Subscribe to our RSS Feed

နတ်မင်း အမည်ရှိ မီးသတ်ရေယာဉ်အား လွှဲပြောင်း ပေးအပ်ခဲ့

From : mrtv4


နတ်မင်း အမည်ရှိ မီးသတ် ရေယာဉ်ကို ရေယာဉ် ပြုပြင် တည်ဆောက်ခဲ့တဲ့ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် စက်မှု အင်ဂျင်နီယာ ဌာနမှ အသုံးပြုမယ့် ရေယာဉ်
အသုံးပြုမယ့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ရေကြောင်း ဌာနကို လွှဲပြောင်း ပေးအပ်ခြင်းကို ဒီဇင်ဘာလ ၉ ရက်နေ့က နန်းသီတာ ဆိပ်ကမ်းမှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါ နတ်မင်း မီးသတ် ရေယာဉ်ဟာ ၁၉၆၁ ခုနှစ်က ဂျာမနီ နိုင်ငံမှာ တည်ဆောက် ခဲ့တာ ဖြစ်ပြိး ၁၉၉၃ ခုနှစ်မှာ စက်ပစ္စည်းသစ်များ အစားထိုးကာ အကြီးစား ပြုပြင်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဆောင်ရွက်မှုတွေ အပြင် ၂၀၀၈ ခုနှစ်၊ မေလက ဖြစ်ပွားခဲ့တဲ့ နာဂစ် မုန်တိုင်း ဒဏ်ကြောင့် ရန်ကုန်မြစ် အတွင်း နစ်မြှုပ်ခဲ့ရာ မှာတော့ ဆယ်ယူမှု ဆောင်ရွက်နိုင် ခဲ့ပေမယ့် ပြန်လည် အသုံးပြုနိုင်မှု မရှိနိုင်တော့တဲ့ အတွက် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းက အကြီးစား ပြုပြင် တည်ဆောက်ခြင်းကို ပြန်လည် ဆောင်ရွက်ခဲ့ တယ်လို့ သိရပါတယ်။ အဲ့ဒီ နတ်မင်း မီးသတ် ရေယာဉ်ကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းမှာ ပြန်လည် ပြုပြင် တည်ဆောက်မှု ဆောင်ရွက်ပြီးခဲ့တဲ့ အတွက် ပြန်လည် အသုံးပြု နိုင်ရန် ရေချမှု ဆောင်ရွက် ခဲ့တာဖြစ် ပါတယ်။

ဒီလို အကြီးစား ပြန်လည် ပြုပြင် တည်ဆောက်မှု တန်ဖိုးဟာ အမေရိကန် ဒေါ်လာ အားဖြင့် ၁.၁၅ သန်း ကုန်ကျ ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ နတ်မင်း ရေယာဉ်ရဲ့ အမြန်နှုန်းဟာ ၁ နာရီကို ၁၂ မိုင်နှုန်းဖြစ်ပြီး မီးငြှိမ်းသတ်မှု ဆောင်ရွက်ရာမှာ ဟိုက်ဒြောလစ် စနစ်နဲ့ အရှိန်မြှင့်တင် နိုင်တဲ့ Fire Monitor ၁ ခုနဲ့ Manual Type Fire Monitor ၂ ခု တပ်ဆင်ထား ပါတယ်။ ဒါ့အပြင် ရေယာဉ်ကို မီးငြှိမ်းသတ်မှု လုပ်ငန်းများ အပြင် တွန်းရေယာဉ် အနေနဲ့ အသုံးပြုနိုင်တဲ့ အတွက်  ရန်ကုန်ဆိပ်ကမ်း အတွင်း ၀င်ထွက် နေတဲ့ သင်္ဘောကြီးများ အတွက် ဆိပ်ကမ်း ၀န်ဆောင်မှု ပေးရာ မှာလည်း များစွာ အထောက်အကူ ပြုနိုင်တာပဲ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
 www.MyanmarExpress.net
 

2 comments:

