Subscribe to our RSS Feed

အိမ်ရှင်အကြို မျက်နှာပန်းလှနေသည့် အာဆီယံအစည်းအဝေးရောက် မြန်မာ

From :7day


ရေးသားသူ- ငြိမ်းငြိမ်းနိုင်

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပနေသည့် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(အာဆီယံ)က အာဆီယံလူ့အခွင့်အရေးပဋိညာဉ်ကိ
ု ဒေသတွင်းနိုင်ငံများအတွင်း လူ့အခွင့်အရေးဆိုင်ရာပြဿနာများ ရင်ဆိုင်ကြုံတွေ့နေရချိန် နိုဝင်ဘာ ၁၈ ရက်၌ ခေါင်းဆောင်များ လက်မှတ်ထိုးထုတ်ပြန်လိုက်သည်။

ထိုအချိန်တွင် မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော ရခိုင်တိုင်းရင်းသားများနှင့် ရိုဟင်ဂျာများအကြား ပဋိပက္ခများ ရပ်တန့်နိုင်ရေး ရုန်းကန်နေရချိန်၊ တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေချိန်၊ ဗီယက်နမ်နိုင်ငံမှာ ဘလော့ဂါ ၃ ဦး အစိုးရကို ဆန့်ကျင်ပြောဆိုမှုနှင့် ထောင်ဒဏ် ၄ နှစ်မှ ၁၂ နှစ်အထိ ချမှတ်ခံနေရချိန်၊ အလားတူ အင်ဒိုနီးရှားနိုင်ငံကလည်း ဒေသတွင်း လူနည်းစုများအပေါ် အကြမ်းဖက်မှုများအား ဖြေရှင်းနေရချိန်၊ လာအိုနိုင်ငံတွင်လည်း အင်အားသုံး မြေယာသိမ်းယူမှုများ ဖြစ်ပွားနေချိန်ဖြစ်သည်။ ယခု (၂၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအား အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ကမ္ဘောဒီးယားနိုင်ငံတွင်လည်း မြေယာသိမ်းယူမှုများနှင့် အဓမ္မဖယ်ရှားမှုများ ပိုမိုဖြစ်ပွားနေပြီး ဆန္ဒပြသူများအား ဖမ်းဆီးထိန်းသိမ်းမှုများနှင့် ခိုင်မာမှုမရှိသော စွဲချက်များနှင့် ထောင်တွင်းအကျဉ်းကျမှုများ ဖြစ်ပေါ်လျက်ရှိနေချိန်တို့နှင့် တိုက်ဆိုင်နေခြင်းဖြစ်သည်။

စင်ပြိုင်အာဆီယံအဖွဲ့ (Alt SEAN) မှ ညှိနှိုင်းရေးမှူး မစ္စ Debbie Stoethard က လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် ပတ်သက်၍ ယခုကဲ့သို့ မှတ်ချက်ပြုသည်။

“အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်းက နိုင်ငံတကာ လူ့အခွင့်အရေးစည်းမျဉ်းတွေနဲ့ ကိုက်ညီမှုမရှိပါဘူး။ ဒီဒေသကလူတွေဟာလည်း အခြားကမ္ဘာအရပ်ရပ်က လူတွေလိုပဲ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုတွေကို ရရှိဖို့ထိုက်တန်ပါတယ်။ ဒါပေမဲ့ ဒီကြေညာစာတမ်းကတော့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်”

သူမကပင်ဆက်လက်၍ ယခု လူ့အခွင့်အရေးကြေညာစာတမ်းက ဒေသတွင်း လူ့အခွင့်အရေး စံချိန်စံညွှန်းများအား ပိုမိုကောင်းမွန်အောင် လုပ်မပေးနိုင်ဘဲ အစိုးရများအား စံချိန်စံညွှန်းလျှော့ချဖို့ အခွင့်ပေးလိုက်သလို ဖြစ်သွားနိုင်ပြီး ယင်းကြောင့်ပင် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးစံချိန်စံညွှန်းများ မြှင့်တင်ရန် အခွင့်အလမ်းများကို အန္တရာယ်ပြုနိုင်သည်ဟု ဆိုသည်။

