Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဆွစ်ဇာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတော်ကောင်စီဝင် H.E. Mr. Didier Burkhalter အားလက်ခံတွေ့ဆုံ

From :သမ္မတရုံး

နေပြည်တော် နိုဝင်ဘာ ၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဆွစ်ဇာလန် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတော်ကောင်စီဝင် H.E. Mr. Didier Burkhalter အား ယနေ့ ညနေ(၃)နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဆွစ်ဇာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတော်ကောင်စီဝင်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Christoph Burgener လည်း တက်ရောက်သည်။

တွေ့ဆုံရာ၌ နှစ်နိုင်ငံရင်းနှီးသော ဆက်ဆံမှုများ တိုးတက်အောင်ဆောင်ရွက်ရေး၊ စားသောက်ကုန်နှင့် သဘာဝထွက်ကုန်များအား တန်ဖိုးမြှင့်တင်ထုတ်လုပ်နိုင်ရေး၊ ပြန်လည် ထူထောင်ရေး နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာတို့တွင် ပူးပေါင်း ဆောင်ရွက်ရေး၊ သဘာဝဘေးဒဏ်ဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး၊ ကျန်းမာရေး၊စားနပ်ရိက္ခာနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်နိုင်ရေးနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တို့နှင့်စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြသည်။

  Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်