Subscribe to our RSS Feed

ဗြိတိန် မောင်းသူမဲ့ လေယာဉ် အသုံးပြုရာတွင် လေ့ကျင့်မှု အားနည်း

From : မြဝတီ


ဗြိတိန်တို့၏ မောင်းသူမဲ့ လေယာဉ် အသုံးပြုရာတွင် လေ့ကျင့်မှု အားနည်းခြင်းကြောင့် ထိခိုက် ဆုံးရှုံးမှုများ ဖြစ်ပေါ် လျက်ရှိကြောင်း သာဓကများ ထွက်ပေါ်လျက် ရှိသော်လည်း အရှေ့ အလယ်ပိုင်း ဒေသ၌
ဗြိတိန်တို့၏ မောင်းသူမဲ့ လေယာဉ်များ၏ စစ်ဆင်ရေးနှင့် ပတ်သက်၍ ထုတ်ဖော် ပြောကြားရန် ဗြိတိန် ကာကွယ်ရေး ဝန်ကြီး Andrew Robathan က ငြင်းဆို ခဲ့ပါသည်။

မကြာသေးမီက ဖြစ်ပေါ်ခဲ့သော စစ်ရေးသတင်း ကျိုးပေါက်မှု အရ ဗြိတိန် နိုင်ငံသည် မိုင်ထောင်ပေါင်း များစွာမှနေ၍ မောင်းသူမဲ့ လေယာဉ်များအား ထိန်းချုပ်သော အော်ပရေတာများ ရွေးချယ်မှုနှင့် လေ့ကျင့်မှုမှာ အားနည်းချက် ရှိကြောင်း သိရှိရပါသည်။

လေဘာ ပါတီအမတ် ဂျွန်မက်ဒေါ်နယ်၏ ပြောကြားချက် အရ မောင်း သူမဲ့ လေယာဉ်များ၏ တိုက်ခိုက်မှုကြောင့် အာဖဂန်၌ အရပ်သား ၃,ဝဝဝ ကျော် သေဆုံး ခဲ့ပြီး ဖြစ်ကြောင်း သိရှိရ ပါသည်။

  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်