Subscribe to our RSS Feed

အိုဘားမားရဲ့သမိုင်းဝင်ခရီးစဉ်က ဘာတွေရလိုက်သလဲ

From : 7day

အိုဘားမား၏ သမိုင်းဝင် မြန်မာနိုင်ငံခရီးက ထူးခြားမှုများစွာရှိသည်။ ဒုတိယသက်တမ်းအတွက် ပြန်လည်ရွေးကောက်ခံရအပြီး
အိုဘားမား ပြည်ပသို့ ပထမဆုံးထွက်လာသောခရီးစဉ်လည်းဖြစ်သည်။ အိုဘား
မား၏ ဒုတိယသက်တမ်းတွင် ပြည်ပ၌ ပထမဆုံး မိန့်ခွန်းကို သမိုင်းအစဉ်အလာကြီးမားသော ရန်ကုန်တက္ကသိုလ်တွင် ပြောကြားခဲ့သည်။ “ဘားမား”ဟူ၍ နှစ်ကာလကြာရှည်စွာခေါ်ဝေါ်နေရာမှ
ရန်ကုန်တက္ကသိုလ်သမိုင်းဝင်မိန့်ခွန်းတွင် အမေရိကန်သမ္မတက “မြန်မာ”ဟု စတင်သုံးနှုန်းလာသည်။ ကမ္ဘာ့စူပါပါဝါ အမေရိကန်သမ္မတအိုဘားမား ဘာကြောင့် မြန်မာနိုင်ငံလာရသလဲဆိုသည်က စိတ်ဝင်စားစရာကောင်းလှသည်။

အမေရိကန်သမ္မတများ၏ ထုံးစံအတိုင်း ဒုတိယသက်တမ်း ပြန်လည်ရွေးကောက်ခံရပါက လုပ်သင့်လုပ်ထိုက်သည်များကို ပိုမိုရဲရဲတင်းတင်းလုပ်ဆောင်လာတတ်သည်။ ထို့ကြောင့် ပထမဆုံး ပစိဖိတ်သမ္မတဟု တင်စားလာသော အိုဘားမား၏ မြန်မာခရီးစဉ်ကို ပြည်တွင်းပြည်ပ နိုင်ငံရေး လေ့လာသူများက အမျိုးမျိုး သုံးသပ်သည်။

ဤတွင်တူညီသော သုံးသပ်ချက်နှစ်ခု ထွက်ပေါ်လာသည်။ သမ္မတအိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်ပေါ်လာရခြင်းမှာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြု၍ ဆက်လက်တွန်းအားပေးရန်နှင့် နိုင်ငံ၏ မဟာဗျူဟာကျလှသော တည်နေရာတို့ကြောင့် ဖြစ်ကြောင်းလည်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

အိုဘားမားကိုယ်တိုင်ကလည်း ရန်ကုန်တက္ကသိုလ်သမိုင်းဝင် မိန့် ခွန်းတွင် “ခင်ဗျားတို့ တိုင်းပြည်ရဲ့ အရေးပါမှုကြောင့် ကျွန်တော် ဒီကိုရောက် လာခဲ့တာ ဖြစ်ပါတယ်။ ခင်ဗျားတို့ဟာ အရှေ့အာရှနဲ့ တောင်အာရှကြား တည်ရှိနေတယ်။ ခင်ဗျားတို့ဟာ ကမ္ဘာပေါ်မှာ လူဦးရေအများဆုံး နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတယ်။ ခင်ဗျားတို့မှာ နှစ်ပေါင်းထောင်ချီတဲ့ သမိုင်းရှိတယ်။ ပြီးတော့ ကမ္ဘာမြေရဲ့ အလျင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်နေတဲ့ ဒီဒေသရဲ့ ကံကြမ္မာကို ပြဋ္ဌာန်းရေးမှာ ကူညီနိုင်တဲ့ စွမ်းရည်ရှိကြတယ်” ဟု ပထ၀ီဝင်နိုင်ငံရေးအရ မြန်မာနိုင်ငံအရေးပါမှုကြောင့် သမိုင်းဝင်ခရီး ဖြစ်ပေါ်လာကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီး လပေါင်း၂၀ အကြာ၌ ရောက်ရှိလာခဲ့သော အိုဘားမား၏ ခရီးစဉ်ကို ဝေဖန်သူအချို့က စောလွန်းသည်ဟု ပြောဆိုဝေဖန်မှုများလည်း ရှိခဲ့သည်။ “ကျွန်တော် သမ္မတအဖြစ်နဲ့ စတင်တာဝန်ယူချိန်မှာ အကြောက်တရားနဲ့ အုပ်ချုပ်နေကြတဲ့ အစိုးရတွေဆီကို သတင်းစကားတစ်ခုပေးခဲ့ပါတယ်။ ခင်ဗျားတို့လက်သီးဆုပ်ဖြည်ရင် ကျွန်တော်တို့လက်ကမ်းပါ့မယ်လို့ ပြောခဲ့တယ်” ဟု အိုဘားမားက ၎င်း၏သမိုင်းဝင်မိန့်ခွန်းတွင် မြန်မာနိုင်ငံကို ရည်ညွှန်းပြီး ၎င်း၏ခရီးစဉ်မှာ မိတ်ဆွေအဆင့်ကူးပြောင်းရန်လက်ကမ်းရန် လာရောက် ကြောင်း သတင်းစကားပါးလိုက်သည်။

