Subscribe to our RSS Feed

ထိုင်းရောက်မြန်မာလုပ်သားများကို ဒီဇင်ဘာ ၃၁ နောက်ဆုံးထား၍ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမည်၊ ဇန်န၀ါရီ ၁ ရက်မှစ၍ တစ်ရက်လုပ်ခ ဘတ် ၃၀၀ ရမည်

From : 7day

ထိုင်းနိုင်ငံ၌ အထောက်အထား မ လုပ်ရသေးသော မြန်မာလုပ်သား တစ်သန်းနီးပါးသည် ယာယီနိုင်ငံကူးလက်မှတ်နှင့် နိုင်ငံသားသက်
သေခံလက်မှတ်ကို ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံးထား ပြုလုပ်ရမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့်

လူမှုဖူလုံရေး ၀န်ကြီး
ဌာနမှ ဒုဝန်ကြီး ဦးမြင့်သိန်းက ပြောသည်။

တရားမ၀င်မြန်မာလုပ်သားများအား ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းနှင့် နိုင်ငံသား သက်သေခံလက်မှတ်ထုတ်ပေး
ခြင်းကို ၂၀၀၉ မှ ၂၀၁၂ ခုနှစ်အထိ ခွင့်ပြုခဲ့သည်။ ထပ်မံ၍ သက်တမ်းတိုးမြှင့်ပေးရန် ထိုင်းအစိုးရကလောလောဆယ် အစီအစဉ် မရှိသည့်အတွက်ကြောင့်ဖြစ်သည်။

“အခုသူတို့ ဒီဇင်ဘာ ၁၄ မတိုင်ခင်မှာ သက်တမ်းတိုးတာ နှစ်ကြိမ်တိုးပေးထားပေမယ့် နောက်ထပ်ဒီဘက်က အထောက်အထားမဲ့နဲ့ ခိုးဝင်နေတဲ့ အလုပ်သမားက များများလာတယ်။ အဲဒီအခါကျတော့ အခုထပ်လုပ်ပေးလည်း နောက်တိုးဦးမှာပဲ” ဟု ဒုဝန်ကြီးဦးမြင့်သိန်းက ပြောသည်။

ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးသည့်ကာလ သက်တမ်းတိုးမြှင့်ပေးရန် နှစ်နိုင်ငံအလုပ်သမား ဒုဝန်ကြီးအဖွဲ့တို့သည် ညှိနှိုင်း
ဆွေးနွေးပွဲများ၌ အကြိတ်အနယ်ဆွေးနွေးခဲ့ရာ ဒီဇင်ဘာ ၁၄ မှ ၃၁ ရက်ထိ တိုး၍ခွင့်ပြုပေးခဲ့သည်။ ထို့အပြင် ၂၀၀၉ ခုနှစ်က ယာယီနိုင်ငံ
ကူးလက်မှတ်များ ပြုလုပ်ခဲ့သူများ၏ ပတ်စပို့သက်တမ်း တိုးမြှင့်ပေးရန်နှင့် အထောက်အထားမဲ့ ကလေးများအား အထောက်အထား
ပြုလုပ်ပေးရန် နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် စခန်းငါးခုအနက်နှစ်ခုအား ရွေးချယ်ခွင့်ပေးထားကြောင်း သတင်းရရှိသည်။

“လာအိုနဲ့ ကမ္ဘောဒီးယားကို ငါတို့လိုပဲ လုပ်နေတာ။ သူတို့က ထိုင်းရဲ့ သဘောအတိုင်းတူတယ်ဆိုတော့ အားကိုးမရှိတော့ဘူး။ ဒါပေမဲ့ ငါတို့လုပ်သားတွေက သူတို့ထက် သန်းဂဏန်းများတယ်။ ဆက်ပြီး ညှိနေအုံးမှာပဲ” ဟု နေပြည်တော်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ
ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။

ထို့ပြင် တရားဝင်အထောက်အထားရှိသော မြန်မာလုပ်သားများကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ရက် မှစ၍ ထိုင်းနိုင်ငံသားတို့နှင့် တန်းတူ လစာငွေတစ်ရက်လျှင် ဘတ်သုံးရာထိ တိုးမြှင့်မည်ဟု ဆိုသည်။

“လုပ်ခလစာငွေကိုလည်း လာမည့် ဇန်န၀ါရီ ၁ ရက်မှ စပြီး အတတ်နိုင်ဆုံးတူအောင် လုပ်ပေးမယ်။ တစ်နိုင်ငံလုံးတန်းတူပဲ သူတို့ နိုင်ငံသားနဲ့ နီးစပ်အောင်ထိ လုပ်ပေးမယ်” ဟု ၎င်းကဆိုသည်။

ထိုင်းနိုင်ငံသို့ တရားဝင် အေဂျင်စီဖြင့် သွားမည့် မြန်မာလုပ်သားများအား လေကြောင်းလိုင်းဖြင့် ပို့ဆောင်ရန်အတွက်လည်း ခွင့်ပြု
လိုက်ပြီဖြစ်ကြောင်း ဒုဝန်ကြီး ဦးမြင့်သိန်းကပြောသည်။ ထိုင်းအစိုးရဘက်မှ မြန်မာလုပ်သားအရေအတွက်အား သောင်းဂဏန်းသာပြောသောကြောင့် မြန်မာ လုပ်သားအရေအတွက် အတိအကျရရှိရန် ထိုင်းအင်န်ဂျီအို အဖွဲ့များအား စာရင်းကောက်ခိုင်းထားပြီး ကျန်ရှိနေသေးသည့် လုပ်သား တစ်သန်းနီးပါးအတွက် အထောက်အထားရရှိရန် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။
Myanmar Express 

3 comments:

ယနေ့ဗမာပြည်သူများသည်ဒီမိုကရေစီနှင့်မထိုက်တန်ပါ
ဒီမိုကရေစီဆိုတာဘာမှန်းမသိသေးပါ
ပြည်သူတွေလိုသမျှလိုက်လုပ်ပေးနေရင်
တောတွင်းမှလက်နက်ကိုင်အဖွဲ့တွေကလဲ
သီးခြားအုပ်ချုပ်ရေး(သီးခြားနိုင်ငံ)များတောင်းဆိုလာမှာ
သေချာပါသည်

ဒါဟာအနောက်အုပ်စုတွေရဲ့ လက်ချက်တခုပါ
မြန်မာနိုင်ငံကြီးပြိုကွဲမခံနိုင်ပါ

စစ်တပ်မှအာဏာပြန်ယူပြီးပြန်လည်အုပ်ချုပ်သင့်ပါသည်
.

ရင်လတ်လေးကတော့ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက်
ကျက်သရေကိုရှိနေတာပဲ

လက်ပန်းတောင်းတောင်ကိစ္စဖြစ်သွားတာနဲ့ရိုဟင်ဂျာပြ
ဿနာ နဲ့ အိုဘားမားနဲ့ဒေါ်စုဇာတ်လမ်းတောင်အဆက်
ပြတ်သွားပြီ...ပြန်ရေးကြပါအုံးဟ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်