From : popular
အမေရိကန်နိုင်ငံ USAID ရုံး၏ ငြိမ်းချမ်းရေးအတွက်အစားအသောက်ထောက်ပံ့ကူညီရေးရုံးမှ ကချင်ပြည်နယ်ရှိ စစ်ဒဏ်ခံ ဒုက္ခသည်များအတွက် ကန်ဒေါ်လာ ၃ သန်းထောက်ပံ့လိုက်ကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးမှ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ယနေထုတ်ပြန်လိုက်သည်။
ထို့အပြင် အမေရိကန်အစိုးရ၏ ရွှေ့ပြောင်းဒုက္ခသည်များဆိုင်ရာဗျူရိုကလည်း ကချင်ပြည်နယ်ရှိ စစ်ဒဏ်ခံ ဒုက္ခသည်များအတွက် နေထိုင်စရာနှင့် အစားအသောက်မဟုတ်သော ပစ္စည်းများပံ့ပိုးကူညီရန်အတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးသို့ ကန်ဒေါ်လာ ၁.၅ သန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
USAID ရုံး၏ ပြည်ပဘေးအန္တရာယ်ကူညီထောက်ပံ့ရေးရုံးကလည်း ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့သို့ ကန်ဒေါ်လာ ၅ သိန်းပေးအပ်လှူဒါန်းခဲ့ပြီး၊ အမေရိကန်သံရုံ၏ အသေးစားထောက်ပံ့ကူညီမှုအစီအစဉ်နှင့် ဂျူလီယာတပ်ဖ်ရံပုံငွေအဖွဲ့ကလည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကို နှစ်သိမ့်အားပေးခြင်းနှင့် အခြားစောင့်ရှောက်မှုများအတွက် ကန်ဒေါ်လာ ၅သောင်းထောက်ပံ့ကူညီခဲ့ကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
www.MyanmarExpress.net

2 comments:
ပြည်ထောင်စုရဲ့ရန်သူဖြစ်တဲ့KIA/KI/KICကိုအမြန်ဆုံးအရေးယူတိုက်ခိုက်
ချေမှုန်းသင့်နေပြီ။သူပုန်ကိုသူပုန်လို့မြင်ထားတာအကောင်းဆုံးပါပဲ။အချိန်သိပ်မဆွဲနဲ့တော့....သူပုန်ကိုဒီနေ့လှစ်လှူရှူလျှင် နောက်နေ့ဒုက္ခပေးပြီတာမှတ်ပါ။KIAဆိုတာမြွေပွေးခါးပိုက်ပိုက်တွေပါ။အဲ့တာကြောင့်နိုင်ငံတော်နှင့်ပြည်သူတွေရဲ့လုံခြုံရေးအတွက် အကြမ်းဖက်သောင်းကျန်းသူ KIAကိုအမြန်ဆုံး
တိုက်ခိုက်ချေမှုန်းပါတော့။
အဲဒီ kia ဆိုတဲ့ကောင်တွေကို လေကြောင်းကနေတိုက်လိုက်ပါ။ ဒီကောင်တွေ အရမ်းကိုမိုက်ရိုင်းနေပြီ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်