Subscribe to our RSS Feed

ကေအိုင်အေ လက်အောက်ငယ်သားတွေရဲ့ ခံစားချက်ရင်ဖွင့်သံ

From : ရည်မွန်မျိုး



 ပါဝင်ဆွေးနွေး သူတစ်ဦးမှ လက်ဆင့်ကမ်းလိုက်ပါသည်။

"လစာလည်းမရ မိသားစုနဲ့လည်းခွဲ တိုက်ခိုင်းတော့ ဒို့ရှေ့ ကပဲ။

ငါတို့ကို လိမ်ပြီးခိုင်းနေတာ သိပေမဲ့ ဒို့မိသားစုတွေက သူတို့လက်ထဲမှာ။

သေနတ်တွေ ယူပြီးပြေးကြမယ်။ ဒီတစ်ခါလိုက်ဖမ်းရင် ပြန်ပစ်ကြမယ်။

ဆွေးနွေးခါနီးတိုင်း ဒီတစ်ခါအဆင်ပြေမယ်ထင်တယ်ထင်တယ်နဲ့

ဒို့ကိုလူကြီးတွေလိမ်တာများဘီ။

နှာခေါင်းရှည်ကောင်တွေလာလာ ပြီးသွားဆွေးနွေးရင်ပျက်လာပြန်ပြီ။

ထမင်းလည်းမှန်မှန်မစားရဘူး။ ကျည်ဆံလည်းနဲနဲပဲပေးတယ်။

ဒို့စခန်းတွေ ဒို့သွားနေတာတွေ ဗမာရဲဘော် အကုန်သိတယ် သူတို့မလုပ်ချင်သေး

လို့ဆိုတာဟုတ်တယ်။

သူတို့မှာ လူကော လက်နက်ကြီးတွေကောအများကြီးဘဲ။

ကျည်ဆံလည်းတအားပေါတဲ့ကောင်တွေ ပေါက်ပေါက်ဖောက်သလို ပစ်တာ

နောက်တစ်ခါဆို သူတို့ကိုသွားမလုပ်တော့ဘူး။

ဟိုတလောက ကံကောင်းလို့ ဘုရားသခင်နဲ့ တွေ့ ရပြီထင်တာ ဒို့ရွာကဖမ်းလာတဲ့

ကလေး ၂ ယောက်တော့ သနားပါတယ်။ဗမာစစ်သားက မြှပ်တော့ပေးမယ်ထင်ပါ

တယ်။ ကလေးတွေကခုမှ ၁၄ နှစ်လောက်ပဲရှိအုံးမယ် ။

သူတို့အမေတွေကိုဘယ်လိုပြန်ပြောရမလဲတောင်မသိဘူး။

လူဖမ်းတာလည်းမလုပ်ချင်တော့ဘူး။ ရွာတွေမှာလည်း ကလေးနဲ့

အဘိုးတွေပဲရှိတော့တယ်။

ဟိုတစ်လောက ဆဒုံးဘက်မှာ ရခိုင်မလေး ၂ယောက်ကိုအတင်းခေါ်အိပ်တယ်

ဆိုတာ ဟိုကောင် ငမူး လဂျိုင်ဇေခေါင်နဲ့. ရင်း ၃. ရင်းမှူးလို့ပြောတယ်။

ဒီမှာရှိတဲ့ရခိုင်တွေလည်း  သိတယ်နဲ့တူတယ်။ သိပ်ကျေနပ်ပုံမရဘူး။

ဒီကောင်တွေက ငကြောက်တွေပါ ဒို့ကိုမလှန်ရဲပါဘူး။ သူတို့ရခိုင်မှာ  ကုလား

တောင်မနိုင်တာ။ အင်း ဒီမှာလည်း ဟိုကုလားတွေရောက်လာရင် ဒီကောင်တွေ

နဲ့ဘာဖြစ်မလဲမသိဘူး။ မဆိုင်လောက်ပါဘူး ကုလားတွေက ဖောက်ခွဲရေး သီးသန့်

လို့ ကြားတာပဲ။ဒါဆိုလည်းကောင်းတာပဲ ။ ဒို့ထောင်ရင်းသေတာမဖြစ်တော့ဘူးပေါ့။

ဒါပေမဲ့ ကုလားတွေခေါ်မှာတော့ မကြိုက်ဘူးကွာ။

ရှမ်းတွေပြေးသလို ဖြစ်မှာစိုးလို့ ရခိုင်နဲ့ လီစူး လချိတ်တွေကိုစောင့်ခိုင်ထားတယ်။

အခြေအနေပေးရင် ငါတို့လည်းလိုက်သွားကြမယ်။

အသက်တော့အသေမခံနိုင်ဘူး ဒီတစ်ခါတိုက်ဖြစ်ရင် ပစ်သတ်ပြီးမှပြေးမယ်ကွာ။

မနေ့ကလူကြီးတွေတမင်မသွားတာ ဘာတိုက်ပွဲမှမဖြစ်ဘူး။ အိပ်လိုက်စားလိုက်လုပ်

နေတာသိနေကြတာဘဲ။ ဘာအလုပ်မှလည်းမရှုပ်ဘူး။ မြင်နေတာပဲ။

ငါတော့သိပ်မကြေနပ်တော့ဘူး။ ဒီလိုပဲသူတို့လုပ်နေရင်

ဟိုစစ်တပ်ကတကယ်လာတိုက်ရင် ငါတို့ပဲသေမှာ။

သူတို့ကတရုတ်ထဲမှာအကုန်ပြင်ထားပြီးသား။

ကုလားဘက်လည်းလုပ်ထားတယ်လို့ပြောတာဘဲ။

သူတို့ပြောတော့ဒို့ကချင်(ဂျိန်းဖော)လူမျိုးတွေအတွက်ပြောတယ်။

ချမ်းသာတော့ သူတို့ပဲ။ တရုတ်မှာသူတို့ ပစ္စည်းတွေသိမ်းတယ်လို့ကြားတယ်။

သူတို့ပဲထုတ်တဲ့အမိန့် စီးပွားရေးမလုပ်ရဘူး ခုတော့ ဟော်တယ်တောင်မကဘူး

ဖုန်းကုမ္မဏီလည်းပိုင်တယ်တဲ့ ဒို့ပြောနေတာသူတို့ပိုင်တဲ့ဟာပေါ့။

ခိုင်းတော့ရှေ့က ဖုန်းကျတော့ပိုက်ဆံပေးရတယ်။

သူတို့ပြောသလို ဒို့အထဲမှာ ထောက်လှမ်းရေးတွေရှိနေတယ်ဆိုတာဖြစ်နိုင်လား။

အင်း ဖြစ်နိုင်တာပဲ တချို့ စစ်သားတွေကိုပြေးခိုင်းပြီး ဒို့ဘက်ဝင်ခိုင်းထားတာ

လည်းရှိတယ်လို့ပြောထားတယ်။

မင်းကရောဘယ်ဘက်ကလည်း။

မင်းကငါ့တောင်မယုံတော့ဘူးလား။
"


 Myanmar Express 

2 comments:

ထောက်လှမ်းရေးတွေအများကြီးထည့်ထားကိုခဏခဏမရေးနဲ့။ဒါမျိုးကတိုးတိုးတိတ်တိတ်ကိစ္စလေ။ပေါက်တယ်နော်!။သတင်းလိုခြင်ရင်ပြော တိတ်တိတ်လေးပေးမယ်။အကုန်သိတယ် ဒါပဲနော်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်