Subscribe to our RSS Feed

ဘုန်းကြီးတွေ ဆန္ဒပြသင့်သလား ?


 ဘုန်းကြီးတွေ ဆန္ဒပြသင့်သလား မေးရင် ဘုန်းကြီး နဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ က လားလားမျှ မအပ်စပ်ဘူး။

ဘုန်းကြီး ဆိုတာ ပဗ္ဗဇ္ဇ-လောက ကို စွန့်ထားခဲ့ပြီ မို့ လောက နဲ့ စပ်သမျှ ကို ပတ်သက်စရာ မလိုတော့ တာအမှန်။

ဘုန်းကြီး တွေ လုပ်ရမှာ (၄) ခုပဲ။
...
(၁) ၀ိနည်းလေးစား လိုက်နာ ကျင့်သုံးရမယ်။
(၂) ပရိယတ် လေ့လာသင်ကြားရမယ်။
(၃) ပဋိပတ် ကျင့်ကြံအားထုတ်ရ မယ်၊
(၄) မိမိ သိအပ်သော သီလ သမာဓိ ပညာ တရားအသိတွေ ကို လောကသားတွေ ကို ဆုံးမသွန်သင် ပေးရမယ်။

ဒီလေးခုပဲ။ တစ်ခု ကို ၂၅ မှတ်ပေး မယ်..၄ ခုလုံး ပြည့်စုံရင်တော့ အမှတ် ၁၀၀ ပဲ။ဘုန်းကြီးတွေ ဒီလေးခုထက် ပိုလုပ်ရမယ့် အရာတွေ ရှိတယ် ထင်ရင် ညွှန်ပြတော်မူကြပါ။

ဒီလို ရဟန်းကောင်း ရဟန်းမြတ်တွေ ပဲ လိုချင်တယ်။

နိုင်ငံရေး ကို လုံးဝ လုံးဝ မလုပ်ရပါ။

အာဏာစက် နဲ့ ပေါင်းရိုက်တဲ့ နိုင်ငံရေး လဲ မလုပ်ရပါ။

သာသနာသန့်စင်ရေးဆိုင်ဘုတ်တပ်တဲ့ နိုင်ငံရေးလဲ မလုပ်ရပါ။

အတိုက်အခံ နိုင်ငံရေးလဲ မလုပ်ရပါ။

ပါတီနိုင်ငံရေးလဲ မလုပ်ရပါ။

အမျိုး ဘာသာ သာသနာ နိုင်ငံရေးလဲ မလုပ်ရပါ။
ဘယ်နိုင်ငံမှာမှဘုန်းကြီးဟာလွှတ်
တော်ထဲမှာအမတ်မရှိသလိုဝန်ကြီးလဲမရှိပါ။


