Subscribe to our RSS Feed

အနောက် နိုင်ငံများမှ အခွန်ကင်းလွတ်ခွင့် ပေးပါက မြန်မာ့ အထည်ချုပ်လုပ်ငန်း ပိုမို တိုးတက်လာနိုင်

From :မြဝတီ


အနောက် နိုင်ငံများမှ အခွန် ကင်းလွတ်ခွင့် ပေးပါက မြန်မာ နိုင်ငံ၏ အထည်ချုပ် လုပ်ငန်းများ၊ အလုပ်အကိုင် အခွင့် အလမ်းနှင့် အလားအလာ ကောင်းများ ပိုမိုတိုးတက် လာနိုင်မည်ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်း ရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်သည်။
မြန်မာ နိုင်ငံမှ   အထည်များကို ဥရောပ နိုင်ငံများသို့ တင်ပို့လျက် ရှိရာတွင် အခွန် ကင်းလွတ်ခွင့် ပေးပါက လုပ်သားများ၏ အလုပ်အကိုင် အခွင့် အလမ်းနှင့် လုပ်ခ လစာများ ပိုမို တိုးတက်လာမည် ဖြစ်ပြီး အထည်ချုပ် လုပ်ငန်း အလားအလာ ကောင်းများလည်း ရရှိ လာမည်ဟု လုပ်ငန်းရှင် များက ပြောသည်။
''ဥရောပ နိုင်ငံတွေကို   လာအို၊  ကမ္ဘောဒီးယား၊ ဘင်္ဂလား ဒေ့ရှ် တို့ကလည်း  အထည်တွေ တင်ပို့ နေပါတယ်။ အဲဒီ နိုင်ငံတွေကို အခွန် သုည  ရာခိုင်နှုန်းနဲ့ တင်ပို့ခွင့် ပေးထားပါတယ်။ ကျွန်တော်တို့လည်း  ဒီလို အခွင့် အရေးမျိုး ရမယ်ဆိုရင် အများကြီး ပြောင်းလဲ သွားမှာပါ''ဟု အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ  တာဝန် ရှိသူ တစ်ဦးက ပြောသည်။ မြန်မာ နိုင်ငံမှ တင်ပို့လျက် ရှိသော အနောက်နိုင်ငံ ဈေးကွက်တွင် ဥရောပနှင့် အမေရိကန်တို့ ဖြစ်ပြီး အမေရိကန် နိုင်ငံမှ စီးပွားရေး ပိတ်ဆို့မှုများ ရှိခဲ့၍ တင်ပို့မှုများ မရှိ ခဲ့သော်လည်း   ဥရောပ နိုင်ငံ များသို့မူ အခွန် ၁၃ ရာခိုင်နှုန်း ပေးဆောင်၍ တင်ပို့ နေရကြောင်း သိရသည်။ အမေရိကန်မှ ပိတ်ဆို့မှုများ ဖြေလျှော့ ဖယ်ရှားပေးခြင်း အပြင် အခွန် ကင်းလွတ်ခွင့် ပြုပေးခြင်းများ ရှိလာပါက အလားအလာ ကောင်းများ ပိုမို ရရှိနိုင်မည် ဖြစ်သည်။
ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ်က အထည် တင်ပို့မှုမှ နိုင်ငံခြားငွေ ရရှိ ခဲ့ရာတွင် ဂျပန် နိုင်ငံသို့ အမေရိကန် ဒေါ်လာ ၃၄၆ သန်း ရရှိပြီး ဥရောပ နိုင်ငံ (၂၂)နိုင်ငံသို့ တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၂၂၁ သန်း ရရှိခဲ့သည်။ အနောက်နိုင်ငံ ဈေးကွက်ထက် ဂျပန် နိုင်ငံသည် အခွန် သက်သာမှု ရှိသဖြင့်  ပိုမိုတင်ပို့ နိုင်ခဲ့ခြင်း ဖြစ်ကြောင်း  သတင်း ရရှိသည်။

  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်