Subscribe to our RSS Feed

လုံးချင်းဝတ္ထုများ စိစစ်ရေးတင်ရန် မလိုတော့


From : ခေတ်လူငယ်

စာပေစိစစ်ရေး၏ စတုတ္ထအဆင့် ဖြေလျှော့ပေးခြင်းအဖြစ် လုံးချင်းဝတ္ထုများအား လွတ်လပ်စွာ ထုတ်ဝေခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မေလ ၁၅ ရက်တွင် စာပေစိစစ်ရေးဌာန၌ ပြုလုပ်သည့် ထုတ်ဝေသူများနှင့် ညှိနှိုင်းစည်းဝေးပွဲတွင် တရားဝင် ထုတ်ပြန်လိုက်သည်။ ယခု စတုတ္ထအဆင့် ဖြေလျှော့မှုအရ ယခင် အုပ်စု (၂)တွင် ပါဝင်သော အထွေထွေစာမူများ အနက် “၀တ္ထု” စာမူများအား အုပ်စု (၁) ထုတ်တင်စနစ်သို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ “အရင်က စာပေနဲ့စာနယ်ဇင်းအဖွဲ့ပဲ ရှိခဲ့တာကနေ အခုဆို မီဒီယာအသင်းအဖွဲ့ ပေါ်လာဖို့ ရှိပါတယ်။ မီဒီယာဥပဒေ မပေါ်မီ ကျွန်တော်တို့က လက်ရှိနဲ့ သဟဇာတဖြစ်အောင် ထိန်းပေးထားတဲ့ အနေအထားပါပဲ။ စာနယ်ဇင်းကောင်စီကိုလည်း ဇွန်လမှာပေါ်ဖို့ လုပ်ထားပါတယ်။ ကျွန်တော်ထင်တာကတော့ ၂၀၁၂ ဇွန်လ တတိယအပတ်လောက်ဆို ဒီဆင်ဆာလုပ်ငန်း မရှိနိုင်တော့ဘူးလို့ သက်ရောက်ပါတယ်” ဟု အဆိုပါ အစည်းအဝေး၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၁၇ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်