ရဟန်းဆိုတာ နိဗ္ဗာနဂါမိနီပဋိပဒါ ကို အားထုတ်သူတွေ ဖြစ်သော ကြောင့် မဂ်ဖိုလ်မှ ဖီလာ ဖြစ်သော ကိစ္စများ မှ ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်ကြပါရန်တိုက်တွန်း လိုက်ပါတယ်။သာသနာဆိုတာ သိက္ခာ ၃ ရပ်
အကျင့်မြတ်နဲ့သာတည်ဆောက်ထားတာပါ
။ ဒကာ ဒကာမ တွေရဲ့ လာဘ်သတ်ပကာဆိုတာ
သာသနာရဲ့ အနှစ်မဟုတ်ပါဘူး ။ အကာအရံမျှသာဖြစ်ပါတယ် ။ သိက္ခာ၃ပါးကတော့ သီလ၊
သမာဓိ၊ပညာပေါ့ ။ ဒကာရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ ။ စားရသည်ဖြစ်စေ၊
ငတ်သည်ဖြစ်စေ သီလကိုလည်း မပျက်ကောင်းဘူး၊ သမာဓိ ၊ပညာ စသည်တို့လည်း
မလျှော့ ကောင်းဘူးပေါ့လေ ။ မင်းဆိုး ခေတ်ဆိုး အဆက်ဆက်ကိုဖြတ်သမ်းပြီး
ပိဋိကတ်တော်တွေကို ရေသောက် ဗိုက်မှောက်ပြီး နှုတ်တက်ဆောင်လာကြတဲ့
သံဃာတော်တွေအကြောင်း သာသာနာ့ သမိုင်းမှာ ဖတ်ကြပါ ။
နောက်တစ်ချက်က ကပ္ပိလ၀တ်နဲ့ ကောလိယ ( ကျနော်သိသလောက်တော့ ဒေ၀ဒဟ မဟုတ်ပါ )
တိုင်း ၂ တိုင်းတို့  ရောဟဏီမြစ်ကို လုရင်း စစ်ဖြစ်တော့ ဘုရားရှင်အနေနဲ့
ဘယ်လို ဖြေရှင်းခဲ့ပါသလဲ ။
ဘုရားရှင်က ..ဘုန်းကြီးတွေကို စုဆောင်း ..တိုင်းသူပြည်သားတွေကို လှုံ့ 
ဆော်ပြီး သူ့ ကျောင်းသင်္ကန်းမှာ ဒေါင်းအလံတွေ ဘာတွေ စိုက်တာတို့  ..။
စစ်ပွဲကို အခု ရပ် ..ဆိုတဲ့ စာတန်းတွေ ဆိုင်းဘုတ်တွေ ချိတ်ပြိး
လော်စပီကာနဲ့ ကြွေးကြော်တာတို့  ၊ စီတန်း လှည့်လည်ပြိး သာ
သနာ့အလံကြိးကိုင်ပြီး မိုးရေထဲ မှာ သင်္ကန်းဖားလျားနဲ့ မေတ္တာသုတ်ရွတ်တာတို
့ ၊ စစ်ပွဲ မရပ်မချင်း အစာငတ်ခံ ကံဆောင်တာတို့  .. ၊
ဘုန်းကြီးကျောင်းမှာ ပါတီနိုင်ငံရေးပွဲတွေ လုပ်တာတို့  ။ ဟိုနိုင်ငံ
ဒီနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး အမျိုးသမီးတွေနဲ့ ဓါတ်ပုံ
တွဲရိုက်တာတို့  ၊ ( ဟေ့  ခုခေတ်က ဆွဲချင်တိုင်း ဆွဲလို့မရတော့ဘူး ။
