From : 7day
မြန်မာနိုင်ငံသည် အိန္ဒိယစီးပွားရေးလုပ်ငန်းများအတွက်
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာ
စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန် ကြီးမားသော အခွင့်အလမ်းများ
ရှိနေကြောင်း မြန်မာသမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။
ဒီဇင်ဘာ ၂၁ ရက်တွင် အိန္ဒိယစက်မှုလုပ်ငန်းအဖွဲ့ချုပ် CII ကကြီးမှူးကျင်းပသည့် တံခါးပိတ်အစည်းအဝေးတွင် မြန်မာသမ္မတက အိန္ဒိယလုပ်ငန်းရှင်များအား စိုက်ပျိုးရေးကဏ္ဍ၌ လာရောက် လုပ်ကိုင်နိုင်မည့် အလားအလာများလည်း ရှာဖွေရန် ဖိတ်ခေါ်ခဲ့သည်။
၎င်းက ''အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်းဟာ အိန္ဒိယအစိုးရရဲ့ အကူအညီနဲ့အတူ လာအိုနဲ့ ကမ္ဘောဒီးယားကိုပါ ချဲ့ထွင် သွားမှာပါ။ ဒါဟာဒေသတွင်း ချိတ်ဆက်မှုနဲ့ ကုန်သွယ်ရေးကို တကယ်ပဲတိုးတက်စေမှာပါ'' ဟု ပြောသည်။ သမ္မတဦးသိန်းစိန်၏ မြန်မာနိုင်ငံတွင် ရင်း နှီးမြှုပ်နှံရန် ဖိတ်ခေါ် တိုက်တွန်းမှုအပြီး CII အဖွဲ့ချုပ် ဥက္ကဋ္ဌအဒီဂေါ်ဒရခ်ျကလည်း အိန္ဒိယ-မြန်မာ စီးပွားရေး ဆက်ဆံမှုတိုးတက်စေရေး အတွက် အချက်ငါးချက်ပါ အဆိုပြုချက်ကို တင်ပြခဲ့သည်။
၎င်းတင်ပြခဲ့သော ငါးချက်မှာ နှစ်နိုင်ငံကြား ရထားလမ်းဆက်သွယ်ရေးကဏ္ဍနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍ ပူးပေါင်းမှု မြှင့်တင်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် သင့်လျော်သော ဘဏ်လုပ်ငန်းဆိုင်ရာ စနစ်များ စီစဉ်ရေး၊ ကုန်သွယ်ရေးကာကွယ်မှု၊ ကွန်ပျူတာဆော့ဖ်ဝဲနှင့် ခရီးသွားလုပ်ငန်းကဲ့သို့ စက်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်း မန်နေဂျာများကို အိန္ဒိယရှိ အဓိကစက်မှုလုပ်ငန်းများတွင် လေ့လာရေးဖိတ်ခေါ်ခြင်းတို့ပါဝင်သ ည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် အိန္ဒိယသို့ ပို့ကုန်တန်ဖိုးဒေါ်လာ ၁,၀၄၆ သန်းဖိုးတင်ပို့ခဲ့သည်ဟု သိရသည်။
www.MyanmarExpress.net
မြန်မာနိုင်ငံသည် အိန္ဒိယစီးပွားရေးလုပ်ငန်းများအတ
ဒီဇင်ဘာ ၂၁ ရက်တွင် အိန္ဒိယစက်မှုလုပ်ငန်းအဖွဲ့ချုပ် CII ကကြီးမှူးကျင်းပသည့် တံခါးပိတ်အစည်းအဝေးတွင် မြန်မာသမ္မတက အိန္ဒိယလုပ်ငန်းရှင်များအား စိုက်ပျိုးရေးကဏ္ဍ၌ လာရောက် လုပ်ကိုင်နိုင်မည့် အလားအလာများလည်း ရှာဖွေရန် ဖိတ်ခေါ်ခဲ့သည်။
၎င်းက ''အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်းဟာ အိန္ဒိယအစိုးရရဲ့ အကူအညီနဲ့အတူ လာအိုနဲ့ ကမ္ဘောဒီးယားကိုပါ ချဲ့ထွင် သွားမှာပါ။ ဒါဟာဒေသတွင်း ချိတ်ဆက်မှုနဲ့ ကုန်သွယ်ရေးကို တကယ်ပဲတိုးတက်စေမှာပါ'' ဟု ပြောသည်။ သမ္မတဦးသိန်းစိန်၏ မြန်မာနိုင်ငံတွင် ရင်း နှီးမြှုပ်နှံရန် ဖိတ်ခေါ် တိုက်တွန်းမှုအပြီး CII အဖွဲ့ချုပ် ဥက္ကဋ္ဌအဒီဂေါ်ဒရခ်ျကလည်း အိန္ဒိယ-မြန်မာ စီးပွားရေး ဆက်ဆံမှုတိုးတက်စေရေး အတွက် အချက်ငါးချက်ပါ အဆိုပြုချက်ကို တင်ပြခဲ့သည်။
၎င်းတင်ပြခဲ့သော ငါးချက်မှာ နှစ်နိုင်ငံကြား ရထားလမ်းဆက်သွယ်ရေးကဏ္ဍနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍ ပူးပေါင်းမှု မြှင့်တင်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် သင့်လျော်သော ဘဏ်လုပ်ငန်းဆိုင်ရာ စနစ်များ စီစဉ်ရေး၊ ကုန်သွယ်ရေးကာကွယ်မှု၊ ကွန်ပျူတာဆော့ဖ်ဝဲနှင့် ခရီးသွားလုပ်ငန်းကဲ့သို့ စက်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်း မန်နေဂျာများကို အိန္ဒိယရှိ အဓိကစက်မှုလုပ်ငန်းများတွင် လေ့လာရေးဖိတ်ခေါ်ခြင်းတို့ပါဝင်သ
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် အိန္ဒိယသို့ ပို့ကုန်တန်ဖိုးဒေါ်လာ ၁,၀၄၆ သန်းဖိုးတင်ပို့ခဲ့သည်ဟု သိရသည်။
www.MyanmarExpress.net
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်