Subscribe to our RSS Feed

ဈေးနှုန်းသက်သာစွာဖြင့် ကြိုတင်ငွေပေးကတ်များ အွန်လိုင်းမှ တစ်ဆင့် ဝယ်ယူနိုင်

From : ခေတ်လူငယ်


 ဈေးနှုန်းသက်သာစွာဖြင့် ကြိုတင်ငွေပေးကတ်များဖြစ်သော GSM နှင့် WCDMA ကတ်များအပြင် CDMA800 MHz,CDMA450MHz စသည့် ဖုန်းငွေဖြည့်ကတ်များအပြင် Mc Will 400MHz Prepaid Cards, iTunes Prepaid Cards စသည့် ပြည်တွင်းအသုံးများသော ကတ်များကို www.prepaid card com.mm တွင် ပြင်ပဈေးထက် လျှော့၍ စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ ဝယ်ယူမည့် ကတ်အမျိုးအစားတွင် Add to Cart ကို နှိပ်ကာဝယ်ယူမည့် ကတ်အရေအတွက်အား Quantity အောက်ရှိ Text Box တွင် ပြင်ကာ Update ကို နှိပ်ပေးရမည်ဖြစ်ပြီး Myanpay အကောင့်မှ တစ်ဆင့် ငွေပေးချေရမည်ဖြစ်ပြီး Successful Page သို့ ငွေပေးချေမှုပြီးစီးပါက ရောက်ရှိမည်ဖြစ်သည်။ ဝယ်ယူသော ကတ်၏ Pin Code, Expire Date နှင့် ငွေပေးချေမှု အသေးစိတ်ကို Email ပို့ပေးမည်ဖြစ်ကြောင်း သိရသည်။ Delete ကိုနှိပ်၍ ဝယ်ယူထားသော ကတ်အားပြန်ဖျက်နိုင်ပြီး Myanpay acc အား Login ဝင်ပြီးပါက ဝယ်ယူသူ၏ အချက်အလက်အား မှန်၊ မှန်စစ်ဆေးကာ Continue ကို နှိပ်ပေးရမည်ဖြစ်ကြောင်းနှင့် Myanpay Account Information များစစ်ဆေးပြီး Pay ကို နှိပ်ကာငွေချေရမည် ဖြစ်ကြောင်းသိရှိရသည်။

 Myanmar Express 

1 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်