Subscribe to our RSS Feed

“ရန်ကုန် စွန့်ပစ်အမှိုက်မှ လျှပ်စစ်ထုတ်ရန် အစည်းအဝေးကျင်းပ”

From : popular

ဂျပန်အခြေစိုက် ( MHIEC ) ကုမ္ပဏီ၏ နည်းပညာဖြင့် ရန်ကုန်မြို့ရှိ စွန့်ပစ်အမှိုက်များအား လောင်စာအဖြစ်ပြုလုပ်၍ လျှပ်စစ်ဓာတ် ထုတ်လုပ်နိုင်ရန် လုပ်ငန်းပြုလုပ်ပုံ အဆင့်ဆင်
့တင်ပြခြင်းအစည်းအဝေးကို ယနေ့နေ့လည် ( ၁ )နာရီတွင် Trader Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအစည်းအဝေးကို ရန်ကုန်စည်ပင်မှအရာရှိများ UMFCCI အင်ဂျင် နီယာအသင်း ၊ JICA နှင့် MHIEC ကုမ္ပဏီ (MITSUBISHI)မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

MHIEC ကုမ္ပဏီသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများအား နည်းပညာဖြင့် ပံ့ပိုး၍ လုပ်ငန်းလုပကိုင်လိုခြင်းဖြစ်သည်။
ယင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ အမှိုက်တန် တစ်ထောင်လျှင် လျှပ်စစ် ( ၁၂၈၀၀ ) KW ရရှိနိုင်ကြောင်း သိရသည်။
Myanmar Express 

3 comments:

ကြည့်လည်းလုပ်ပါကွာ တော်ကြာ အမှိုတ်တွေမရှိတော့လို့ဆိုပြီး ဆန္ဒပြနေအုန်းမယ်

ဟုတ် ပါ့ ကွာ မင်းပြော အမှန်ပဲ။

ဟုတ်ပါ့ကွာ မင်းပြောတာ အမှန်ပဲ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်