Subscribe to our RSS Feed

လားရှိုးသိန်းအောင်ကလွှတ်တော်အမတ်များအတွက် နေပြည်တော်တွင် ဖျော်ဖြေပေးလိုဟု ပြောကြား

From : 7day


မြန်မာနိုင်ငံသို့ နှစ်လေးဆယ်ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လာသော စတူဒီယိုခေတ်ဦးအဆိုတော် လားရှိုးသိန်းအောင်က နေပြည်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ မိသားစုများအတွက် ရှိုးပွဲပြုလုပ်၍ သီဆိုဖျော်ဖြေပေးလိုကြောင်း ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဒီဇင်ဘာ ၂၀ ရက်(ယနေ့) နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် တိုင်ပေမှတစ်ဆင့် ရန်ကုန်သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်ရောက်လာသော ဦးလားရှိုးသိန်းအောင်သည် လားရှိုးမြို့ရှိ မိခင်ဆီသို့ အရင်ဆုံးသွားရောက်ကာ ခရစ်စမတ်ကာလထိ နေထိုင်ပြီးမှ ရှိုးပွဲများ သီဆိုသွားမည်ဖြစ်သည်။ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ လားရှိုးမြို့များတွင် ရှိုးပွဲတစ်ပွဲစီ ပြုလုပ်လိုကြောင်း ဦးလားရှိုးသိန်းအောင်က ပြောသည်။ ထို့အပြင် နေပြည်တော်ရှိ လွှတ်တော်အမတ်များနှင့် ၎င်းတို့၏ မိသားစုများကိုလည်း သီဆိုပေးလိုကြောင်း ၎င်းက ပြောသည်။

"ကျွန်တော့အစီအစဉ်မှာ ကိုဇော်ဝင်းထွဋ်ကို မေတ္တာရပ်ခံထားပါတယ်။ နေပြည်တော်မှာ တစ်ပွဲဆိုပါရစေလို့။ အဲဒီမှာ လွှတ်တော်အမတ်တွေရဲ့ မိသားစုတွေအတွက် တိုင်းပြည်အတွက်လုပ်နေတဲ့သူတွေအားလုံး၊ လူကြီးတွေ အားလုံးကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ သီချင်းသွားဆိုပေးချင်တယ်။ အဲ့ဒါ ကိုဇော်ဝင်းထွဋ်ကို အပူကပ်နေတယ်။ ကူညီပေးပါ့မယ်တဲ့" ဟု ဦးလားရှိုးသိန်းအောင်က ပြောသည်။

ယခင်အစိုးရလက်ထက်တွင် ထုတ်ပြန်သော Black List စာရင်းတွင် ပါဝင်ခဲ့သည့် ၎င်း၏ အမည်ကို ပြန်လည်ဖျက်သိမ်းပေးခဲ့သည့်အတွက် နေပြည်တော်တွင် သီဆိုလိုခြင်းဖြစ်ကြောင်း ပြောသည်။

၂၀၁၃ မတ်လကုန်ထိ နေထိုင်ရန် စီစဉ်ထားပြီး ဧပြီ ၁၇ ရက်သည် သူ၏ မွေးနေ့ဖြစ်သလို သင်္ကြန်ကာလဖြစ်သည့်အတွက် ထိုအချိန်ထိ နေနိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။


 www.MyanmarExpress.net
 

7 comments:

အလောင်းလှအောင်လိုက်ဖါးနေတာလား ကိုသိန်းအောင် ရွံလိုက်တာဗျာ
ကောင်းခဲ့တယ့်အနုပညာကို နိုင်ငံရေးနဲ့လိုက်ရောတာတော့လွန်တယ်နော်

All Myanmar people happy that # 1 Myanmar Singer Lashio Thein Aung come back to Myanmar and all Myanmar people welcome him 100 %. Please do many stage shows in all cities in Myanmar.

