From : RFA
ရန်ကုန်မြို့တော် နယ်နမိတ်အတွင်းမှာ အိမ်ရာစီမံကိန်း ၅ ခု အကောင် အထည်ဖော်ပြီး အခြေခံလူတန်းစားတစ်ရပ် လက်လှမ်းမှီ ဝယ်ယူနိုင်မယ့် တန်ဖိုးနှုန်းထားတွေနဲ့ေ ရာင်းချသွားနိုင်ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဒီကနေ့ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ရန်ကုန်မြို့တော်ခန်းမမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စည်ပင်သာ ယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးက၂၀၁၅ ခုနှစ်မတိုင်ခင် စည်ပင်ပိုင် နယ်နိမိတ်အတွင်းမှာ အိမ်ရာစီမံကိန်း ၅ခု အကောင်အထည် ဖော်နိုင်ဖို့ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေကို ဖိတ်ခေါ်တဲ့အစီအစဉ်ဖြစ်တယ် လို့ပြောကြားခဲ့ပါတယ်။ တည်ဆောက်သွားမယ့် အိမ်ရာစီမံကိန်းတွေကို ဒဂုံမြို့သစ်မြောက်ပိုင်းမှာ သုံးခု၊ ဒဂုံမြို့သစ်တောင်ပိုင်းမှာ တစ်ခု၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမှာတစ်ခု အကောင်အထည်ဖော်သွားဖို့ စီစဉ်ထားပြီး အခန်းပေါင်း ၉၅၂၈ ခန်း ပါဝင်မယ်လို့  သိရပါတယ်။ အဲဒီအိမ်ရာစီမံကိန်း ၅ခုမှာ မြေဧက ၁၉၀ ဒသမ ၂၉ ဧက အသုံးပြုဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီအိမ်ရာစီမံကိန်းတွေကို ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီက တည်ဆောက် အကောင် အထည်ဖော်ပြီးတဲ့နောက်ပိုင်း ရောင်းချမှုတွေကိုတော့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Myanmar Express

2 comments:
မွတ်စလင်များ၏အိမ်ယာစီမံဗကိန်းများတွင်ဝယ်ယူထားသူးမိားအားစိစစ်ပေးရန်အကြံပြုပါ၏
ကန်ထရိုက်ဆောက်တဲ့တိုက် နှမချေရ ချောင်းမဆိုးရ စကားကျယ်ကျယ်မပြောရ ကျန်သေးတယ်မေ့နေလို့
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်