From : ခေတ်လူငယ်
တောင်သူလယ်သမားများ ငွေကြေး အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် အတွက် မြန်မာနိုင်ငံတွင် ပထမဦးဆုံး အနေဖြင့် တောင်သူ လယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ကို လာမည့် ၂၀၁၃ ခုနှစ်တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဘဏ်ဖွင့်လှစ်နိုင်ရေး အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး မှုများကို ပြုလုပ် သွားမည်ဖြစ်ကြောင်း တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက ပြောကြားသည်။ “ပြီးခဲ့တဲ့လက ကျွန်တော့်ကို ဂျပန်နိုင်ငံလုံး ဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံးက ဖိတ်တဲ့အတွက် ဂျပန်နိုင်ငံကို သွားရောက် ခဲ့ပါတယ်။ အဲဒီမှာ တောင်သူလယ်သမား အစည်းအရုံးဥက္ကဋ္ဌ မစ္စတာရာမကာတိုရှိအို့နဲ့ မြန်မာနိုင်ငံရဲ့ လယ်သမားကိစ္စတွေကို တွေ့ဆုံ ရှင်းလင်းခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ မရှိသေးတဲ့ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘဏ်တစ်ခုဖွင့်လှစ်နိုင်ဖို့ သူတို့က အများကြီး ကူညီနိုင်လိမ့်မယ်လို့လည်း ကျွန်တော့်ကို ပြောခဲ့ပါတယ်။ ဒါကြောင့်မို့လို့ တောင်သူလယ်သမား အရေးကို စိတ်ဝင်စားတဲ့သူတွေနဲ့ ဘဏ်ဖွင့်ဖို့စီစဉ်နေတာ ဖြစ်ပါတယ်” ဟု ယင်းကဆိုသည်။ ၎င်းဘဏ် ဖွင့်လှစ်နိုင်ရေးအတွက် မတည်ငွေ မည်မျှ လိုအပ်သည်ကို အတိအကျ မသိရသေးသော်လည်း မိမိတို့တွင် အမေရိကန်ဒေါ်လာ ၅ သန်းကျော် လက်ဝယ်ရှိထားပြီ ဖြစ်ကြောင်း ဘဏ်ကို ပုဇွန်တောင်မြို့နယ်အတွင်း ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း သိရသည်။ ယင်းဘဏ်မှ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ တောင်သူ လယ်သမား များအား ငွေချေးပေးခြင်း၊ သီးနှံဝယ်ယူပေးခြင်း စသည်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
www.MyanmarExpress.net

+(4).jpg)

3 comments:
အ ညာ သူ ရွှေ ကြိုက် တယ် မှန် ပါ လား ။
ပုံတွေကို
အဲလိုမပြသင့်ပါဘူး
စိတ်ဓာတ်ကညံ့ဖျင်း လွန်းပါတယ်
ဘယ်လိုပဲဖော်ပြနေပါစေ ငါတို့အားကိုးထိုက်တဲ့ အမေပါပဲ။
မင်းတို့ပထွေးတွေကြပြောလေ။
သား က အ မေ စု ကို ယူ ပြီး ကိုယ် ဝန် ဆောင် ချင် တယ် နဲ့ တူ တယ် ဒီ မို က ရေ စီ စ တိုင်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်