အမေရိကန်သမ္မတနှင့်မြန်မာသမ္မတတို့ တစ်နာရီဝန်းကျင် တွေ့ဆုံဆွေးနွေးမှုမှ ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။ “မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဒီမိုကရေစီရှင်သန်ဖွံ့ဖြိုးရေး ၊ လူ့အခွင့်အရေးစတာတွေကို ကမ္ဘာ့စံချိန်စံညွှန်းတွေနဲ့ညီအောင် ကျွန်တော်တို့လူမျိုးတွေရဲ့ အရည်အသွေးတွေ၊ အဆင့်အတန်းတွေ မြင့်မားလာအောင် ပညာရေးတို့၊ ကျန်းမာရေးတို့၊ ၀န်ထမ်းတွေရဲ့ အရည်အသွေးမြှင့်တင်ရေးတို့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ ကျွန်တော်တို့ ကြားပူးပေါင်းပြီး ဆောင်ရွက်ဖို့အတွက် သမ္မတကြီးဆီကနေ သဘောတူလက်ခံမှု ရရှိခဲ့တာပါ။ ဒီနေ့ ကျွန်တော်တို့နှစ်ဦးရဲ့ တွေ့ဆုံဆွေးနွေးမှုရဲ့ အကျိုးရလဒ်တွေကို မြန်မာပြည်သူတွေ ထိုက်ထိုက်တန်တန် ခံစားနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်သွားပါမယ်“ ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။

ကမ္ဘာ့စူပါပါဝါ အမေရိကန် သမ္မတ၏ သမိုင်းဝင်ခရီးစဉ်မှ မြန်မာနိုင်ငံအတွက် ဘာတွေရခဲ့သလဲဟုဆိုလျှင် ထိုခရီးစဉ်ကြောင့် နိုဝင်ဘာ ၁၉ ရက်မတိုင်ခင်ကတည်းကပဲ ရလဒ်ကောင်းအချို့ ပေါ်ထွက်လာခဲ့သည်။ နိုင်ငံတော် သမ္မတဦးသိန်းစိန်က နိုဝင်ဘာ ၁၅ ရက်တွင် အကျဉ်းသူ အကျဉ်း သား ၄၅၂ ဦးကို လွတ်ငြိမ်းခွင့်ပြုသည့်အပြင် ထပ်မံ၍ နိုင်ငံရေး အကျဉ်းသား ၆၆ ဦးကို အိုဘားမားလာရောက်သော နိုဝင်ဘာ ၁၉ ရက် နံနက်တွင် လွတ်ငြိမ်းခွင့်ပြုကြောင်း နိုဝင်ဘာ ၁၈ ရက် ညက ကြေညာခဲ့သည်။ အမေရိကန်ကလည်း USAID မှတစ်ဆင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး နှင့်ဒီမိုရေစီအရေး၊ ပွင့်လင်းမြင်သာသော အစိုးရဖြစ်ပေါ်စေရန်၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းများ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးတက်လာရန်၊ လူသားချင်း စာနာထောက် ထားသောအကူအညီများပေးရန် အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကို နှစ်နှစ်အတွင်း ပေးအပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံ တက္ကသိုလ်များ အချင်းချင်း ပညာတော်သင်များ အပြန်အလှန် စေလွှတ်ရန်လည်း အိုဘားမားက ပြောကြားခဲ့သည်။

