Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ FDI Law လက်မှတ်ရေးထိုးပြီ

From :hmuu zaw

နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ခဲ့သော ပြည်ပ ရင်းနှီးမြုပ်နှံမှု ဥပေ
ဒကြမ်းအား ယမန်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးခဲ့ပြီး နိုင်ငံတော်သမ္မတ၏ ပြင်ဆင်ချက်(၁၁)ချက် ရှိရာတွင် (၁၀)ချက်ကို အတည်ပြုခဲ့ကာ ကျန်(၁)ချက်မှာ ပြည်ထောင်စုလွှတ်တော်၏ပြင်ဆင်ချက်ကိုသာ အတည်ပြုခဲ့ကြောင်း သတင်းများ သိရှိရပြီး ဖြစ်သည်။

ပြည်ထောင်

စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ပေးပို့လာသော ယင်းဥပဒေ ကြမ်းကို ယနေ့ လက်ခံရရှိခဲ့သည်။

ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ပေးပို့လာသော ယင်း ဥပဒေကြမ်းအား နိုင်ငံတော်သမ္မတကြီးက ယနေ့ညနေတွင် လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်နိုင်ရန် ပြည်ထောင်စုလွှတ်တော်သို့ ယနေ့ညနေတွင်ပင် ပြန်လည်ပေးပို့လိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။
  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်