Subscribe to our RSS Feed

ဂျပန်နိုင်ငံလုပ် ဟီးနိုးယာဉ်မျိုးစုံ ပထမဆုံးတင်သွင်းမည်

From :  News Watch


မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံလုပ် ဟီးနိုးမော်တော်ယာဉ်မျိုးစုံ တင်သွင်းကာ ပြုပြင်ရေး ၀န်ဆောင်မှုလုပ်ငန်းများကို FMI ကုမ္ပဏီက လာမည့် ၂၀၁၃ ခုနှစ်တွင် ပထမဦးဆုံး စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ အကောင်အထည်ဖော်နိုင်ရန် ပြီးခဲ့သည့် သြဂုတ်လအတွင်းက ဂျပန်နိုင်ငံ Hino Motors Ltd နှင့် သဘောတူစာချွန်လွှာတစ်ခု လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း လာမည့်နှစ် မတ်လကုန်တွင် လုပ်ငန်းများ စတင်လည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ FMI ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် Dongfong အမှတ်တံဆိပ် ကုန်တင်ယာဉ်များအတွက် တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် Successful Goal Trading Co.,Ltd ကို တည်ထောင်ကာ အထက်မြန်မာပြည် ဈေးကွက်အတွက် မန္တလေးတွင် အရောင်းပြခန်းတစ်ခု ဖွင့်လှစ်ရန် ဆောင်ရွက်နေကြောင်းသိရှိရသည်။
 
 Myanmar Express

1 comments:

ရှယ်အထူးယာဉ် မထိုင်ရ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်