Subscribe to our RSS Feed

မလေးသွားမှောင်ခိုဘုတ် နစ်မြှုပ်၍ (၁၂၈)ဦးအနက် (၁၂၂)ဦးပျောက်ဆုံးနေ

From : arakan times

Benglar Boat-Sink31-10-12ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ မလေးရှားသို့ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်ရန် သွားသောစက်လှေတစ်စီး ဘင်္ဂလားပင်လယ်ပြင်တွင် တနင်္ဂနွေနေ့က နစ်မြှုပ်သွားခဲ့သဖြင့် (၁၂၈)ဦးအနက် (၁၂၂)ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ယင်းမလေးသွား မှောင်ခိုစက်ဘုတ်မှာ ဘင်္ဂလာ ကော့စ်ဘဇားခရိုင် တာခ်နာမြို့နယ် ဆာဟ်ပေါ်ရီရ်ကျွန်းမှ တနင်္ဂနွေနေ့က စတင် ထွက်ခွာသွားခြင်းဖြစ်ကြောင်းနှင့် ပင်လယ်ပြင်တွင် ကျောက်ဆောင်ကို တိုက်မိ၍ နစ်မြှုပ်သွားခြင်းဖြစ်သည်ဟု အသက်ရှင်လာသူ(၆) ဦးတို့မှ အတည်ပြုပြောဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ စက်လှေနစ်မြှုပ်ရာတွင် ငါးဖမ်းစက်လှေများမှ ကယ်ဆယ်၍ အသက်ရှင်လာသူ(၆)ဦးမှာ တာခ်နာမြို့နယ်မှ အာဘူဘော်ကော်ရ်၊ နရုဟိုဆန်၊ မာဟ်ဘူဘ်၊ ဘုတ်မောင်းသူ စူနိုင်က္ကာနှင့် ကျန်နှစ်တို့ဖြစ်ကြောင်းဆိုသည်။

ဆာဟ်ပေါ်ရီရ်ကျွန်းမှ မလေးသို့ မှောင်ခိုသွားမည့်သူများနှင့် စက်လှေများကို မကြာခဏ ဖမ်းဆီးလေ့ရှိခဲ့ပြီး ယခုအခါ ဖမ်းဆီးရမိနေခြင်းမှာ အမျိုးသမီး၊ ကလေးသူငယ်နှင့် မိသားစုများပါ ပါဝင်နေကြောင်း သိရှိရသည်။

တာခ်နာမြို့နယ်အခြေစိုက် အမှတ်(၄၂)BGB မှ အရာရှိတစ်ဦးဖြစ်သူ ဇာဟိဒ်ဇာဟာန် က ယင်းဖြစ်ရပ်မှာ မှန်ကန်ကြောင်းနှင့် အသေးစိပ် အလောင်းများဆယ်ယူရရှိရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း Arakantimes သို့ ပြောသည်။

ယခုကဲ့သို့ မလေးရှားသို့ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်ရန် ဘင်္ဂလာမှာ ခိုးထွက်၍ သွားလာနေခြင်းမှာ နှစ်အတော်ကြာနေပြီဖြစ် ကြောင်း တာခ်နာမြို့နယ်မှ ငါးပွဲရုံပိုင်ရှင်များ၏ ပြောဆိုချက်များအရ သိရသည်။


  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်