Subscribe to our RSS Feed

တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲတွင် အမျိုးသမီးသမ္မတလောင်း ဘတ်ဂွန်ဟဲ အနိုင်ရ

From : planet

ဘတ်ဂွန်ဟဲ၏ ပြိုင်ဘက် မွန်ဂျေအင်ကလည်း သမ္မတလောင်းရွေးကောက်ပွဲတွင် ၎င်းရှုံးနိမ့်ကြောင်း ဝန်ခံပြောကြားလိုက်ပြီဖြစ်ရာ တောင်ကိုရီးယားတွင် ပထမဆုံး အမျိုးသမီးသမ္မတတစ်ဦးကို မြင်တွေ့လာရတော့မည် ဖြစ်သည်။
တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲတွင် အမျိုးသမီးသမ္မတလောင်း ဘတ်ဂွန်ဟဲ အနိုင်ရ
တောင်ကိုရီးယားနိုင်ငံ သမ္မတရွေးကောက်ပွဲတွင် အမျိုးသမီးသမ္မတလောင်း ဘတ်ဂွန်ဟဲ အနိုင်ရရှိသွားပြီ ဖြစ်သည်။ ဘတ်ဂွန်ဟဲ၏ ပြိုင်ဘက် မွန်ဂျေအင်ကလည်း သမ္မတလောင်းရွေးကောက်ပွဲတွင် ၎င်းရှုံးနိမ့်ကြောင်း ဝန်ခံပြောကြားလိုက်ပြီဖြစ်ရာ တောင်ကိုရီးယားတွင် ပထမဆုံး အမျိုးသမီးသမ္မတတစ်ဦးကို မြင်တွေ့လာရတော့မည် ဖြစ်သည်။

park-geun-hye

(ဒီဇင်ဘာ ၁၉ ရက် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ပက်ဂျွန်ဟိုင်း)

ဆန္ဒမဲစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကျော်ကို ရေတွက်ပြီးစီးချိန်တွင် ဘတ်ဂွန်ဟဲက ၅၁.၆ ရာခိုင်နှုန်းဖြင့် ဦးဆောင်နေပြီး ပြိုင်ဘက် မွန်ဂျေအင်က ၄၈ ရာခိုင်နှုန်း ရရှိထားကြောင်း သိရှိရသည်။ ကွန်ဆာဗေးတစ်တစ်ဦးဖြစ်သူ အသက် ၆၀ နှစ်အရွယ် ဘတ်ဂွန်ဟဲ၏ ဖခင် ဘတ်ချောင်ဟီးသည်လည်း တောင်ကိုရီးယားသမ္မတအဖြစ် ၁၉၆၃ ခုနှစ်မှာ ၁၉၇၉ ခုနှစ်အထိ တာဝန်ယူခဲ့သူဖြစ်သည်။
  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်