Subscribe to our RSS Feed

ABSDFအဖွဲ့ ဥက္ကဋ္ဌကိုသံခဲနှင့်အဖွဲ့ ပြည်တော်ဝင်ခရီးစတင်

From : MyitMaKha, 7day
 
ဆယ်စုနှစ်နှစ်ခုကြာ လက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ကိုသံခဲ အပါအ၀င် ၎င်း၏အဖွဲ့သည် မြန်မာနိုင်ငံသို့ နှစ်ပတ်ကြာလေ့လာရေး လာရောက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

“ဒီ(ဒီဇင်ဘာ ၁၈) မနက်ပဲ မြ၀တီက ထွက်လာကြပြီ”ဟု ကိုသံခဲအဖွဲ့နှင့် လိုက်ပါလာသူ ငြိမ်းချမ်းရေးအကျိုးဆောင်တစ
်ဦးကပြောသည်။

၎င်းတို့အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိပြီး ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီ တွင် ၈၈ မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင်များနှင့် ၈၈ မျိုးဆက်သစ်ကျောင်းသားများ ရုံးခန်း၌ တွေ့ဆုံမည်ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဦးဇော်မင်းကပြောသည်။

ABSDF အဖွဲ့သည် မြန်မာနိုင်ငံသို့ မပြန်လာမီ နိုဝင်ဘာလဆန်းက သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံခဲ့ကြသည်။

 “ကျွန်တော်တို့ဒီနေ့မနက်မြ၀တီကနေ ဖားအံကိုကားနဲ့ထွက်မယ်၊ ဖားအံမှာ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းနဲ့အဖွဲ့က ကြိုဆိုပြီးသူတို့အစီအမံနဲ့ ရန်ကုန်ကိုခရီးဆက်မှာဖြစ်ပါတယ်ဟု ကျောင်းသား တပ်မတော်ဗဟိုဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင်ကပြောသည်။
ဇန်န၀ါရီလ(၃)ရက်နေ့တွင် အဆုံးသပ်မည့် နှစ်ပတ်ကြာပြည်တော်ဝင်ခရီးစဉ်အတွင်း မြန်မာအစိုးရနှင့် အတိုက်အခံ ဒီမိုကရေစီအင်အားစုများ၏ နိုင်ငံရေးအပြောင်းအလဲနှင့်ပတ်သက်သည့်အမြင်များကို ကြားနာ လေ့လာယုံမှလွဲ၍ အစိုးရနှင့်နိုင်ငံရေးဆွေးနွေးညှိနှိုင်းမည့် အစီအစဉ်မရှိသေးကြောင်းကို လည်း ၄င်းတို့ထံမှ သိရသည်။
ဒီခရီးစဉ် ရည်ရွယ်ချက် ပထမအချက်က ဒီနေ့အပြောင်းအလဲမှာ နှစ်ဘက်မြင်တဲ့အမြင် ကိုကျွန်တော်တို့ နားထောင်ချင်တယ် ၊ နောက်တချက်က၊ အတိုက်အခံတွေက ကျွန်တော်တို့ အပေါ်မြင်တဲ့အမြင်၊ ဘာတွေ ဆက်လုပ်စေချင်သလဲဆိုတာ နားထောင်ချင်တယ်၊ ပြီးတော့ အနှစ်(၂၀)ကျော်ခွဲခွါနေရတဲ့ မိသားစုတွေနဲ့ ပြန်လည်တွေ့ဆုံဖို့ပေါ့ဟု ကိုဆလိုင်းက ဆက်ပြော သည်။
ကျောင်းသားတပ်မတော်၏ ခရီးစဉ်အတွင်းနေပြည်တော်ရှိအစိုးရ၀န်ကြီးဌာန အကြီးအကဲများနှင့် တွေ့ဆုံမှုများ၊အတိုက်အခံ ဒီမိုကရေစီအင်အားစုများ၊ နိုင်ငံရေးပါတီနှင့် လူမှုရေးအဖွဲ့အစည်းများနှင့် လည်းတွေ့ဆုံရန်ရှိသည်ဟု သိရသည်။
စီစဉ်မှုများအရ (၈၈)မျိုးဆက်ကျောင်းသားများအဖွဲ့၊ ဗကသ၊ UNAတိုင်းရင်းသားခေါင်းဆောင်များ အပါအ၀င် အဖွဲ့အစည်းများနှင့် တွေ့ဆုံရန်ရှိသော်လည်း NLD ဒီချုပ်ပါတီအပါအ၀င် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ရက်ချိန်းမရသေးဟူ၍လည်း သိရသည်။
လက်ရှိတွင် မြန်မာမြောက်ပိုင်းဒေသကချင်ပြည်နယ်အခြေစိုက်ကျောင်းသားတပ်မတော် နှင့် ကချင်လက်နက်ကိုင်တပ်များ ပူးတွဲ၍ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေချိန်၌ လက်ပံတောင်းတောင်အရေးနှင့်   ပတ်သက်ပြီး အစိုးရနှင့်ပြည်သူအကြား သဘောထားတင်းမာမှုများ ရှိနေချိန် ကျောင်းသားတပ်မတော်ခေါင်းဆောင်များ ၏ ပြည်တော် ၀င်လေ့လာရေး ခရီးစဉ်ကိုအဖွဲ့အစည်းအတွင်း ကန့်ကွက်မှုများလည်း ရှိခဲ့သည်ဟုလည်း စုံစမ်းသိရှိရသည်။
ဒီခရီးစဉ်အစီအစဉ်ကို ယာယီနောက်ပြန်ရွှေ့ထားလည်းရတယ်၊ ဒါမှမဟုတ် ဥက္ကဌနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေ အကုန်မပါတဲ့ကိုယ်စားလှယ်တွေ စေလွှတ်လည်းရတာပဲ၊
ဒီလိုနိုင်ငံရေးအရ ရှုပ်ထွေးနေတဲ့ကာလမှာ ကျွန်တော်တို့ ကျောင်းသားတပ်မတော်က ကျွန်ဝယ်ရာ အဆစ်မပါစေချင်ဖူးဟု အမည်မဖော်လိုသည့် ကျောင်းသားတပ်မတော်ဗဟိုကော်မတီဝင်တစ်ဦးက ခရီးစဉ်အပေါ် ဝေဖန်ပြောဆိုခဲ့သည်။
၁၉၈၈ နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့သောမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားတပ်မတော်မှာ အစိုးရနှင့်အပစ်အခတ် ရပ်စဲရေးသဘောတူညီမထားပဲ မြန်မာပြည်တွင်းဝင်ရောက်သည့် တစ်ခုတည်းသော လက်နက်ကိုင်တပ်ဖွဲ့လည်းဖြစ်သည်။
ယခုခရီးစဉ်သည် ဖေဖေါ်ဝါရီလအတွင်းက သမ္မတရုံးဝန်ကြီးဦးအောင်မင်း အပါအ၀င် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့နှင့်  ထိုင်းနိုင်ငံ၌တွေဆုံဆွေးနွေးခဲ့သည့်ရလဒ်ဟုသိရသည်။
အခုခရီးစဉ်ဟာ ဦးအောင်မင်းနဲ့ပထမအကြိမ်တွေ့ခဲ့တုန်းက ကျွန်တော်တို့ဘက်က၊နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လုပ်မယ်၊ပြည်တွင်းလေ့လာရေး ခရီးထွက်မယ်၊ဖမ်းဆီးထားတဲ့နိုင်ငံရေး အကျဉ်းသားတွေပြန်လွှတ်ပေးရမယ်ဆိုတဲ့ သဘောတူညီမှုတွေရဲ့အကျိုးဆက်ပါဟု ကိုဆလိုင်းယောအောင်က ဆိုသည်။
အေဘီအက်စ်ဒီအက်ဖ်ကျောင်းသားတပ်မတော်၏ခရီးစဉ်အပြီး ရန်ကုန်မြို့နှင့်ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့များ၌ သတင်းစာရှင်းပွဲပြုလုပ်သွားမည်ဖြစ်သည်။
  www.MyanmarExpress.net

