From : popular
ပင်လယ်ကူး သင်္ဘောကြီးများ လွတ်လပ်စွာ ဖြတ်သန်း သွားလာနိုင်သော ဒလတံတား တည်ဆောက်ရေးကို ဦးစားပေး စဉ်းစားရန် တောင်ကိုရီးယား ကုမ္ပဏီ အား ဆောက်လုပ်ရေး ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင
www.MyanmarExpress.net
ပင်လယ်ကူး သင်္ဘောကြီးများ လွတ်လပ်စွာ ဖြတ်သန်း သွားလာနိုင်သော ဒလတံတား တည်ဆောက်ရေးကို ဦးစားပေး စဉ်းစားရန် တောင်ကိုရီးယား ကုမ္ပဏီ အား ဆောက်လုပ်ရေး ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင
်က တိုက်တွန်းလိုက်ကြောင်း သိရသည်။
DASAN Consultants ကုမ္ပဏီမှ President and CEO Mr. Jeong Ho Kim ဦးဆောင်သော အဖွဲ့ဝင် သုံးဦးတို့ နေပြည်တော်ရှိ ဆောက်လုပ်ရေး ဝန်ကြီး ဌာနသို့ ရန်ကုန်မြို့ပြ စီမံချက်ပါ တံတားများ ကိစ္စ လာရောက် ဆွေးနွေးစဉ် ထိုသို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်ဟု သိရှိရ သည်။
ရန်ကုန်မြို့ ဖွံ့ဖြိုးရေး စီမံချက် အတွက် ရန်ကုန်မြို့ ဧရိယာအတွင်း ဒလ တံတား၊ ဝါးတရာ တံတား၊ ဘုရင့်နောင် တံတား အမှတ် ၂ နှင့် ကြည့်မြင် တိုင် တံတားတို့ကို တည်ဆောက်မည် ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံရှိ ဒေဆန်၊ ဒေဝူးနှင့် ကိုရီးယားအိတ်စ်ပတ်ဝေး တို့က ဖြစ်နိုင်စွမ်း အသေးစိတ် ကိုလာရောက် ပြုလုပ်ခဲ့၍ ပုံကြမ်းများ ကိုပင် ပေးအပ်ခဲ့ပြီး ဖြစ် သည်ဟု သိရသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူက ”အခု တံတား ဆောက်မယ့် နမူနာပုံတွေကို တင်ပြ ပြီးပါပြီ။ ခွင့်ပြုမိန့် တောင်းခံထားပါတယ်” ဟု အတည်ပြုပြောသည်။ ဒလ-ပန်းဆိုးတန်းကို သင်္ဘော၊ သမ္ဗန်များဖြင့် ပြေး ဆွဲပေးနေပြီး စာရင်းများအရ နေ့စဉ် ခရီးသည်ါး သောင်းကျော် ဖြတ်သန်း သွားလာလျက်ရှိသည်။
ကိုရီးယား DASAN Con- sultants ကုမ္ပဏီမှ ဆွေးနွေးရာတွင် ကိုရီးယားနိုင်ငံမှ ချေးငွေရယူ တည်ဆောက်ပါက အတိုးနှုန်း သက်သာနိုင်မည်ဖြစ်ကြောင်း၊ တံ တားများ တည်ဆောက်မှု၏ ကုန် ကျစရိတ် ၇ဝ ရာခိုင်နှုန်းကို ကိုရီးယား၏ ချေးငွေဖြင့် သုံးစွဲ၍ ကျန် ၃ဝ ရာခိုင်နှုန်းကို မြန်မာဘက်မှ ကျခံ ရန် ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
PN-051 ၊ညွန့်ဝင်း

1 comments:
စစချင်းတော့တရုတ်ကိုမဲပြီးတိုက်ခိုက်နေတာ
နောက်ဆုံးတရုတ်ကမသကာမြန်မာပြည်မှာရင်းနှီးမှုတွေမလုပ်ရုံဘဲပေါ့
အခုတဖြည်းဖြည်းနဲ့ ဦးသိန်းစိန်အစိုးရဆီမျှားဦးလှည့်လာပြီ
ဒါဟာသူ့အလိုအလျှောက်ဖြစ်တာမဟုတ်ပါဘူး
အနောက်နိုင်ငံတွေနဲ့ အတိုက်အခံတွေရဲ့ နိုင်ငံရေးအစီစဉ်တခုပါ
အမေရိကန်တွေကမျက်နှာမိတ်ကပ်ရိုက်ပြီး၊မျက်နှာချိုသွေးပြီး၊
မြန်မာအတိုက်အခံတွေကိုတော့မျက်နှာအိုးမဲသုတ်ပြီး
ကခိုင်းတဲ့လုပ်ဇတ်ကြီးတခုပါ
ကိုင်း...အခုဘာလုပ်ကြမလဲ?
၂၀၁၅ မတိုင်မှီ တပ်မတော်မှအာဏာပြန်ယူပြီးအုပ်ချုပ်ဖို့သာရှိတော့ပါတယ်
ဒီလိဒီမိုကရေစီဆိုတာဘာမှန်းမသိသေးတဲ့
ဒီမိုကရေစီနဲ့မထိုက်တန်တဲ့သူတွေကို
သေနတ်နဲ့အုပ်ချုပ်တာလက်တွေ့အကျဆုံးပါ
*မှတ်ချက်* ဒီမိုကရေစီဆိုတာ၊ဘာပြသနာကိုမဆို
တရားဥပဒေဘောင်ထဲကရှင်းလင်းဖို့ပါ၊
ဒီမိုကရေစီနိုင်ငံမှာလွတ်လပ်စွာဆန္ဒပြနိုင်ပေမဲ့
တရားဥပဒေအရခွင့်ပြုချက်ကိုရယူရမှာပါ။
ဒီလိုဆန္ဒပြတဲ့ခွင့်ပြုမိန့်ထဲမှာ နေရာ၊အချိန်အတိအကျပါတယ်
အခုလိုစည်းကမ်းမဲ့၊ဥပဒေကိုမလေးစားဘဲကိုယ်လုပ်ချင်တာ
လုပ်နေတာဒီမိုကရေစီရဲ့ လမ်းကြောင်းနဲ့ပြောင်းပြန်ဖြစ်နေပါတယ်
ဒါကြောင့်လဲသက်ဆိုင်ရာကတရားဥပဒေနဲ့အညီ
အရပ်သား၊ဘုန်းကြီးမခွဲခြားဘဲဖြိုခွဲရှင်းလင်းရတာဟာအမှန်တရားပါ
ပြည်သူ၊ ဘုန်းကြီး၊ ကျောင်းသား တွေရဲ့အထက်မှာ
နိုင်ငံတနိုင်ငံရဲ့ အခြေခံဥပဒေဟာအမြင့်ဆုံးပါ
ဘာမှဆင်ခြေဆင်လက်ပေးစရာမလိုပါဘူး
အစိုးရဟာအခြေခံဥပဒေနဲ့အညီလုပ်ဆောင်တာကြောင့်
ဘယ်သူ့ကိုမှကြောက်စရာမလိုပါဘူး။
တရားဥပဒေဆိုတာမှန်ကန်တဲ့သူတွေဖက်မှာအမြဲရပ်တည်နေပါတယ်
.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်