နှစ်နှစ်ဆယ်ကျော်ကြာ ဘားမားဟု မြန်မာနိုင်ငံကို ခေါ်တွင်ရာမှ အမေရိကန်သမ္မတ၏ ရန်ကုန်တက္ကသိုလ်မိန့်ခွန်းတွင် မြန်မာဟု အိုဘားမားက စတင်သုံးနှုန်းခဲ့သည်။ “အိုဘားမားလာတဲ့အတွက် ဒေသအတွင်းက နိုင်ငံတွေက မြန်မာအပေါ်မှာ လေးစားမှုတွေ၊ အလေးထားမှုတွေပါလာမယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ပြီးတော့လည်း ပိုပြီး အလေးထားမှုတွေ ရှိလာမယ်။ စီးပွားရေးအရ ကုန်သွယ်ရေးအခွင့်အလမ်းတွေ ပိုပြီး ပွင့်လင်းလာမယ်။ လူငယ်လူရွယ်တွေအနေနဲ့ အမေရိကမှာ သွားရောက် ပညာသင်ကြားနိုင်ခွင့်တွေ ပိုပြီး ရလာမယ်။ ” ဟု MDRI မှ ဒါရိုက်တာ ဒေါက်တာ ဇော်ဦးက အိုဘားမားခရီးစဉ်ကြောင့် မြန်မာနိုင်ငံ၏ ပုံရိပ်တက်လာမည့်အကြောင်းကို ပြောသည်။

“ဒီခရီးစဉ်က အင်မတန် အရေးကြီးတယ်လို့ မြင်ပါတယ်။ အထူးသဖြင့် စစ်ရေးနဲ့ နိုင်ငံရေးမှာ ပြောင်းလဲသွားမယ်။ မြန်မာ့တပ်မတော်နဲ့ အမေရိကန်ဦး ဆောင်တဲ့ Gold Cobra လို စစ်ဆင်ရေးမျိုး၊ နောက် အမေရိကန် နဲ့ အိန္ဒိယ ပူးပေါင်းတဲ့ စစ်ရေးလေ့ကျင့်မှုမျိုး မြန်မာပါဝင်လာသင့်တယ်။ ကျွန်တော်တို့က နှစ်ပေါင်းများစွာ အထီးကျန်နေလာခဲ့တာ။ ဒီတော့ ခေတ်မီတဲ့၊ ဒီမိုကရေစီကို လေးစားတန်ဖိုးထားတဲ့ တပ်မတော်ဖြစ်ဖို့ဆိုရင် တကယ့် ဒီမိုကရေစီနိုင်ငံကြီးတွေရဲ့ တပ်မတော်တွေနဲ့ ပူးပေါင်းမှုရှိဖို့ လိုတယ်။ ပြီးတော့ တကယ့်ဒီမိုကရေစီနိုင်ငံကြီးရဲ့ စစ်တပ်နဲ့ ပူးပေါင်း ခြင်းအားဖြင့် နိုင်ငံရေးကို အရမ်းစွက်ဖက်တဲ့ စစ်တပ်ကနေ ဒီမိုကရေစီကို လေးစားတဲ့ စစ်တပ်ဖြစ်သွားနိုင်တယ်။ စစ်တပ်ကို ဒီမိုကရေစီ သင်ပေးသလိုပေါ့။ အင်ဒိုနီးရှားလည်း ဒီလိုမျိုး ကြုံခဲ့တာပဲ။ နောက်တစ်ခုက လက်ရှိအစိုးရက ဒီမိုကရေစီဖော်ဆောင်ပြောင်းလဲမှုက နောက်ပြန်မလှည့်အောင် လုပ်နေရတယ်။ ရှေ့ကို မရောက်နိုင်သေးဘူး။ အမေရိကန် ပါဝင်ခြင်းဖြင့် ဒီမိုကရက်တိုင်ဇေးရှင်း speed ပိုမြန်သွားမယ်။ သူ့ရဲ့ အသိအမှတ်ပြုတာခံရရင် တစ်ကမ္ဘာလုံးကလည်း အသိအမှတ်ပြုလိမ့်မယ်။ နိုင်ငံရေးနဲ့ စစ်ရေး အသိအမှတ်ပြုရင် စီးပွားရေးက ကျွဲကူးရေပါ ပါလာလိမ့်မယ်။ ဒီတော့ ဒီနှစ်ခုမှာ ထူးထူးခြားခြား ပြောင်းလဲမယ်လို့ မြင်တယ်။” ဟု နိုင်ငံရေး ဆောင်းပါးများရေးသားနေသော နေသန်မောင်က သူ၏ အမြင်ကိုပြောသည်။

