Subscribe to our RSS Feed

ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးထားသူက ကန္တာရကိုသုံးရက်ကြာ ဖြတ်သန်းခဲ့ရ





ယာဉ်မတော်တဆမှုကြောင့် ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးထားသူတစ်ယောက်က ကန္တာရထဲမှာ သုံးရက်ကြာ အစာရေစာပြတ်လပ်ခဲ့ပြီး ဘီးတပ်ကုလားထိုင်နှင့် သူ့ကိုအထောက်အကူ ပေးမည့် ပစ္စည်းများမရှိဘဲ ခန္ဓာကိုယ်ကိုယ် တရွတ်တိုက်ဆွဲပြီး ကန္တာရကိုတစ် ယောက်တည်း ဖြတ်သန်းခဲ့ရသည်။အမေရိကန်ပြည်ထောင်စု နယူးမက္ကဆီကို ပြည်နယ်ရှိ ကန္တာရတွင် သူ၏သူငယ်ချင်းများနှင့် အချင်းများရာမှ သူ့အားကားထဲမှဆွဲထုတ်ကာ ကန္တာရထဲတွင် တစ်ယောက်တည်း ထားရစ်ခဲ့သည်။ ကန္တာရထဲမှာ ကုတ်အင်္ကျီမပါ စားနပ်ရိက္ခာများမပါဘဲ အိမ်ပြန်ခရီးနှင်ရန် သုံးရက်ကြာ အားထုတ်ခဲ့ရသည်။ လမ်းတွင်သူ့ဘေးနားမှ ဖြတ်သန်းသွားသည့် ယာဉ်များအား ကားကြုံလိုက်ရန် အကူအညီတောင်းခဲ့သော်လည်း မည်သည့်ယာဉ်ကမှသူ့အား ရပ်တန့်ပေးခြင်း မရှိခဲ့ဟု ဆိုသည်။ သို့ဖြင့်ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးထားသည့်  ရစ်ကီဂီမိုးသည် ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲပြီး ဆယ်မိုင်ကျော်ခရီးကို ခက်ခဲစွာဖြတ်သန်းခဲ့ရသည်။ ယခုအခါ ဆေးရုံရောက်နေပြီဖြစ်သည့် ရစ်ကီက APသတင်းဌာနနှင့် တွေ့ဆုံစဉ် လူသားချင်းမစာနာသည့် သူများ၏လုပ်ရပ်အား ပြန်ပြောင်းပြောပြနေသည်။

  www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်