Subscribe to our RSS Feed

ဘင်္ဂလားဒေ့ရှ်သို့ ဆားတင်ပို့ရန် ဆွေးနွေး ညှိနှိုင်းဆဲသာ ရှိသေး

From : MRTV4


 ပြည်တွင်းမှ ဆားများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့ဖို့ အတွက် သက်ဆိုင်ရာ တာဝန် ရှိသူများမှ စီစဉ် ဆောင်ရွက် လျက်ရှိနေပြီး လက်ရှိမှာတော့ အခုလို တင်ပို့နိုင်ဖို့ အတွက် နှစ်နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေး ညှိနှိုင်းဆဲသာ ရှိသေးတယ်လို့ ဧရာဝတီတိုင်း ဒေသကြီး ဆားလုပ်ငန်းရှင် များရဲ့ ပြောကြား ချက်အရ သိရပါတယ်။ ဒီလို ညှိနှိုင်းရာ မှာတော့ ပြည်တွင်းရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိ သူတွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်ကာ အခွန်ကိစ္စများ ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ တင်ပို့ကုန် အတွက် အဆိုပါ နိုင်ငံသို့ ပေးသွင်းရတဲ့ အခွန်ဟာ ပမာဏ များပြား လွန်းတာကြောင့် အခုလို ညှိနှိုင်း ဆောင်ရွက် ရတာ ဖြစ်ပါတယ်။ အဆိုပါ ညှိနှိုင်းထားမှု အရ မြန်မာနိုင်ငံမှ တာဝန်ရှိ သူတွေရဲ့ တင်ပြမှု အပေါ် ဘင်္ဂလားဒေ့ရှ် နိုင်ငံ မှလည်း သက်ဆိုင်ရာ လွှတ်တော် များသို့ အဆင့်ဆင့် တင်ပြကာ အကြောင်း ပြန်ကြားပေး သွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ အခုလို အခွန် ကိစ္စရပ်များ ညှိနှိုင်း ဖြေရှင်း အဆင်ပြေခဲ့ရင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ နှစ်စဉ် ဆားတန်ချိန် ငါးသောင်း တင်ပို့နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ 

 Myanmar Express 

2 comments:

အဲဒီ နိုင်ငံကို ဘာမှ မရောင်းတာ ပိုကောင်းတယ်။

အိမ်နီးချင်းကောင်း မပီသ တဲ့ နိုင်ငံ ဘာမှ မရောင်းပါနဲ့ဗျို့။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်