အိုဘားမားကလည်း ဒီမိုကရေစီနိုင်ငံများတွင် စစ်တပ်၏ အခန်းကဏ္ဍကို အမေရိကန်နိုင်ငံကို ဥပမာပေး၍ ၎င်း၏မိန့်ခွန်း၌ ရှင်းပြသွားသည်။ “ရင်းနှီးမြှုပ်နှံမှုမှာ အိုဘားမား လာတဲ့အတွက် အာမခံပိုရသွားတာပေါ့။ သူမလာခင်လည်း လာနေတာပဲ။ အဓိကက ကိုယ့်ဆီ က ဥပဒေက ဘယ်လောက်ထိ ခိုင်မာသလဲပဲလိုတာ။ Global Trade ကိုဝင်ရင်တော့ အမေရိကန်ရဲ့ ထောက်ခံမှုကိုရတော့ ပိုယုံကြည်မှုရတာပေါ့။ သူလာပြီးရင် ရင်းနှီးမြှုပ်နှံမယ့်သူတွေ အာမခံချက် ပိုရသွားတာပေါ့။ နောက်တွန့်ဆုတ်နေတဲ့ သူတွေလည်း အလုံးအရင်းနဲ့ ၀င်လာကြမှာပါ။” ဟု နိုင်ငံရေး ဆောင်းပါးရှင် နေသန်မောင်က ဆက်လက်ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် တရုတ်၏ သြဇာလွှမ်းမိုးမှုကို များစွာမခံရရန် အမေရိကန်နှင့် ပုံမှန်ဆက်ဆံရေးရရှိရန် အလွန်အရေးကြီးသည်။
“မြန်မာက အမေရိကန်ကို မရှိမဖြစ် လိုအပ်တယ်ဆိုတာ ကျွန်တော်တို့က တရုတ်၊ အိန္ဒိယ၊ အာဆီယံ အင်အားကြီးသုံးဖွဲ့ကြားမှာရှိ တယ်။ မဟာဗျူဟာကျတဲ့ နေရာမှာရှိတယ်။ ဒါပေမဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ဘာတစ်ခုမှ လောက်လောက်လားလား အားမကောင်းဘူး။ အားမကောင်းချိန်မှာ ၂၀၁၄ မှာ အာဆီယံကို ဦးဆောင်ရတော့မယ်ဆိုတော့ ကမ္ဘာ့စူပါပါဝါနိုင်ငံတစ်ခုနဲ့ ရင်းရင်းနှီးနှီး မဟာမိတ်လုပ်ဖို့ လိုတယ်။ ဆို လိုတာက တစ်ချိန်ချိန်မှာ တရုတ်သော်လည်းကောင်း၊ အိန္ဒိယသော်လည်းကောင်း ကျွန်တော်တို့ရဲ့ ပထ၀ီနိုင်ငံရေးအရ အရေးပါမှုကို ခုတုံးလုပ် အသုံးချလာခဲ့ရင် ပြန် ပြီး Counter လုပ်နိုင်မယ့် Balance လုပ်နိုင်တဲ့ အားမရှိဘူး။ ရှင်းရှင်းပြောရရင် အိန္ဒိယဆိုတာ တရုတ်ကို Balance လုပ်နိုင်တဲ့ အားမရှိဘူး။ အာဆီယံဆိုတာလည်း မလုပ်နိုင်ဘူး။ ကျွန်တော်တို့ အမေရိကန်ကို မဖြစ်မနေလိုအပ်တယ်ဆိုတာ တရုတ်ရဲ့ အင်အားကြီးထွားလာမှုကို Balance လုပ်ဖို့အတွက် လိုအပ်တယ်ဆိုတော့ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှု၊ မဟာမိတ်ဖြစ်မှုက အရေး တကြီးလိုတယ်။ အခုခရီးစဉ်က လက်ရှိရော၊ လာမယ့် အနာဂတ်ရော၊ ၂၁ ရာစုတစ်ခုလုံးအတွက်ပါ သမိုင်းဝင် အရေးကြီးတယ်” ဟု ကိုနေသန်မောင်က သူ၏အမြင်ကို ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်ဖော်ဆောင်သလို အမေရိကန်နှင့် ပုံမှန်ဆက်ဆံရေး ရရှိလာပါက စီးပွားရေးဖွံ့ဖြိုးမှုများ မကြာမီရောက်ရှိလာတော့မည်ဖြစ်ကြောင်း MDRI မှ အကြီးတန်းသုတေသီ ဦးတင်မောင်သန်းကလည်း သုံးသပ်သည်။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဦးကိုကိုကြီးက အိုဘားမားခရီးစဉ်မှ မြန်မာရရှိနိုင်သည့် အခွင့်အလမ်းများကို အောက်ပါအတိုင်းပြောသည်။
“အိုဘာမားလာတယ်ဆိုတာကလည်း မြန်မာတစ်နိုင်ငံတည်းထက်ကို ဒေသတွင်းအင်အား ချိန်ခွင်လျှာညှိတဲ့ရည်ရွယ်ချက်ပါ ပါတယ်လို့ထင်တယ်။ အိုဘာမား လာတာဟာ တရုတ်နိုင်ငံအတွက် စိုးရိမ်စရာတော့ မဟုတ်ဘူးလို့ ထင်ပါတယ်။ အိုဘားမားလာတာဟာ မြန်မာနိုင်ငံအတွင်းကို အမေ ရိကန်က ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာနိုင်တော့မယ်။ အမေရိကန် သမ္မတ ကိုယ်တိုင်လာပြီဆိုတော့ နိုင်ငံစုံ ကုမ္ပဏီကြီးတွေအနေနဲ့ ဒီမှာလာ
ပြီး ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားကြမှာပါ။ ကိုယ့်ပြည်သူတွေအတွက် အကျိုးရှိတာတွေကိုလုပ်ရင် နိုင်ငံတကာဆက်ဆံရေးက သူ့အလိုလို ကောင်းလာမှာပဲ၊ အမေရိကန်လို စူပါပါဝါနိုင်ငံကြီးတစ်နိုင်ငံနဲ့ ဆက်ဆံရေးက ကျွန်တော်တို့နိုင်ငံအတွက် အများကြီးအထောက်အကူ ဖြစ်စေပါလိမ့်မယ်။”

