Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အိန္ဒိယသမ္မတနိုင်ငံမှ နေပြည်တော်သို့  ပြန်လည်ရောက်ရှိ

From : သမ္မတရုံး

နေပြည်တော် ဒီဇင်ဘာ ၂၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အိန္ဒိယ သမ္မတနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသည့် အကြိမ်(၂ဝ)မြောက် အာဆီယံ- အိန္ဒိယ ထိပ်သီး အစည်းအဝေး တက်ရောက်၍ ရတနာဂီရိမြို့၌ မြန်မာဘုရင်သီပေါမင်း၏ အုတ်နန်း ပြာသာဒ်နှင့်စံအိမ်တော်တို့ကို ကြည့်ရှုလေ့လာခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာရန် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့ မွန်းလွဲပိုင်းတွင် မွမ်ဘိုင်းမြို့ Chattrapati Shivali အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိသည်။

မွန်းလွဲ၁နာရီတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မွမ်ဘိုင်းမြို့မှ ပြန်လည် ထွက်ခွာကြရာ မဟာရှပ်စ်ထရာ ပြည်နယ်အစိုးရမှ သံတမန်ဌာနအကြီးအကဲ Mr.Sumit Malik နှင့် တာဝန်ရှိသူများ၊ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများက မွမ်ဘိုင်း Chattrapati Shivali အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြ သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မွမ်ဘိုင်းမြို့မှ မြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ရာ နေပြည်တော်သို့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိကြသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတများ ဖြစ်ကြသည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဦးသိန်းညွန့်၊ ဦးစိုးမောင၊် ဦးသိန်းထွန်း၊ ဦးအေးမြင့်ကြူနှင့် ဦးဌေးအောင၊် နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံရုံးမှ ဒုတိယအကြီးအကဲ မစ္စတာ ဆိုင်းလပ်စ် သန်ဂဲလ် တို့က နေပြည်တော် လေဆိပ်၌် ကြိုဆိုနှုတ်ဆက်ကြသည်။

 www.MyanmarExpress.net
 

1 comments:

သမ္မတကြီးဘေးကင်းစွာဖြင့်ပြန်ရောက်တဲ့အတွတ်ဝမ်းသာပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်