ကုလားအဖိုးကြီးကသူ့ခေတ်ကုန်နေတာကြာပြီဆိုတာမသိ
သေးဘူးလားခုမှလာပြီးဘာလုပ်အုံးမှာလဲမြန်မာပြည်သိန်း
တန်ကိုအားကျပြီးပြန်လာတာလားဇော်ဝင်းထွဋ်ရေမွဲသွား
မယ်နော်သွားမလုပ်နဲ့သဘောပေါက်

ဘင်္ဂါလီဘက်မှ ခါးခါးသီးသီး
နာပေးသူ။

အဖိုးကြီးကသေခါနီးမှနွားကျောင်းသားဒီဇိုင်းဖမ်းပြီးခေတ်
မရှိတော့တဲ့တောသီချင်းတွေနဲ့လုပ်စားချင်နေသေးတယ်
အချိန်ကုန်ငွေကုန်ခံပြီးဘယ်သူမှမျက်စိနောက်နားငြီးခံပြီး
လာကြည့်မှာမဟုတ်တော့ဘူးဇော်ဝင်းထွဋ်ကိုသွားပြီးအား
ကိုးနေသေးတယ်သူ့ဟာနဲ့သူတောင်အားပေးမယ့်ပရိတ်ဿတ်မရှိတော့လို့ဘာလုပ်စားရမှန်းမသိဖြစ်နေပြီ

သြော်ပြည်ပမှာအကြာကြီးနေ ပြီး အသက်တွေလည်းတော်တော်ကြီးလာတာတောင်မှဘယ်သူတွေကတိုင်းပြည်အတွက် အလုပ်လုပ်နေတယ်ဆိုတာသဘောမပေါက်သေးသကိုး။ အလုပ်လုပ်နေ တဲ့သူမှန်သမျှသည် တိုင်းပြည်အတွက်လုပ်နေကြတာကြီးပဲ။အလုပ်လက်မဲ့နဲ့ဆန်ကုန်မြေလေးအဖြစ်မခံဘဲတိုင်းပြည်အတွက်လူ့စွမ်းအားအရင်းအမြစ်တွေဖြည့်ဆီးပေးနေကြတာလေ။ကြုံတုန်းကိုလေးဖြူ interview အကြောင်းပြောပြလိုက်ဦးမယ်။ ကိုလေးဖြူကိုမေးတယ် အခု ခွေသစ်မှာ ပရိတ်သတ် တွေ ကိုဘာတွေ ထပ်ပေးဆပ်ထားသလဲပေါ့။ကိုလေးဖြူဖြေပါတယ် ရိုးရိုးလေးပါ။ပရိတ်သတ်ကိုကျွန်တော် ဘာမှမပေးဆပ်ထားပါဘူး။အရင်တုန်းကလည်းဘာမှမပေးဆပ်ခဲ့ပါဘူး။ကျွန်တော်သီချင်းဆိုတာဝါသနာပါလို့ဆိုတယ်။ကျွန်တော်ကောင်းကောင်းဆိုတယ် ။ကျွန်တော်သီချင်းဆိုတာကို ပရိတ်သတ်တွေကသဘောကျတယ် အားပေးတယ်။ဒီလောက်ပါပဲ ။ကျွန်တော် ပရိတ်သတ်ကိုဘာမှ မပေးဆပ်ရပါဘူး။ ရိုးရိုးလေးပါပဲ။ဒါပေမယ့်အရမ်းလေးနက်တယ်။ လူတွေက ကိုယ်လုပ်ရမယ့်အလုပ်ကို ပီပီပြင်ပြင်လုပ်နိုင်ရင်ရပြီ။ အဲဒါတာဝန်ကျေတာပဲ။ဒီလိုမှမဟုတ်ရင်တော့ ဘုန်းကြီးရူးနဲ့လှေလှူးနဲ့ ဒီလောကကြီးကတော့ အနေအစားချောင်အောင် အာချောင်ပြီးလုပ်စားနေကြ တာပဲ။

သူက dvb က မသီတာ နဲ့ ဘာညာဆိုလားပဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်