နည်းနည်းလောက် ပြောပြချင်ပါတယ်။

အခု လွှဲပြောင်းပေးလိုက်တဲ့ ရေယာဉ်ဟာ ၁၉၆၁ က ဆောက်ထားတာကို အကြီးစားပြင်ဆင်ပြီး ပြန်သုံးတယ်ဆိုတာ လုံးဝ မဟုတ်ရပါဘူး။ အဖြစ်မှန်ကို ပြောပြပါ့မယ်။

နတ်မင်းရေယာဉ်ဟာ နာဂစ်မုန်တိုင်းတိုက်တော့ ရန်ကုန်မြစ်ထဲမှာ နစ်သွားပါတယ်။ ပြန်ဆယ်လိုက်တော့ ပြင်လို့ရတဲ့ အခြေအနေ လုံးဝ မရှိတော့ပါဘူး။ ဒါပေမယ့် ဗျူရိုကရေစီ ကြိုးနီစံနစ်ဟာ အင်မတန်ရှုပ်တဲ့အတွက် ဘယ်လိုမှ ပြင်လို့မရတော့တဲ့ နတ်မင်းအဟောင်းကို ဖျက်သိမ်း(Decommission)၊ အသစ်တစ်စီး ဆောက်ဖို့ ခွင့်ပြုချက်တင်၊ ရရင် ပြန်ဆောက်ဖို့ ဆိုတာဟာ အင်မတန် ခက်ခဲလှပါတယ်။

အဲဒါကြောင့်မို့လို့ မြန်မာပြည်မှာ လုပ်နေကျအတိုင်း လိမ်ရပါတော့တယ်။ နတ်မင်းရေယာဉ်ကို အကြီးစားပြင်ဆင်ခွင့် ပြုပါဆိုမှ ခွင့်ပြုချက်ကျပြီး အသစ်စက်စက်တစ်စီး ပြန်ဆောက်တာပါ။ သုံးထားတဲ့ ဒီဇိုင်း၊ သံပြား၊ အင်ဂျင် အားလုံးကို တရုတ်က ဝယ်ပြီး သိမ်ဖြူသင်္ဘောကျင်းထဲမှာ ပြန်ဆောက်ပါတယ်။ ရေယာဉ်အသစ်မှာ အဟောင်းက ပစ္စည်းဆိုလို့ နာမည်တစ်ခုပဲ ပါပါတယ်ခင်ဗျာ။ မှန်တာပြောရင် သိန်း ၁၅၀၀ ထီ ပေါက်ရပါစေရဲ့။ :)

အခုလို ပြောရတာဟာ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေလိုခြင်း မရှိပါဘူး။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အတွက်လည်း နတ်မင်းလိုရေယာဉ်မျိုး တစ်စီးမက လိုအပ်တာပါ။ အခုကျတော့ ဒီတစ်စီးလေးကိုတောင် လိမ်ပြောမှ ပြန်ရတာပါ။ ဒီလိုမရှိမဖြစ် တကယ်တမ်းလိုအပ်တဲ့ ကိစ္စတွေမှာတောင် မလိမ်လို့ မဖြစ်တဲ့ စံနစ်ဆိုးကြီးကို ဘယ်လိုပြောင်းကြမလဲ ဆိုတာမှာ ထည့်သွင်းစဉ်းစားနိုင်စေဖို့ သိသမျှလေး တင်ပြလိုက်ရကြောင်းပါခင်ဗျား။

P.S. နတ်မင်းရေယာဉ်အဟောင်းကို မြောက်လတ္တီကျု ၁၆ ဒီဂရီ ၄၆.၀၀၁ မိနစ် (16° 46.001'N) နဲ့ အရှေ့လောင်ဂျီကျု ၉၆ ဒီဂရီ ၁၀.၁၂၉ မိနစ် (96° 10.129'E) မှာ ကမ်းနဖူးပေါ် ထိုးတင်ထားတာကို Google Earth မှာ မြင်နိုင်ပါတယ်။

. . .

ခင်ဗျားပြောတာမှန်ပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်