Subscribe to our RSS Feed

နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိပြီး မြန်မာစီပွားရေး လုပ်ငန်း ရှင်များအား ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်

From : Yangon Times

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ နယူးဇီလန် နိုင်ငံ ဝန်ကြီးချုပ် မစ္စတာဂျွန်ကီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခရီး လည်ပတ်ရန် ယနေ့ မွန်းလွဲ ၁

နာရီခွဲတွင် အထူးလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။

နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆိုင်ရာ နယူးဇီလန်နိုင်ငံ သံရုံးမှ Deputy Head of Mission Mr. Todd Cleaver နှင့် သံရုံးမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် New Zealand and Myanmar Talking Business အခမ်းအနားကို ညနေ ၃ နာရီတွင် တာမွေ မြို့နယ်ရှိ ချက်ထရီယံဟိုတယ်၌ ကျင်းပရာရှေးဦးစွာ နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာဂျွန်ကီးက မိန့်ခွန်း ပြောကြားသည်။

ယင်းနောက် ဧည့်သည်တော် ဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာသည့် မြန်မာ စီးပွားရေး လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

နယူးဇီလန် နိုင်ငံဝန်ကြီးချုပ် မစ္စတာဂျွန်ကီး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ညနေပိုင်းတွင် ရွှေတိဂုံ စေတီတော်အား သွားရောက်ကြည်ညိုကြသည်။
Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်