2 comments:

အနှစ် ၂၀ ကျော် လက် နှက် စွဲ
ကိုင် ပြီး တိုက် နေ တာ?
ဘာ အ တွက် လဲ?
ABSDF အ ကြောင်း ရေး နေကြ တာ တွေ ကို
ဖတ် ရ တာ တွေက တော့ ...
အေး ပေါ့ လေ အ စိုးရ က မ ကောင်း တတ် လို့
လူလိုသူလို ဆက် ဆံ နေ တာ ကို
ဟုတ်လှ ပြီ ထင် ပြီး တော့ ပြည် တွင်း ပြန် ဝင် လာ ပြီး
ချီးထုပ် တွေ အရှုပ် ထုပ် တွေ လုပ် မေန နဲ့ ဦး
တောထဲ နေ ပြီး ငတ်ပြတ်နေပြီး
ထောက်ပံ့ ကြေး မျော် စာေးန ရ တဲ့ ဘဝ
ကနေ မင်း ကို နိုင် တို့ လို မြို့ ပေါ် မှာ နေ ပြီး
ထိုင်စား မျှော် စား တဲ့ ဘဝ ကို မင်း တို့
လည်း အား ကျ မှာ ပေါ့ ကွာ
ပြန် လာ ကြ ပါ။
အေးအေးဆေးဆေးနဲ့ တိုင်း ပြည်
တိုးတက် အောင် လုပ် ကြ ပါ
ပြည်သူကို မြှောက် ပေး ပြီး ထမင်း စား ချောင်
အောင် မလုပ် ကြ ပါနဲ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်