လူ့အခွင့်အရေးကြေညာစာတမ်းက မပြည့်စုံမှုများ ရှိနေသေးသော်လည်း လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး အာဆီယံအနေဖြင့် လူ့အခွင့်အရေးနှင့် ပတ်သက်၍ ပထမဆုံးခြေလှမ်းဖြစ်၍ တဖြည်းဖြည်းချင်း သွားရမှာဖြစ်ကြောင်း ယင်းကြေညာစာတမ်းက မြန်မာနိုင်ငံအပါအ၀င် အာဆီယံနိုင်ငံများအတွင်း နိုင်ငံသားများအတွက် လူ့အခွင့်အရေးဆိုင်ရာ အကျိုးအမြတ်များ သက်ရောက်မှုရှိမှာ အမှန်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အာဆီယံနိုင်ငံအတွင်းသာမက ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် နာမည်ဆိုးနှင့်ကျော်ကြားခဲ့သည့် မြန်မာနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ယခုကျင်းပနေသည့် အာဆီယံထိပ်သီးအစည်းအဝေး၌ အစိုးရခေါင်းဆောင်များအတွက် မျက်နှာပန်းလှလှ တက်ရောက်နိုင်သည့် ပထမဆုံးသော အာဆီယံအစည်းအဝေးဖြစ်ကြောင်း အာဆီယံရေးရာ ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၂၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၁၅ ရက် မှ ၂၀ ရက်အထိ ဖနွမ်းပင်မြို့ရှိ ငြိမ်းချမ်းရေးစင်တာတွင် ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။

နိုင်ငံအတွင်း သိသာထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုများနှင့်အတူ အစည်းအဝေးသို့ တက်ရောက်ရန်လာသည့် အမေရိကန်သမ္မတအိုဘားမား၏ သမိုင်းဝင်မြန်မာပြည်ခရီးစဉ်ကြောင့် ၂၀၁၄ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မြန်မာနိုင်ငံအတွက် အစည်းအဝေးအတွင်း ဒေသတွင်း နိုင်ငံများအကြား မျက်နှာပွင့်လန်းစေခဲ့သည်။

“ဒီနှစ်အစည်းအဝေးမှာ မြန်မာအစိုးရခေါင်းဆောင်တွေ အနေအထားက တကယ့်ကိုကောင်းပါတယ်။ နိုင်ငံအတွင်းက ပြုပြင်ပြောင်းလဲမှုတွေကြောင့် မျက်နှာပွင့်နေတဲ့ မြန်မာခေါင်းဆောင်တွေကို အခုဆို ပြောချင်ဆိုချင်၊ နားထောင်ချင်၊ ကူညီချင်တဲ့လူတွေက အများကြီးဖြစ်လာပြီ။ အရင်နှစ်တွေကလို မြန်မာနိုင်ငံက အာဆီယံမှာ ပြဿနာပေါင်းစုံနဲ့ မဟုတ်တော့ဘူး။ ရခိုင်နဲ့ ကချင်ကိစ္စတွေတော့ ရှိနေသေးတာပေါ့”ဟု ထိုင်းနိုင်ငံထုတ် The Nation သတင်းစာ အယ်ဒီတာဟောင်းလည်းဖြစ် အာဆီယံရေးရာ ကျွမ်းကျင်သူလည်းဖြစ်သူ က၀ီချောင်ကစ်ဒါဗွန်ကသုံးသပ်သည်။

ထို့ကြောင့်လည်း ၂၀၁၄ အာဆီယံထိပ်သီးညီလာခံတွင် အိမ်ရှင်အဖြစ်၊ လက်ခံကျင်းပနိုင်ရေးအတွက် မြန်မာအစိုးရကိုယ်စားလှယ် ၁၀၀ ကျော် ကမ္ဘောဒီးယား ထိပ်သီးညီလာခံသို့ တက်ရောက်ခဲ့ပြီး ယင်းကိုယ်စားလှယ်များအတွက် နိုင်ငံအချို့နှင့် အဖွဲ့စည်းအချို့က ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အာဆီယံမှာ အကူအညီပေးဖို့ ကမ်းလှမ်းတာတွေ အများကြီးရှိပါတယ်။ အိမ်ရှင်အတွက် အဆင်သင့်မဖြစ်သေးပါဘူး။ ဒါပေမဲ့ ၂၀၁၄ အမီတော့ အဆင်သင့်ဖြစ်မှာပါ။ အခုဆို ဒီကအခြေအနေတွေလေ့လာဖို့ ပြင်ပအကူအညီတွေနဲ့ ထိပ်သီးအစည်းအဝေးကို အစိုးရကလူတွေ ပိုလွှတ်ထားတယ်”ဟု မြန်မာနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နယ်စပ်ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကပြောကြားသည်။

အာဆီယံဥက္ကဋ္ဌနေရာ တာဝန်ယူမည့် မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများဖြစ်သော လာအိုနှင့် ဗီယက်နမ်တို့ထက်ပင် လွတ်လပ်စွာရေးသားခွင့်၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့်တို့တွင် ရှေ့ရောက်နေပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေခံတိုင်းတာမှု ဆယ်နိုင်ငံတွင် အလယ်အလတ်တန်း၌ ရှိနေသည်ဟု မစ္စတာက၀ီချောင်ကစ်ဒါဗွန်က ခိုင်ခိုင်မာမာ သုံးသပ်ပြောဆိုသည်။

