From : မော်ဒန်
ဥပဒေတို့၊ နည်းဥပဒေတို့ ထွက်ပြီးပေမယ့် အဲသည့်ဥပဒေတွေမှာ လိုအပ်ချက်တွေ ရှိနေသေးရင် ပြည်သူတွေ ထိခိုက်ခံစားနေရရင် ပြန်ပြင်ဖို့ လွှတ်တော်မှာ ဆွေးနွေးကြမှာ ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့ထံမှ သိရသည်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က “ဥပဒေတို့၊ နည်းဥပဒေတို့ ထွက်သွားပြီး လူထုက ဒီဥပဒေကို လက်မခံနိုင်တာမျိုးရှိရင်၊ ပညာရှင်တွေက ဒါလိုအပ်တယ်လို့ ထောက်ပြလာခဲ့ရင် ဒါက ပြင်လို့ရတယ်၊ ဘာကို ပြင်သင့်တယ်ဆိုပြီး ထောက်ပြရင် ကျွန်တော်တို့ လုပ်လို့ရပါတယ်။ နည်းဥပဒေထွက်လို့ လုံးဝပြင်လို့ မရတာတော့ မဟုတ်ပါဘူး” လို့ ပြောပါတယ်။ ဥပဒေတွေကို လွှတ်တော်က ပြဋ္ဌာန်းပြီး နည်းဥပဒေကိုတော့ ပြည်ထောင်စု အစိုးရပိုင်းကနေ ရေးဆွဲတာလို့ သိရတယ်။ အင်န်ဒီအက်ဖ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က “ဥပမာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး ဥပဒေဆိုရင် နည်းဥပဒေထွက်လာတယ်၊ အဲဒီနည်းဥပဒေတွေကို ထပ်ပြင်စရာတွေ ရှိလာတယ်၊ လက်ပံတောင်းတောင် စီမံကိန်းဆိုရင်လဲ အသံတွေ အများကြီး ထွက်နေတယ်၊ အစိုးရအတွက် အကျိုးရှိကောင်း ရှိမယ်၊ ဒါပေမယ့် ပြည်သူလူထု ထိခိုက်မှုတွေ ဖြစ်ကောင်းဖြစ်မယ်၊ လွှတ်တော်ကတော့ ပြည်သူလူထုကို ကာကွယ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းမှာပဲ၊ နည်းဥပဒေက ပြည်သူလူထုကို ထိရှမှုတွေရှိရင် လွှတ်တော်က ပြင်မှာပဲ” လို့ ပြောပါတယ်။ လွှတ်တော်က အတည်ပြုပြီး ဥပဒေထွက်လာတဲ့အခါ ပညာရှင်တွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရော၊ ပြည်သူကိုယ်တိုင်ကရော ကိုယ်နဲ့ကိုက်ညီမှု မရှိရင် ထောက်ပြပြောဆိုလို့ ရတယ်လို့ ဦးခိုင်မောင်ရည်က ပြောပြခဲ့ကြောင်း သိရှိရသည်။
Myanmar Express

3 comments:
ဥပဒေပြုတယ်ဆိုတာ ဥပဒေပညာတတ်ရန်လိုပါတယ် ဥပဒေပြုပြီးရင်လည်း ပျော့ကွက်ဟာကွက်တွေထောက်ပြ ပြီး အတည်မပြုခင် အမြန်ပြင်ဘို့လိုပါတယ်။ အတည်ပြုပြဌာန်းပြီးမှလိုက်နာကျင့်သုံးအကောင်အထည် ဖေါ်ကြမှပျော့ကွက်ဟာကွက်တွေ့လို့ပါဆိုပြီး ထပ်ပြင်အုံး မယ်ဆိုရင် နိုင်ငံတော်ရော ကျင့်သုံးတဲ့သူရောနစ်နာပါတယ် နိုင်ငံတော်ကငွေကြေး ကုန် စရိတ်ကုန် ကျင့်သုံးအကောင်ထည်ဖေါ်ရတဲ့သူတွေ မှာ အရူးလင်လုပ်ရသလိုဖြစ်ကုန်တောမှာပါ။ ဘယ်အရာဘယ်ဟာမှပြီးပြည့်စုံတယ် မရှိဘူးးလို့အကြောင်းမပြပါနဲ့ လွှတ်ပြီးတော်လို့လွှတ်တော် ကို ပြည်သူကပို့ထားတာပါ ပြည်သူအတွက်ပါ အကြောင်း ပြပြီး အုပ်ချုပ်ရေးသမားတွေစိတ်ဓါတ်ကျအောင် ဂျပန်ဝက်အူကျပ်သလို တရစ်ချင်ကျပ်နေပြနေရင် အရစ် တွေပြုန်းတတ်ကြောင်းပါ ပြင်လွန်းတော့ဖင်ချွန်းတဲ့
လွှတ်တော်ကိုယ်စားလှယ်ကြီးများကပြောလို့ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးဥပဒေကိုဖြည့်ွစက်ပြင် ဆင်ချင်ပါတယ်ခင်ဗျား အခန်း(၁) အမည်နှင့်အဓိပ္ပာယ်ဖေါ်ပြချက်မှာ
ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးဆိုသည်မှာ အုပ်ချုပ် ရေးမှူးလုပ်သူများကိုယ့်အစီအစဉ်နှင့်ကိုယ်ဆောက်၍ရုံး ထိုင်ရသောနေရာကိုခေါ်ဆိုသည်ဟုလည်းကောင်း။ မှတ်ချက်။ ခရိုင်နှင့်မြို့နယ်ရုံးတို့သည်အစိုးရမှဆောက်လုပ် ပေးပြီး ရပ်ကျေးရုံးများမှာကိုယ့်အားကိုယ်ကိုးဖြစ်သလို လုပ်နေကြရ၍ဖြစ်ပါသည်။ အခန်း(၃) ပုဒ်မ ၅ အပိုဒ်ခွဲ(ဂ) သင့်တင့်သောပညာအရည် အချင်းရှိသူနေရာသည် အောက်ပါပြဿနာများရှိပါသည်
အတန်းပညာအရည်အချင်းသတ်မှတ်ချက်မပါ၍လူတိုင်းအုပ်ချုပ်ရေးမှူးလုပ်ချင်ကြခြင်း။ အတန်းပညာနိမ့် အတွေ့အကြုံမရှိသဖြင့် ဘွဲ့ရစာရေး၏ကြိုးဆွဲရာကနေရခြင်း။အရည်အချင်းစစ်စာ မေးပွဲမဖြေရ၍ အုပ်ချုပ်ရေးမှူးအရည်အချင်းရှိ/မရှိမသိရ ခြင်း တို့ကြောင့် တက္ကသိုလ်တစ်ခုခုမှဘွဲ့ရဟုလည်းကောင်း သို့မဟုတ် (၁၀)တန်းအောင်ဟုလည်းကောင်းအနည်းဆုံးအဆင့် သတ်မှတ်ပေးပါရန်
မှတ်ချက်။ ဥပဒေပြဌာန်းရာတွင်တိကျဘို့လိုပါသည် လိုတိုးပိုလျှော့ကြက်ပေါင်ကြိုးဥပဒေမဖြစ်သင့်ပါ
အခန်း(၄) ဆယ်အိမ်စုမှူးရွေးချယ်ရာတွင်
ဆယ်အိမ်စုပြီး ဆယ်ယောက်ကို ကိုယ်စားလှယ်တစ်ဦး လျှို့ဝှက်မဲပေးရွေးချယ်သောအခါ အဆိုပါဆယ်ယောက်ကိမိမိအမည်မိမိမဲထည့်ကြပါသည် ကြီးကြပ်ရေးအဖွဲ့က ငါးကြိမ်တိတိပြန်ရွေးလည်း ကိုယ့်ကိုကိုယ်ဘဲမဲပေးသဖြင့် ပယ်လိုက်ရ၏ ။အကြောင်းမှာ အားလုံးအုပ်ချုပ်ရေှးမှူး လုပ်ချင်၍ဖြစ်ကြောင်းပါ။ လွှတ်တော် ကိုယ်စားလှယ်ကြီးများ ကျန်းမာပါစေ။ COMMENT ရှည်သွားတဲ့အတွက် ခွင့်လွှတ်ပါ
ကောင်းလိုက်တဲ့ တင်ပြချက် ကြိုက်တယ်။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်