ရဲတပ်ဖွဲ့ နှင့် မီးသတ်တပ်ဖွဲ့ တို့ ကျေးဇူးကြောင့် မန္တလေးမှ မြန်မာပြည်သူတစ်ဦး အသက်ဘေးမှလွတ်မြောက်ခဲ့ရကြောင်း သတင်းရရှိသည်။
ယနေ့ နံနက် ၁၀ နာရီခွဲ ခန့် အချိန်တွင် မန္တလေး မြို့ ၃၃ လမ်းပေါ်ရှိ ဒိုင်းမွန်းပလာ အပေါ်ထပ်မှ လူတစ်ယောက် မိမိကိုယ်ကို မိမိသေကြောင်းကြံစည် ခုန်ချရန် ကြိုးပမ်းခဲ့သည်။
အဆိုပါ နေရာ သို့  သက်ဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်မှ တာဝန်ရှိသူများ၊ ကယ် ဆယ်ရေး အဖွဲ့ ဝင်များနှင့် မီးသတ်ယာဉ် ၂ စီး တို့ ရောက်ရှိလာပြီး မိမိကိုယ်ကို မိမိ သေကြောင်းကြံစည် ခုန်ချရန် ကြိုးပမ်းသော အသက် ၃၅ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးအား အချိန်မှီ ထိန်းသိမ်းနိုင်ခဲ့သည်။
ခုန်ချသေကြောင်းကြံစည်သူ အမျိုးသားမှာ ဇနီးဖြစ်သူမှ ကွာရှင်းခွင့်တောင်းသဖြင့် ထိုသို့ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
၎င်းအမျိုးသားသည် မဟာအောင်မြေမြို့နယ် တာရဲတန်းရပ်ကွက် တွင် နေထိုင် သူတစ်ဦးဖြစ်ပြီး ၎င်း၏ ဇနီးမှ ကွာရှင်းခွင့်တောင်းခံရာမှာ ယခုကဲ့သို့ မိမိကိုယ်ကို သတ်သေရန် ကြံစည်အားထုတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုအမှုကို စစ်ဆေးနေသည့် အမှတ် (၈) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းအမျိုးသားသည် ဒိုင်းမွန်းပလာဇာအနီးတွင် ဆိုင်ကယ် ကယ်ရီမောင်းသည့် အလုပ် လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း ပလာဇာဝန်ထမ်းအချို့က ပြောသည်။ ၎င်းက ပလာဇာပေါ်မှ ခုန်ချမည် ကြံစည်၍ မီးသတ်ဝန်ထမ်းများ၊ ရဲဝန်ထမ်းများ လာရောက်ခဲ့ကြပြီး မီးသတ်ကားများ၊ ကယ်ဆယ်ရေးလေအိတ်များ အဆင် သင့်ပြင်ဆင်ထားခဲ့ကြသည်။ တာဝန်ရှိသူများက ၎င်းအမျိုးသားနှင့် မွန်းလွဲ ၁၂ နာရီ ၀န်းကျင်တွင် ညှိနှိုင်းဆွေးနွေးအောင်မြင်ခဲ့ ကာ မြေပြင်သို့ ခေါ်ဆောင် လာနိုင်ခဲ့သည်။
ယခု အခါ အဆိုပါ အမျိုးသားအား သက်ဆိုင်ရာ ရဲစခန်းမှ ခေါ်ဆောင် သွားခဲ့ပြီး မြန်မာပြည်သူအားလုံးကလည်း ပြည်သူ့ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့များကို အထူးကျေးဇူးတင်လျှက်ရှိကြောင်း သတင်းရရှိသည်။
www.MyanmarExpress.net

+(7).jpg)


4 comments:
[၂ဝ၁၂ ခုနှစ်၊ ၁၂ လပိုင်း၊ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန် နောက်ဆုံးထား တောင်းပန်ခြင်း မရှိပါက နိုင်ငံအဝှမ်း အထွေထွေသပိတ် ဆင်နွဲသွားမည်ဟု မန္တလေးမှ ဦးဆောင် သံဃာတော်တပါး ဖြစ်သည့် ဦးပဉ္စင်း ဦးဥတ္တမသာရ က မိန့်ကြားသည်။
“ပြင်ဆင်ထားတာက ဦးပဉ္စင်းတို့ နေ့လည် ၁ နာရီမှာ စမယ်။ တနိုင်ငံလုံး ၁ နာရီမှာ လုပ်မယ်။ လုပ်တဲ့အခါမှာ ဦးပဉ္စင်းတို့ သံဃာတွေ ရှေ့ကနေ သွားမယ်။ နောက်ကနေ ကျောင်းသားတွေ လိုက်မယ်။ ကျောင်းသားနောက်ကမှ
ပြည်သူတွေ လိုက်မယ်” ဟု စီစဉ်ထားရှိမှုကို မဇ္ဈိမအား မိန့်ဆိုသည်။]
လာပြန်ပြီ...ဘုန်းကြီးကရှေ့ဆုံးက
ပြီးတော့ကျောင်းသား
နောက်ကမှပြည်သူတွေ...တဲ့
သူတို့ထင်နေတာဘုန်းကြီး နဲ့ ကျောင်းသား ကို
ရှေ့ဆုံမှာထားရင် ၊ သက်ဆိုင်ရာက မဖြို ခွင်းရဲဘူးလို့ထင်နေသေးသလား? မသိဘူး
ဘုန်းကြီးတွေမီးလောင်ခံရတာတောင်မမှတ်သေးဘူး
စမ်းကြည့်လိုက်လေ..ကြာသလား လို့
2013 နှစ်သစ်နှစ်ဆန်းရဲ့နေ့ ကိုတောင်မကူးချင်ကြဘူးထင်တယ်
.
မှန်တာပေါ့
မှန်တာကွာ
မနှမြောရင်လုပ်ကြပေါ့
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်