင်လစာအပြင် သက်ကြီးပင်စင်လစာကိုပါ ခံစားခွင့်ရမည်ဖြစ်သည်။ ယခုလက်ရှိတွင် သက်ကြီးရွယ်အိုများအတွက် သက်ကြီး ရွယ်အို စောင့်ရှောက်ရေးဥပဒေကို ရေးဆွဲရန် ပြင်ဆင်နေပြီး နိုင်ငံတကာမှ ပြဋ္ဌာန်းသော ဥပဒေ များကိုပါ လေ့လာ၍ မြန်မာနိုင်ငံနှင့် သင့်လျော်သော ဥပဒေကို ပြဋ္ဌာန်းမည်ဖြစ်သည်။ မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုဦးရေသည် နိုင်ငံ့လူဦးရေသန်း ၆၀ တွင် ၁၀ ရာခိုင်နှုန်း ရှိသည်။ နိုင်ငံတော် အစိုးရနှင့် ပြည်တွင်းပြည်ပရှိ လူမှုရေး အဖွဲ့အစည်းများ၏ ကူညီစောင့်ရှောက်မှုကြောင့် လက်ရှိသက်ကြီးရွယ်အို လူဦးရေ ၃၀ ရာခိုင်နှုန်းလောက်သာ ကူညီထောက်ပံ့နိုင်ကြောင်း သိရှိရသည်။

 
 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်