From : သမ္မတရုံး
www.MyanmarExpress.net
နေပြည်တော် ဒီဇင်ဘာ ၂၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်သည် အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပမည့် (၂၀)
ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် အဖွဲ့ဝင်များ
လိုက်ပါလျက် ဒီဇင်ဘာ (၂၀) ရက် နံနက်ပိုင်းတွင် နေပြည်တော်မှ
အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် နံနက် (၁၂) နာရီခွဲတွင်
နယူးဒေလီမြို့ ပလန် (Palam) လေတပ် စခန်းသို့ ရောက်ရှိသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များအား
အိန္ဒိယသမ္မတနိုင်ငံ လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန
ဒုတိယ၀န်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E.
Dr. Villur Sundararajan Seshadri၊ သံတမန်ဌာန အကြီးအကဲ၊
အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံရုံးယာယီ တာဝန်ခံ/သံမှူးကြီး
ဦးဘလှအေး၊ စစ်သံမှူး ဗိုလ်မှူးကြီးသိန်းလွင်နှင့် သံရုံး၊ စစ်သံရုံးတို့မှ
ဝန်ထမ်းမိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည်
မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် နယူးဒေလီမြို့ရှိ Taj Mahal
ဟိုတယ်သို့ ရောက်ရှိကြသည်။
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်