Subscribe to our RSS Feed

ရခိုင်တိုင်းရင်းသားတို့ဘဝ ကယ်ဆယ်ရေး စစ်တပ်မှလွဲ၍ အားကိုးစရာမရှိ

From : မြဝတီ


တပ်မတော် အနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူ့ဘဝ အကျိုးစီးပွား ဖော် ဆောင်ရေး လုပ
်ငန်းများကို ဆောင်ရွက်လျက် ရှိရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် တပ်မတော် နယ်လှည့် အထူးကု ဆေးကု သရေး အဖွဲ့များသည် ၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၅ ရက်မှ ၁၆ ရက် အထိ ကယား ပြည်နယ်နှင့် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၁ဝ ရက်အထိ ချင်းပြည်နယ် အတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူတို့ လိုအပ် သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည်။

ထပ်မံ၍ ရခိုင်ပြည်နယ် အတွင်းရှိ ဝေးလံ ခေါင်ပါးသော ဒေသများမှ ဒေသခံ တိုင်းရင်းသား ပြည်သူများ အားလည်း လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင် ရွက်ရန် တပ်မတော် နယ်လှည့် အထူးကု ဆေးကုသရေး အဖွဲ့များသည် လိုအပ်သည့် ဆေးဝါးများ၊ ကုသရေး အထောက်အကူ ပစ္စည်းများ ပြည့်စုံစွာ ယူဆောင်လျက် ယနေ့နံနက် ပိုင်းတွင် တပ်မတော် လေယာဉ်ဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ထွက်ခွာသွားပြီး ဆေးကုသ ရေး လုပ်ငန်းများအား စတင် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။ 

 Myanmar Express 

2 comments:

လက်ပန်းတောင်းတောင်ကိစ္စဖြစ်သွားတာနဲ့ရိုဟင်ဂျာပြ
ဿနာ နဲ့ အိုဘားမားနဲ့ဒေါ်စုဇာတ်လမ်းတောင်အဆက်
ပြတ်သွားပြီ...ပြန်ရေးကြပါအုံးဟ

ပြည်သူကဖြစ်လို့ ပြည်သူ့စစ်သားဆိုတာ ပြနိုင်ပါပြီ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်