မီဒီယာတွေ တိုးတက်နေပြီ ) စတဲ့ ထိတ်တိုက်ရင်ဆိုင်ရေး စကားတွေ ပြောတာတို
့ ။ စတဲ့ နည်းလမ်းတွေ နဲ့ဖြေရှင်းခဲ့တာများလား


နောက်တစ်ချက်ကတော့ ဘုရားလက်ထက်က အမာခံ ဒကာတော် မင်းကြိး ( သောတပန်
အရိယာကြီး ) ဖြစ်တဲ့ ဗိမ္မိသာရမင်း ကို မတရားသဖြင့် သားတော် အဇာတသတ်က
အာဏာသိမ်းတယ် ။ အဇာတသတ်ကိုးကွယ်တာက ဘုရားရဲ့ အတိုက်အခံ ဒေ ၀ဒတ် ။ အင်း
ခုခေတ်လိုများဆို ရာဇဂြိုလ်ရဟန်းပျိုများ သမဂ တို့ 
မဂဓတိုင်းလုံးဆိုင်ရာ သံဃာ့  သမဂီ တို့ ထောင်ပြိး အဇာတသတ် ဆန့်ကျင်ရေး
သံရုံးရှေ့  မှာ ဆန္ဒသွားပြကြရမလိုလို ၊ ကြေငြာချက်တွေ ထုတ်ပြိး
ဘီဘီစီကတစ်ဆင့် ကြေငြာကြရမလိုလိုပေါ့နော် ။ နို့  ပေ တဲ့ ဘုရားရှင်ကတော့
ရာဇဂြိုလ်ပြည်တွင်းရေးကို လားလားမျှ ၀င် မပါခဲ့ပါဘူး ။ သြော်
ကြည်ညိုဖို့ကောင်းလိုက်တာ ။ အင်းလေ တိုင်းရေးပြည်ရာ မင်းရေးမင်းရာ
လုပ်ချင်မှဖြင့် တောထွက်တဲ့နေ့ကတည်းက မာရ်နတ်လျှောက်ထားတဲ့
စကြာရတနာဆိုက်တာစောင့်ပြိး စကြ၀တေးမင်းပဲ လုပ်တော့မပေါ့ ။ ဘုရားဖြစ်အောင်
တောင် ကျင့်စရာမလိုဘူးရယ်နော့  ။
ပသေနဒီ ကောသလ မင်းကြိး ဘုရားဝင်ဖူးနေတုန်း နောက်က သူ့ သား ၀ိဋဋူပ
အာဏာသိမ်းတယ် ။ ဘုရားက ငါ ဘာသာရေးသြဇာ ရှိတာပဲရယ်လို့ ၀င်မစွက်ဘူး ။
ဝိဋဋူပ က ဘုရားဆွေတော်မျိုးတော်တွေကို သတ်ပြီး
လည်ချောင်းသွေးနဲ့ခြေဆေးတယ် ။ မသတ်ဖို့ ၂ ကြိမ်တိုင် သွယ်ဝိုက်ပြီး
တားတော်မူတယ် ။ ( လောကမှာ ဆွေရိပ်မျိုးရိပ်က အအေးဆုံး ) ဆိုတာ လောက်သာ
မိန့်တာပါ ။ ဘာ ဆန့်ကျင်ရေး ဗီနိုင်းတွေ မှ ထုတ်ပြိး
ကျောင်းမှာကပ်တာမဟုတ်ဘူး ။ ရွှေတိဂုံပေါ်တက်ပြီး ဒီမိုကရေစီပေးပါလို့ 
တံခါန် ကုက္ကားအစုံနဲ့လဲ အော်မနေဘူး ။ နောက်ဆုံး တတိယ အကြိမ်
ဆွေမျိုးတို့ရဲ့ ၀ိပါတ်တော်ကို မကယ်သာလို့  တားတော်မမူခဲ့ဘူး ။
ပြုသူအသစ်ဖြစ်သူအဟောင်းပဲ ။