အိုဘားမားပြန်သွားပြီး နောက်တစ်ရက် နိုဝင်ဘာ ၂၀ တွင် တရုတ်နိုင်ငံပိုင်သတင်းစာတစ်စောင်ဖြစ်သော ဂလိုဘယ်တိုင်းမ်စ် သတင်းစာက အိုဘားမား၏ ခရီးစဉ်ကြောင့် မြန်မာ-တရုတ်ဆက်ဆံရေးမှာ ဝေးသွားရန်မရှိကြောင်း သုံးသပ်ဖော်ပြသည်။ အရှေ့တောင်အာရှနိုင်ငံများမှာ စီးပွား ရေးအရ အမေရိကန်ထက် တရုတ်ကိုပိုမိုအားထားကြောင်းလည်း ထိုဆောင်းပါး၌ ဖော်ပြထားသည်။

ကမ္ဘာ့စူပါပါဝါနိုင်ငံကြီးနှင့် စီးပွားရေးအရ ဖွံ့ဖြိုးမှုအားအကောင်းဆုံး နိုင်ငံကြီးတို့နှင့် မြန်မာနိုင်ငံမှာ ဆက်ဆံရာတွင် ပါးပါးနပ်နပ် ရှိသင့်ကြောင်းလည်း နိုင်ငံရေးဆောင်းပါးရှင် ဆရာကျော်ဝင်းက အကြံပြုသည်။ “အမေရိကန်ပဲ ဖြစ်ဖြစ်၊ တရုတ်ပဲဖြစ်ဖြစ် အရှေ့ အနောက်မခွဲဘဲနဲ့ အားလုံးအဆင်ပြေအောင် ဆက်ဆံသင့်တယ်။ အထူးသဖြင့် ကိုယ့်အမျိုးသား အကျိုးစီးပွားကို ကြည့်ပြီး ပါးပါးနပ်နပ် သံခင်းတမန်ခင်းနဲ့ သွားကြတာပိုပြီးတော့ အမြော်အမြင်ရှိရာ ရောက်လိမ့်မယ်ထင်တယ်။ အဲဒီလိုမဟုတ်ဘဲ တစ်ဖက်ဖက် ၀င်ပူးလိုက်တာနဲ့ပဲ ဒီနိုင်ငံ
ငယ်လေးတွေအတွက် အန္တရာယ် ကြီးနိုင်တယ်။ ”

သေချာသည်ကတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေသောမြန်မာနိုင်ငံတွင် ပြည်သူအများစုအတွက် အိုဘားမား၏ ခရီးစဉ်က မျှော်လင့်ချက်များစွာ ရှင်သန်စေခဲ့သည်။


 Myanmar Express 

7 comments:

