Subscribe to our RSS Feed

တက္ကသိုလ်နှစ်ခုတွင် အားကစားဘာသာရပ် အထူးပြုသင်တန်းများ ဖွင့်တော့မည်

From : 7day

၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစ၍ တက္ကသိုလ်ဝင်တန်းအောင် အားကစားထူးချွန်သူများအတွက် ဒဂုံတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်များတွင် အားကစားဘာသာရပ် အထူးပြုသင်တန်းများ ဖွင့်လ
ှစ်တော့မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ သတင်းရရှိသည်။

အဆိုပါသင်တန်းမှာ လေးနှစ်သင်တန်းဖြစ်ပြီး (B.Sc, Sport) ဘွဲ့ချီးမြှင့်မည်ဖြစ်သည်။ ထို့အပြင် ဘွဲ့ရကျောင်းသားများကို အားကစား
ဝန်ကြီးဌာနတွင် ခန့်ထားပေးရန် စီစဉ်ထားကြောင်း ဒီဇင်ဘာ ၃ ရက်ထုတ် မန္တလေးသတင်းစာတွင် ဖော်ပြထားသည်။ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနထံ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက “၀န်ကြီးဌာနအနေနဲ့ စီစဉ်ဆောင်ရွက်နေပါတယ်။ အားကစားသင်ရိုးညွှန်းတမ်းတွေကိုလည်း ရေးဆွဲဖို့ လေ့လာနေပါတယ်။ အသေးစိတ်ကတော့ မသိရသေးပါဘူး” ဟုပြောသည်။ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ်ထံ ဆက်သွယ်မေးမြန်းရာ “တရားဝင် ဘာစာမှရောက်မလာသေးဘူး” ဟု ပြန်လည်ဖြေကြားသည်။

မန္တလေးမြို့တွင် အားကစားပညာရပ်များကို အားကစားဝန်ကြီးဌာန လက်အောက်ရှိ အားကစားနှင့် ကာယပညာပေါင်းစပ်လေ့ကျင့်ကျောင်းနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က တည်ထောင်ထားသော ဘောလုံးအကယ်ဒမီကျောင်းတို့တွင်သာ သင်ကြားပေးနေသည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်