ထေရဝါဒဘုန်းကြီးက မလုပ်သင့်ပါဘူး။မိမိသာ သံသရာကလွတ်ကြောင်းကြိုးစားရမှာပါ။
မဟာယနဆိုရင် လုပ်သင့်ကလုပ်ရပါမယ်။ မိမိအကျိုးသာမဟုတ် လောကသားတွေအတွက်လို့ ခံယူထားလို့ပါဟု ထင်ကြောင်း။
ဒီတော့ ထေရဝါဒခေါင်းစဉ်အောက်မှာနေရင် ဘုန်းကြီးများ နိုင်ငံရေးမလုပ်ရ။

အိမ်က အမေနဲ့အစ်မက အမြဲပြောတယ် ကျွန်မ က အခုခေတ်မှာ မြင်နေရတဲ့ ဘုန်းကြီးတချို့တွေအကြောင်းပြော
ရင် သမီးမပြောရဘူးလေ ကိုယ်ပြောရင်ကိုယ်ငရဲကြီးမှာ အဲ့ဒါသူတို့အလုပ်၊ ကိုယ်နဲ့မဆိုင်ဘူးလို့အမြဲပြောတယ်။ ငရဲကြီးခါမှကြီးရော ၀င်တော့ပြောအုန်းမယ်။ ဘုန်းကြီးတွေ ဦးဇင်းတွေ စ၀တ်ထဲက ဘာရည်ရွယ်ချက်နဲ့လည်း၊ ဘယ်ပန်းတိုင်ကိုအရောက်လှမ်းချင်တာလဲ၊ တရားဟောရဖို့သတ်သတ် စာတွေကြည့်ပြီး စာမေးပွဲတွေဖြေမယ် ဆိုတဲ့အတွေးနဲ့လား။ ၀ိပဿနာ စစ်စစ်ဖြစ်တဲ့ နိဗ္ဗာန်ရည်မှန်းပြီး နိဗ္ဗာန်ရအောင် တရားကိုတစိုက်မတ်မတ်ကျင့်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လား။ ဒါမှမဟုတ် သံမထလိုင်းကိုဘဲလိုက်ပြီး ၀ိဇ္ဖာဖြစ်အောင်ကျင့်မှာလား။ ကျွန်မထင်တာတော့ ရဟန်းဝတ်ရခြင်းမှာ ဒီရည်ရွယ်ချက်ထက်ပိုမရှိသင့်ဘူးထင်တယ်။ အမှန်ကတော့ ကျွန်မတို့ဘာသာမှာ ဦးဇင်း ရဟန်းဝတ်ထဲကိုက ရှုပ်ထွေးလှတဲ့လောကီနယ်ပယ်ထဲမှာ မနေချင်လို့ လူတွေအားလုံးထက်မြင့်မြတ်တဲ့ ရဟန်းဘ၀ကိုခံယူသွားတယ်လို့ အသိရှိကြတယ်။ ဒါပေမယ့်အခု ကျွန်မဆိုတောင် လူတွေကိုကောင်းအောင် စိတ်တွေကိုထားတတ်အောင် ကောင်းမွန်တဲ့အရာတွေနဲ့ ရပ်တည်နိုင်အောင် ဟောပြနေတဲ့ ဘုန်းကြီးတွေကော ဒီလိုစိတ်ထားတွေထားနိုင်အောင် သူတို့တစ်ဘက်တလမ်းကနေကျင့်ကြရဲ့လားလို့အမြဲတမ်းတွေးမိတယ်။ လူတွေကို ကောင်းအောင် ပြုပြင်ပေးတာ ကောင်းပါတယ်။ ဒါပေမယ့် ဒါတွေက သူတို့ကိုယ်တိုင်ကျင့်ပြီး သိတဲ့အသိကိုဟောတာပိုမမှန်ဘူးလား။ ကောင်းတာတော့ဟောတယ် ဘုန်းကြီးအလုပ်မိုလို့၊ ကိုယ်တိုင်တော့ တကူးတက နက်နက်နဲနဲ မကျင့်ဘူးဘူး။ ဟောဖို့တရားကို စာထဲမှာရှာပြီး စာမေးပွဲတွေဖြေပြီး ဟောနေတာထက်စာရင် ကိုယ်ကိုယ်တိုင်ဖြည့်ပြီးမှ ဟောတာပိုမမှန်ဘူးလား။ နိုင်ငံရေးလည်းအတူတူဘဲလေ တရားနဲ့ပြည့်စုံပြီးသားဘုန်းကြီးတပါးက အမြင်မတော်လို့ ၀င်ပြောတာ ၀င်စီမံတယ်ဆိုတလက်ခံနိုင်ပေမယ့် တရားကိုနက်နက်နဲနဲ မကျင့်ရသေးဘူး ကိုယ်ကိုယ်တိုင်အောင်တရားကိုစာအုပ်ထဲမှာဘဲရှာတွေ့သေးတဲ့ ဦးဇဉ်းလေးတွေအနေနဲ့ကျတော့ နိုင်ငံရေးဆိုတာကို လူတွေသိတဲ့အသိထက်ပိုမသိနိုင်ဘူးလေ ဆိုတဲ့အတွေးနဲ့ ကန့်ကွက်တာကို လက်မခံသင့်ဘူးလား။ လူတွေက တရားခဏနာလည်း နာတဲ့အခိုက် ကုသိုလ်လေးတော့ရတာဘဲဆိုတဲ့ အသိနဲ့တရားပွဲလာတယ် သက်ကြီးရွယ်အိုကအစ ပေါ့လေ အဲ့မှာ ဘုန်းကြီးက နိုင်ငံရေးကိုအားကြိုးမာန်တက်ဟောလို့သင့်တော်ပါ့မလား။ ဒါစဉ်းစားသင့်တယ်လေ ။ အခုတော့ စာသင်တိုက်က ဦးဇင်းငယ်ငယ်လေးတွေ (တချို့ပေါ့လေ) အင်တာနက်ဆိုင်မှာ ဂိမ်းဆိုင်မှာ ဘောလုံးပွဲပြတဲ့ လက်ဖက်ရည်ဆိုင်မှာတွေရှိနေတာက သဘာဝကျပါရဲ့လား ဘာသာရေးရှုထောင့်ကကြည့်ရင် စဉ်းစားစရာပါ။

အဲဒါတာ ဘုရားသားတော် သံဃာတွေ မဟုတ်ဘူး။ ဘုရားသားတော် သံဃာတွေက အဲလို အရှက်မရှိ၊ ဘုရားမကြိုက်တဲ့၊ ၀ိနည်းနဲ့ မညီတဲ့ ဟာတွေ စိတ်ကွယ်ရာမှာတောင် မလုပ်ကြဘူး။ အဲဒါ ဘုန်းကြီးတွေပါ။ သာမန်လူ တွေလို မလုပ်ကိုင် မစားသောက်ချင်လို့ အချောင်ခို ချင်လို့ သင်္ကန်းစီးထားတာ။ ငရဲ မကြောက်ကြတဲ့ သူတွေထဲမှာ ထိပ်ဆုံးကပါတာပေါ့။
သံဃာ အရေး အခင်းဆိုတဲ့ ဘုန်းကြီး တွေပါလာတဲ့ ပြသနာ တွေက အဲသလို ဘုန်းကြီးတွေကြောင့် ဖြစ်ခဲ့တာပေါ့။