အင်း..ဘာတွေရလိုက်သလဲဆိုတော့...တိုင်းပြည်အတွက်
တော့မပြောတတ်ဘူး..ဒေါ်စုကတော့အနမ်းတွေရလိုက်
တယ်လေ

ကျွန်တော်ထက် အစစ အရာရာ သာလွန်သော သူများ
ကု လေးစားပါ သည်။အတွေး အခေါ် နိုင်ငံရေး အမြင်
စသည်ဖြင့်........တခုတော့ ပြောပါရစေ
ဘယ်သူကမှ ဘာမှအလကား မပေးဘူး ဆိုတာပါပဲ။

All Myanmar government , President U Thein Sein , all parties in Myanmar , all Myanmar people and all Rakhine people must protest Obama about his Rohingya word in Yangon University.

All Myanmar people and all Rakhine people don’t agree that Obama said about Rohingya word in Yangon University. Obama should not use Rohingya word if he respect our President U Thein Sein , all Myanmar people and Rakhine people .

Obama insult our President U Thein Sein , all Myanmar people and all Rakhine people because he used Rohingya word in Yangon University.

He should only use illegal Bangalis instead of Rohingya word. World pro rohingya organizations in USA , UK and World and OIC support Obama. So All Myanmar government , President U Thein Sein , all parties in Myanmar , all Myanmar people and all Rakhine people must protest Obama about his Rohingya word in Yangon University.

Myanmar government , Myanmar people and Rakhine people don’t need to respect human rights of Bangalis and Myanmar muslims in Myanmar because they ( Bangalis and Myanmar Muslims ) don’t respect Myanmar people and Rakhine people human rights ( 90 % Bangalis kill , rape , burn all Rakhine people and Myanmar people in Rakhine state and Myanmar ).


If you are seller and you want the best offer, you need more buyers to compete for your products/services/projects/etc.

အမေရိကန်ကမြန်မာနိုင်ငံအပေါ်အချိန်တိုလေးအတွင်းမှာ
အရှေ့ အနောက် ။ တောင်နဲ့မြောက် လို ပြောင်းလဲလာတာ
စဉ်းစားစရာတခုပါ၊ကမ္ဘာ့ နိုင်ငံရေးသမားအများစုကတော့တရုတ်ကို
ထိန်းချုပ်ဖို့လို့ပြောကြပါတယ်။
တကယ်ဘဲတရုတ်ကိုထိန်းချုပ်ဖို့ဖြစ်စေ၊စီးပွါးရေးအရဖြစ်စေ
အမေရိကန်ရဲ့ အကျိုးအမြတ်အတွက်ဆိုတာတော့ငြင်းဘွယ်မရှိပါဘူး

ဘာဘဲဖြစ်ဖြစ် တရုတ် နဲ့ အမေရိကန် ကြားမှာ မြန်မာပြည်အနေနဲ့
သူတို့ ရဲ့ ခုတုံးလုပ် ခံရတဲ့ (အသုံးချ)ဖို့ မဖြစ်စေဖို့ကတော့
နိုင်ငံခေါင်းဆောင်တွေပေါ်မှာတာဝန်အများဆုံးရှိပါတယ်

မြန်မာပြည်မှာအများသုံးတဲ့စကားတခုရှိပါတယ်
( American System) ဆိုတာ ၊စားပြီးရင်ကိုယ့်
စားတာကိုယ်ထုတ်ရတဲ့ အဓိပါယ်ပါ
ဒီအတိုင်းဘဲအမေရိကန်ဟာဘာမှအကျိုးမရှိဘဲ
မြန်မာနိုင်ငံအပေါ်အခုလိုရုတ်တရက်ပြောင်းလဲမလာပါဘူးဆိုတာပါ....

.

ယင်လတ်နဲ့ကြတော့အိုဘားမားကဖန်ခွက်ချင်းပဲထိလို့ရ
တယ်
ဒေါ်စုနဲ့တွေ့မှပဲမျက်နှာချင်းကပ်ရင်ချင်းအပ်ဖင်ချင်းထပ်ပြီးသံဝါသပြုလို့ရတော့တယ်

ယင်လတ်နဲ့ကြတော့အိုဘားမားကဖန်ခွက်ချင်းပဲထိလို့ရ
တယ်
ဒေါ်စုနဲ့တွေ့မှပဲမျက်နှာချင်းကပ်ရင်ချင်းအပ်ဖင်ချင်းထပ်ပြီးသံဝါသပြုလို့ရတော့တယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်