Subscribe to our RSS Feed

မြန်မာ့ဆက်သွယ်ရေး၏ ကောင်းမှုကြောင့် မြန်မာ SIM ကဒ်များဖြင့် အာဆီယံ နိုင်ငံများတွင် အသုံးပြုနိုင်တော့မည်



ပြည်တွင်းမှာ အသုံးပြုလျက် ရှိနေတဲ့ မိုဘိုင်းဖုန်း များကို အာဆီယံ နိုင်ငံတွေ အတွင်း သယ်ယူ ပြောဆို နိုင်ခွင့်နဲ့ပတ်သက်ပြီး လာမယ့် ၂၀၁၃ ခုနှစ် ဧပြီ
လကုန်ပိုင်း လောက်မှာ ရရှိအောင် ပြုလုပ် သွားမှာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ လက်ရှိမှာ အာဆီယံ နိုင်ငံများ အတွင်းရှိ ဖုန်းများ အားလုံးကို ပြည်တွင်းသို့ သယ်ဆောင် အသုံးပြု နေနိုင်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အာဆီယံ ၁၀ နိုင်ငံ သာမက တရုတ်၊ ကိုရီးယားနဲ့ ဂျပန် နိုင်ငံမှ ဖုန်းများ ကိုလည်း ပြည်တွင်းမှာ အသုံးပြု နေနိုင်ပြီဖြစ်တဲ့ အတွက် ပြည်တွင်းရှိ ဖုန်းများကိုပါ အခြား အာဆီယံ နိုင်ငံများ အတွင်း သယ်ဆောင်ပြီး အသုံးပြု နေနိုင်အောင် စီစဉ် ဆောင်ရွက် ရတာ ဖြစ်ပါတယ်။ ဒါတင်မကဘဲ ပြည်တွင်း မှာလည်း မိုဘိုင်းလ် ဖုန်းတွေကို အများပြည်သူတွေ အများအပြား အသုံးပြု နိုင်အောင် စီစဉ် ဆောင်ရွက် လျက်ရှိတဲ့ အပြင် လာမယ့်နှစ် မှာလည်း မိုဘိုင်းလ်ဖုန်း စတင် တပ်ဆင်ခ တွေကို ဈေးနှုန်း ထပ်မံ လျှော့ချ ပေးသွားဖို့စီစဉ်ထားတယ် လို့လည်း သိရပါတယ်။
 Myanmar Express 

5 comments:

အင်း..ဒီလိုဆက်သွယ်ရေးကိစ္စမှာတော့
တရုတ်ကိုဘဲအားကိုးရမှာဘဲ
တရုတ်ကဆက်သွယ်ရေးဂြိုလ်တုတွေကိုအာဖရိကနဲ့၊
တောင်အမေရိကနိုင်ငံတွေအထိသွားပြီး
တစီးပြီးတစီးလွှတ်တင်နေတာ
အဲဒီနိုင်ငံတွေကတရုတ်ကိုဆန့်ကျင်တယ်ဆိုတာတော့မကြားမိပါဘူး
ကျုပ်တို့ဗမာပြည်ကျမှဘဲတရုတ်ကိုဆန့်ကျင်နေကြတာ
အံ့သြစရာပါဘဲ

.

ယနေ့ဗမာပြည်သူများသည်ဒီမိုကရေစီနှင့်မထိုက်တန်ပါ
ဒီမိုကရေစီဆိုတာဘာမှန်းမသိသေးပါ
ပြည်သူတွေလိုသမျှလိုက်လုပ်ပေးနေရင်
တောတွင်းမှလက်နက်ကိုင်အဖွဲ့တွေကလဲ
သီးခြားအုပ်ချုပ်ရေး(သီးခြားနိုင်ငံ)များတောင်းဆိုလာမှာ
သေချာပါသည်

ဒါဟာအနောက်အုပ်စုတွေရဲ့ လက်ချက်တခုပါ
မြန်မာနိုင်ငံကြီးပြိုကွဲမခံနိုင်ပါ

စစ်တပ်မှအာဏာပြန်ယူပြီးပြန်လည်အုပ်ချုပ်သင့်ပါသည်
.

တရုတ်က ကျေးဇူးရှင်ပါ။ တရုတ်ကို အားကိုးရပါမယ်။ တစ်ရုတ်ကိုသာအဖေ မခေါ်ရင် မင်းတို့မြန်မာတွေ ခွေးဖြစ်နေတာကြာပြီ။

ဟုတ်တယ် .. ဖြစ်သင့်နေတာ ကြာပီး



...............................

kyay zuu dot tin ya hmar bae, dar bay mint arr lone dot ma hoke per buu. only aparts of communication .we r buddhism..so we've to know debt of gratitude...

jingo,

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်