ထေရ၀ါရ ဗုဒ္ဓဘာသာ ကို အရောင်ဆိုးနေကြသူတွေပါဗျာ။ ငခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးမပုပ်ပါရစေနဲ့။


Myanmar Express

12 comments:

ဒီလိုမျိုး များများ ရေးပေးသင့်တယ် လိုက်နာရင်ပိုကောင်းပါတယ်
ဒါပေမယ့် အခုခေတ်မှာတော့ သာသနာ ပျောက်ကွယ်တော့မယ်နဲ့တူပါတယ်
မိဘပြည်သူတွေ ၀ိုင်းပြီး ထိန်းသိမ်းသင့်တယ် သံဃာတွေကိုမမြှောက်ပေးကြ
ပါနဲ့ မြှောက်ပေးရင် အပါယ်ရောက်သွားမယ်ဆိုတာသိသင့်တယ်
မကြောက်တတ်သူများနှင့် မြှောက်ပေးတဲ့သူများ ရောက်သင့်သည့်နေရာသို့
ရောက်နိုင်ကြပါစေ...........

အဲ့ဒါ ဘုန်းကြီးတွေ မဟုတ်ဘူး။ သင်္ကန်းကို အကာအကွယ်ယူထားတဲ့ လူလိမ် လူညာ အလုပ်မရှိ အကိုင်မရှိတွေ။ ထေရဝါဒ ဗုဒ္ဓဘာသာကို ညစ်နွမ်းပျက်စီးအောင် လုပ်နေတဲ့ လူတွေ။

မှန်ပါတယ် မသိ့တဲ့ သာသနာဖြတ်မဲ့ သံဃာတွေ ဒီပို့ကိုဖတ်ခိုင်းလိုက်ပါ

မင်းကိုနိုင်ဆိုတဲ့အုတ်ကြားမြက်ပေါက်အဖွဲ့ရဲ့လိုချင်တဲ့ဆူပူမှုပန်းတိုင်ရောက်တော့မှာလား

သံဃာတော်ရဟန်းတွေကိုမြောက်ပင်ပေးပြီးနိုင်ငံရေးလုပ် စားမနေကျပါနဲ့ တပ်မတော် ရဲတပ်ဖွဲ့ ဝန်ထမ်းတွေအားလုံးဟာလဲ မြန်မာနိုင်ငံသားဗုဒ္ဓ ဘာသာဝင်တွေမဟုတ်ဘူးလား တိုင်းပြည်အတွက်ဆိုအသက်ပေးနိုင်တဲ့သူတွေဆိုတာမမေ့ပါနှင့်

ဒီဂတုံးတွေလုပ်မှပဲ
ဗုဒ္ဓဘာသာလည်းပျက်ကရော
ဗုဒ္ဓဘာသာဝင်တွေဆိုရင် ဗုဒ္ဓအတိုင်းကျင့်ကြလေ
နင်တို့ဟာက ဗုဒ္ဓနဲ့ကတစ်လမ်းစီပဲ
မိန်းမတွေလည်းတော်တော်ဆိုးတယ်
ဒါကိုမီးထိုးပေးနေတာ
သင်္ကန်းဝတ်တွေနားမှာဘာလုပ်နေကြမှန်းမသိဘူး
ကိုယ့်အိမ်ကနေမကောင်းတဲ့ယောင်္ကျားနားကျ မနေချင်ကြဘူး
ကလေးတွေကျ ထမင်းချက်မကျွေးချင်ဘူး
ဘုန်းကြီးတွေနားပဲသွားနေတဲ့ မိန်းမတွေမြင်ဖူးတယ်
ဘုန်းကြီးတွေကိုပဲ ပြူစုယုယနေချင်တဲ့ အရူးမတွေ
သောက်ရေးကိုမပါဘူး

ဘုန်းဘုန်းတွေဆန္ဒပြကြတယ်ဆိုတာထစ်ကနဲရှိကတုံ့းတုံး

ကြတာနဲ့တူတယ်ဦးပြည်းလေးတွေကစိမ်းနေတာပဲနော်

သံဃအရေးအခင်းတွေမှာတွေ့တွေ့နေလို့ပါ

All the comment is great ...ready to go hell

People and monk cannot stand of your Bastard Ex-General Than shwe's deeds.
What did your Pig Than Shwe do to our country???
Tell me !!!
They are selling everything of our country...
Now you guys are attacking to our own people and monk. You guys only have shrimp head!!! Bastard !!! People are struggling to survive. They are living in heaven and people are living hell. What a shameful you guys are !!!

