From : Myitmakha
မြန်မာအလုပ်သမားများအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုရရှိရေးအတွက် ဥပဒေကြမ်းတစ်ခုရေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ သိရှိရသည်။
“၀န်ထမ်းတွေ အလုပ်သမားတွေ ကျန်းမာရေးအရပဲဖြစ်ဖြစ်၊တခြားအလုပ်ခွင်မှာထိခိုက်မှုတွေဖြစ်တဲ့ အခါမှာ အလုပ်သမားဥပဒေအရဘယ်လိုအကျိုးခံစားခွင့်တွေ ရနိုင်မလဲဆိုတာတွေကို ထည့်သွင်းရေး ဆွဲမှာပါ၊ သူတို့ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်လည်း ပါမှာပါ “ဟု အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ကပြောသည်။
ဥပဒေကြမ်းရေးဆွဲရခြင်းမှာ အလုပ်သမားများ အနေဖြင့် အလုပ်လုပ်ရာတွင် အန္တရာယ်ကင်းရှင်း၍ ကျန်းမာရေးနှင့်ညီညွှတ်သော လုပ်ငန်းခွင်ဖြစ်ပေါ်လာစေရန် ရည်ရွယ်ရေးဆွဲရခြင်းဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။
အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာ ရရှိသည့်အခါနှင့် ကျန်းမာရေးအရ အလုပ်နားခွင့်ယူရာတွင် မည်သည့် အခွင့်အရေးမျိုးရရှိနိုင်မည်ကို မျှော်လင့်လျက်ရှိကာ အလုပ် သမားများအတွက်ကောင်းမွန်သော ဥပဒေတစ် ရပ်ပေါ်ထွက်လာရေးကိုလည်း မျှော်လင့်
လျက်ရှိသည်ဟု ရွှေပြည်သာမြို့နယ်တွင် အလုပ်လုပ်ကိုင်နေသူ တစ်ဦးထံမှ သိရှိရသည်။
“လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးဥပဒေပေါ်ထွက်လာမယ်ဆိုရင် အဲ့ဒီ ဥပဒေမှာ အလုပ်သမားတွေအတွက် ဘယ်လိုကာကွယ်စောင့်ရှောက်မူမျိုးတွေပါမလဲ၊ အဲ့ဒါတွေကို လုပ်ငန်းရှင် တွေ သာမကအလုပ်သမားတွေလည်း သိအောင်လုပ်ပေးနိုင်မှကောင်းမယ်၊ သိထားမှလည်း ထိခိုက် ဒဏ်ရာရတာ၊ နှစ်ရှည်လများလုပ်လာတဲ့ အတွက် ရောဂါဖြစ် လာတာတွေကို ဘယ်လိုခံစားခွင့်တွေ ရနှိင်တယ်ဆိုတာ သိမှဖြစ်မှာ”ဟု ရွှေပြည်သာမြိုနယ်ရှိ အချိုရည်စက်ရုံမှဖျော်ရည်ဌာန ဒုတာဝန်ခံ ၀န်ထမ်းတစ်ဦးက ပြောသည်။
အလုပ်သမားများအတွက် ရည်ရွယ်ပြီး ရေးဆွဲသော ဥပဒေကြမ်းကို ကြိုဆိုသော်လည်း ရေးဆွဲသူများ အနေဖြင့် အလုပ်သမားများ၏ အကြံပြုချက်ကိုလည်း မေးမြန်းကာ ထည့်သွင်းရေးဆွဲ၍ အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဖက်စလုံး လေးစားလိုက်နာရန်လည်း လိုအပ်ကြောင်း အငြိမ်းစား ဥပဒေပညာရှင် တစ်ဦးမှ ယခုကဲ့သို့ အကြံပြုပြောဆိုသည်။
“ဥပဒေသစ်ကို ကြိုဆိုပါတယ်။ တည်ဆဲဥပဒေတွေလည်း ရှိတယ်၊ ပြဌာန်းဖို့ ပြုစုနေတာတွေလည်း ရှိတယ်၊ အဲ့ဒီမှာ အလုပ်သမားတွေရဲ့ အသံကိုလည်း ထည့်သွင်းဖို့လိုပါတယ်၊ အလုပ်ရှင်အလုပ်သမား နှစ်ဦးနှစ်ဖက်စလုံးကလည်း တည်ဆဲဥပဒေတွေကို လေးစားလိုက်နာဖို့လိုပါတယ်”ဟု မြန်မာအလုပ် သမားကွန်ရက်၊အလုပ်သမားရေးရာ ဆောင်ရွက်သူ ဦးဌေး(ရှေ့နေဟောင်း)မှ သုံးသပ်ပြောသည်။
အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှလည်း အလုပ်အကိုင်မူဝါဒတွင် ကောင်မွန် သော အလုပ်အကိုင်ဖြင့် ထုတ်လုပ်မှုအပိုင်းအားတိုးတက်စေခြင်း၊ ထုတ်လုပ်နိုင်စွမ်းအားဖြင့် လုပ်သား များအတွက် အခွင့်အလမ်းများ တိုးမြှင့်ပေးခြင်း ၊ ပတ်ဝန်းကျင်ရေးရာ နှင့် လူမှုရေးရာ ရေရည်တည်တဲ့ ဖွံ့ဖြိုးတိုးတက်စေရမည်ဟု၍ ချမှတ်ထားကြောင်း အဆိုပါဌာနက သိရသည်။
လက်ရှိရေးဆွဲနေသည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေသည် လုပ်သား နှင့် အလုပ်ရှင်များအတွက်ပါ အကျိုးရှိစေမည့် ဥပဒေဖြစ်ပြီး အဆိုပါ ဥပဒေမူကြမ်းအား အာဆီယံ ဒေသအတွင်း နိုင်ငံများနှင့် ILO ၏ OSH ဆိုင်ရာConvention များအား ကိုးကား၍ လုပ်ငန်းအတွေ့ အကြုံရှိသူများ၊ ဘာသာရပ်ကျွမ်းကျင်သူများ၊ ဥပဒေပညာရှင်များ၏ အကူအညီဖြင့် ရေးဆွဲလျှက် ရှိသည်။
အဆိုပါ ဥပဒေမူကြမ်းနှင့် ပတ်သက်၍အကြံဥာဏ်များပေးပို့လိုပါက အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန ၊mol.cif.fgllid@gmail.com သို့ တိုက်ရိုက်ဆက်သွယ်ပေးပို့စေ
လိုကြောင်း၊ ပေးပို့မည့် အကြံဥာဏ်များကို လိုလားစွာဖိတ်ခေါ်နေကြောင်း အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေး ရေးဦးစီးဌာနက သိရသည်။
Myanmar Express

1 comments:
Workers' compensation insurance plans are good but make sure that the C.E.O.s and their relatives do not use insurance companies as a money machines(such as very high salaries, extreme bonuses, and etc)
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်