ယခု အာဆီယံထိပ်သီးအစည်းအဝေးသို့ အာဆီယံခေါင်းဆောင်များအပါအ၀င် နိုင်ငံတော်သမ္မတနှင့် ၀န်ကြီးချုပ် စုစုပေါင်း ၁၅ ဦး တက်ရောက်ခဲ့ကြသည်။

အာဆီယံ ၁၀ နိုင်ငံ + ၃ (တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်) နိုင်ငံတို့မှ ခေါင်းဆောင်များအပြင် အမေရိကန်သမ္မတ အိုဘားမား၊ နယူးဇီလန်ဝန်ကြီးချုပ် ဟွန်ဂျွန်ကေး၊ သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာဂီးလတ်၊ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းတို့ အပါအ၀င် အစိုးရအဖွဲ့ဝန်ကြီးများ၊ အစိုးရအရာရှိကြီးများ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။

ယခုနှစ် အာဆီယံအစည်းအဝေးတွင် တောင်တရုတ်ပင်လယ်ကိစ္စ၊ လူ့အခွင့်အရေးကြေညာစာတမ်းကိစ္စ၊ အာဆီယံဒေသတွင်း ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်သည့် ဆွေးနွေးမှုများက ခေါင်းဆောင်များအကြား အဓိကဆွေးနွေးပြောဆိုရမည့် အကြောင်းအရာများ ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံက လတ်တလော အာဆီယံဒေသတွင်း ရင်းနှီးမြှုပ်နှံသူများအတွက် စိတ်ဝင်စားဖွယ် အကောင်းဆုံးဒေသ ဖြစ်နေသည်ဟုဆိုသည့် အာဆီယံဆိုင်ရာ အာရှပစိဖိတ်ကောင်စီ အမေရိကန်ကုန်သည်များအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ Brett Sciaronic က မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများ ခေတ်မီအောင်ပြင်ဆင်ရေးက အရေးကြီးကြောင်း ထောက်ပြသည်။

“အခု ကမ္ဘောဒီးယားအစိုးရက နိုင်ငံကို ဘယ်လိုမြှင့်တင်ခဲ့သလဲဆိုတာ ပြန်လေ့လာရင် မြန်မာနိုင်ငံအတွက် နမူနာကောင်းတွေရမှာပါ။ မြန်မာနိုင်ငံအပေါ်မှာ စိတ်ဝင်စားမှုတွေ တအားကောင်းနေတဲ့အတွက် မြန်မာဟာ ပိုပြီးတော့ မြန်မြန်ဖွံ့ဖြိုးနိုင်ပါတယ်”ဟု မစ္စတာ Brett Sciaroni က ဆက်လက်ပြောကြားသည်။

အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးများကနေ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအတွက် အလွန်အသုံးဝင်သည့် ပလက်ဖောင်းဖြစ်ကြောင်း မစ္စတာ Brett Sciaronic နှင့် မစ္စတာက၀ီချောင်ကစ်ဒါဗွန်တို့က တညီတညွတ်တည်း သုံးသပ်သည်။

  Myanmar Express 

1 comments:

###ငါ ဒီမို ဘက်တော်သား လဲ မဟုတ်ဘူး စစ် ဘက် တော်သား လဲ မဟုတ်ဘူး ။ ဒါ ပေ မဲ့ ဒီမို ဖက်တီး နာမည် နဲ့ facebook မှာ ခွေးလို ဟောင် တဲ့ မေ ဇင် အေး
ဆိုတဲ့ ကောင် မ ကို အ သေ သတ် ချင် တယ်။###
ဘယ် ဘက် တော် သား ပဲ နေ နေ တိုင်းပြည် အတွက် တစက် က လေး မှ အကျိုး မပြု ပဲ internet ပေါ် က နေ ဖွလိုက် ဆွ လိုက် လုပ် ,တိုင်းပြည် အတွက် ဒီလောက် အလုပ် လုပ် ပေး နေ တဲ့ သမ္မတ ကို လဲ မိုက် မိုက် ရိုင်း ရိုင်း စော်ကား နေ တာ ကို ဒီ အတိုင်း ကြည့် နေ ကြ မှာ လား ???? ဘာ စောက် ဆင့် မှ မရှိ တဲ့ ဒုက္ခိတ
ခွေးမ တ ကောင် ကို တောင် မဆုံး မ နိုင် ကြ တော့ ဘူးလား????

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်