You guys should be shameful for describing very low standard. How come can you be soldiers ???
Very low standard !!!
Narrow minded !!!
Cunning mind !!!
Just try to cover with your Pig Than Shwe and his family until our country nothing left. Now everything is gone now. Think deeply before you write news. OK? Bastard !!!!!!!!!!! Fuck youuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuuu.......

ဘုန်းကြီးတွေဆန္ဒပြသင့်သလား?မေးမှတော့ဖြေရမှာပေါ့။ကောင်းကောင်းမသိဘူး။ဓါတ်ပုံအရိုက်ခံခြင်လို့ ဗီဒီယိုအရိုက်ခံခြင်လို့ ဂျာနယ်မျက်နှာပေါ်ပါခြင်လို့ဒါပဲသိတယ်။ဘုန်းကြီးအတုB2(N)

ဆေးလိပ်က အမျိုးသား အင်္ဂါကို တိုစေ

From : International news for myanmarတကယ့် ပေါက်ပေါက်ရှာရှာ ဆေးပညာရှင်တို့ လေ့လာတွေ့ရှိထားမှု တစ်ခု ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်ကတော့ ဆေးလိပ်သောက်ခြင်းရဲ့  ဆိုးကျိုးတစ်ချက် ကတော့ အမျိုးသားကို လိင်အင်္ဂါကို တိုစေခြင်း ဖြစ် တယ်လို့ ဆိုပါတယ်။ဆေးလိပ်က အဆုပ်ကိုပဲ ထိခိုက်စေတာ မဟုတ်ပါဘူး။ ခန္ဓာ ကိုယ်တွင်း သွေးလည်ပတ်မှုကို အနှောက်အယှက်ပေးပါတယ်။ အထူးသဖြင့် အမျိုးသားတို့ အင်္ဂါကို သွေးမရောက်အောင် ညစ်ထားတတ်ပါတယ်။ဒါကြောင့် elastic ဖြစ်နှုန်းကျဆင်းပြီး နဂိုရှိရင်း ထက်တောင် တိုသွား တယ်လို့ လေ့လာထားကြပါတယ်။ နှစ်ရှည်ကြာ စွဲသောက်သူ အပေါ် လေ့လာချက်အရ ၁ စင်တီမီတာ တိုသွားတယ်လို့ ဆိုပါတယ်။ဒါတင်မက အင်္ဂါသို့ ရောက်အောင်သွားတဲ့ ဟိုမုန်း တွေကိုလည်း သေဖို့ အကြောင်းပိုများ ပါတယ်။ မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကိုလည်း သေဆုံးပြီး ကလေးရနိုင်ချေ နည်းသွားပါတယ်။ အကယ်၍ ရရင်လည်း ရတဲ့ ကလေး အပေါ် သက်ရောက် မှု အနည်းနဲ့အများ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဥပမာ- ကလေး ကြီးထွားမှု မမှန်ခြင်း လိုမျိုး ဖြစ်ပါတယ်။သုတေသနတို့ရဲ့ နောက်ထပ် တွေ့ရှိချက်ကတော့ အမျိုးသား တို့ ဆေးလိပ်သောက်သုံးခြင်းဟာ နှလုံးကို ထိခိုက်ခြင်းထက် အင်္ဂါထိခိုက်မှု ကို ပိုမို တိုက်ရိုက်ဆက်စပ်စေကြောင်း သိရပါတယ်။   Myanmar Express 23Share on facebookShare on twitterShare on emailShare on print

8 comments:

တောသားကြီ3း December 2012 17:19အော် ဆေးလိပ် ဆေးလိပ် အဓိက နေရာကို တိုက်ခိုက် နေပါ ရောလား။Replyတောသားကြီ3း December 2012 17:20အော် ဆေးလိပ် ဆေးလိပ် အဓိက နေရာကို တိုက်ခိုက် နေပါ ရောလား။Replyတောသားကြီ3း December 2012 17:21အော် ဆေးလိပ် ဆေးလိပ် အဓိက နေရာကို တိုက်ခိုက် နေပါ ရောလား။ReplyA 1(M)3 December 2012 22:33ဒီပညာပေးဆောင်းပါးလေးကိုခုအချိန်ကြမှဖတ်ရလို့ဝမ်းအရမ်းနည်းမိတယ်ဗျာ..ကျွန်တော့်ဘဝအတွက်အရာရာဟာနောက်ကျသွားပေါ့...ဒီလိုဗျကျွန်တော်ကခပ်ငယ်ငယ်၃တန်းကျောင်းသားလောက်တည်းကမိဘတွေကလည်းဆိုဆုံးမမှုမရှိတော့မိမဆုံးမဖမဆုံးမသားသမီးတို့ထုံးစံအတိုင်းစိုးချင်တိုင်းစိုး ပေချင်တိုင်းပေ တေချင်တိုင်းတေနေရာကနေဆေးလိပ်ကို စွဲစွဲမြဲမြဲသောက်ခဲ့မိတော့တာပါပဲ ခလေးအရွယ်ပေမယ့်လည်းမိုက်ရိုင်းလွန်းတဲ့ကျွန်တော်အိမ်ပေါ်မှာပေါ်ပေါ်ထင်ထင်ဆေးလိပ်သောက်တာကိုအဖေအမေကဘာမှမပြောဘဲလျစ်လျူရှုနေကြပါတယ်သူတို့ကလည်းသူတို့ဘာသာနေ့စဉ်လိုအိမ်ပေါ်မှာဖဲဝိုင်းထောင်ပြီးပျော်ပျော်ပါးပါးဖဲရိုက်နေကြတာပါပဲဗျာ...ရပ်ကွက်ထဲကတခြားအိမ်တွေကလူတွေကလည်းကျွန်တော်တို့မိသားစုကိုအပေါင်းအသင်းမလုပ်ကြဘူးဗျ ကျွန်တော်တို့ကိုတော်တော်အထင်သေးကြပြီး ကျွန်တော်တို့ကြောင့်ရပ်ကွက်မသန့်ဘူးလို့ပြောနေကြတာ...အဲ့တော့အပေါင်းအသင်းမရှိတဲ့ကျွန်တော်ဟာဆေးလိပ်ကိုပဲအဖော်ပြုပြီးစွဲစွဲမြဲမြဲသောက်ခဲ့ရာကကျန်းမာရေးကချို့တဲ့ပြီးရှုနာရှိုက်ကုန်းဖြစ်လာတော့တာပါပဲအဆိုးဆုံးကတော့ဗျာယောင်္ကျားအင်္ဂါဇာတ်အလွန်တိုပြီးလူစဉ်မမှီတဲ့ဘဝကိုရောက်သွားတော့တာပါပဲ..အိမ်မှာဖဲလာရိုက်တဲ့လူကြီးတွေက တစ်ချို့ကကျွန်တော့်ကိုဂွေးတိုလို့ခေါ်ပြီး တစ်ချို့ကတော့ တစ်လက္မခွဲလို့ခေါ်ကြတော့တာပါပဲဗျာ သူတို့ပြောတဲ့အတိုင်းတကယ်လည်းတစ်လက္မခွဲနယ်ကုန်ပါပဲ...ခုတော့ဆေးလိပ်သောက်ခြင်းဆိုးကျိုးကြောင့်ငန်းငန်းတက်အိမ်ထောင်ပြုချင်ပေမယ့်လည်းစိတ်သွားတိုင်းကိုယ်မပါ လူစဉ်မမှီတဲ့ဘဝ အားမတန်လို့မာန်လျော့လိုက်ရပြီပေါ့ဗျာ...မွေးရာပါဖွားတော်ဖက်ကသေးပေါက်ဖို့တစ်ခုပဲအသုံးဝင်ပါတော့တယ်ဗျာ...အနာဂတ်လူငယ်များကျွန်တော့်လိုဘဝမျိုးမရောက်ရအောင်ဆေးလိပ်မသောက်ကြပါနဲ့လို့တိုက်တွန်းရင်းနိဂုံးချုပ်လိုက်ပါတယ်ဗျာ။ ။ReplyRepliesAnonymous3 December 2012 23:39A 1(M) ခေါ် ဂွေးတို ခေါ် တစ်လက္မခွဲ လေးရေသေးပေါက်ဖို့ပဲအသုံးဝင်တော့လည်းသေးပဲပေါက်တော့ပေါ့ကွယ်...ဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားးးးးးးးးးးးးးးး

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်